အဆီကြောင့် ဝနေတဲ့သူတွေအတွက် ခဏလေးအတွင်း အဆီကျသွားစေတဲ့ ကြက်သွန်နီသုပ်၏အကျိုးကျေးဇူးများ
အဆီကြောင့် ဝနေတဲ့သူတွေအတွက် ခဏလေးအတွင်း အဆီကျသွားစေတဲ့ ကြက်သွန်နီသုပ်
ကျွန်တော်တို့တွေဟာ ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီးတော့ စားသုံးနေ ကြပါတယ်။
ချက်ပုံနဲ့ စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း တစ်မျိုးစီ ကွဲပြားကြပါတယ်။
ယခုတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားလို့ရတဲ့ ဝိတ်ချနည်းတစ်ခုပဲ ဖြစ်ပါတယ်။
ထိုနည်းလမ်းက ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။
ပြုလုပ်ပုံနည်းလမ်း
အရင်ဦးဆုံး ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲသို့ ထည့်ပါ။ ထို့နောက် သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။
အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ လျင်မြန်စွာ ပြောင်း လဲသွားစေပါတယ်။
ဒီအထဲကို သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါတယ်။
တကယ်လို့ သင်က အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ်ပါ ထပ်ပြီးတော့ လှီးထည့်နိုင်ပါတယ်။
ပြီးရင် ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် လူကို သွေးတိုးစေပါတယ်။
ဒါအပြင် ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်ပေးနိုင်ပါတယ်။
၎င်းတို့ကို နယ်ပြီးလျှင်တော့ ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။
ဒီအတိုင်း မစားချင်လျှင်လည်း ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါတယ်။
ပါးစပ်မနံအောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက်သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။
ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ဝါးစားပါ။
တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားပါလိမ့်မယ်။
ပြီးရင် အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ် ပြောင်းအောင် ကျင်းပေးပါ။ ပြီးရင် နွားနို့တစ်ငုံဖြင့် ပလုပ် ထပ်ကျင်းပေးပါ။
အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော
အဆီများကို ထင်ထင်ရှားရှား သိသိသာသာ လျှော့ချပေးပြီး သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာအလှကို အမြဲတမ်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Zawgyi
အဆီေၾကာင့္ ဝေနတဲ့သူေတြအတြက္ ခဏေလးအတြင္း အဆီက်သြားေစတဲ့ ၾကက္သြန္နီသုပ္
ကြၽန္ေတာ္တို႔ေတြဟာ ၾကက္သြန္နီကို ဟင္းခ်က္နည္းမ်ိဳးစုံအတြက္ အသုံးျပဳၿပီးေတာ့ စားသုံးေန ၾကပါတယ္။
ခ်က္ပုံနဲ႔ စားပုံမ်ား မတူညီၾကသလို သူ႕ရဲ႕အက်ိဳးေပးအာနိသင္ကလည္း တစ္မ်ိဳးစီ ကြဲျပားၾကပါတယ္။
ယခုတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆးအျဖစ္ အစိမ္းသုပ္စားလို႔ရတဲ့ ဝိတ္ခ်နည္းတစ္ခုပဲ ျဖစ္ပါတယ္။
ထိုနည္းလမ္းက ဘယ္လိုလုပ္ရမလဲဆိုတာကို ကြၽန္ေတာ္တို႔ေတြ အခုပဲ ၾကည့္လိုက္ရေအာင္။
ျပဳလုပ္ပုံနည္းလမ္း
အရင္ဦးဆုံး ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲသို႔ ထည့္ပါ။ ထို႔ေနာက္ သံပုရာသီး တစ္လုံး ညႇစ္ထည့္ပါ။
အနံ႔ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညႇစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို႔ လ်င္ျမန္စြာ ေျပာင္း လဲသြားေစပါတယ္။
ဒီအထဲကို သခြါးသီး ထည့္လိုပါက (အနည္းငယ္မွ်) ပါးပါးလွီး၍ ထည့္ႏိုင္ပါတယ္။
တကယ္လို႔ သင္က အစပ္ႀကိဳက္ပါက င႐ုတ္သီးစိမ္း အနည္းငယ္ပါ ထပ္ၿပီးေတာ့ လွီးထည့္ႏိုင္ပါတယ္။
ၿပီးရင္ ဆားအနည္းငယ္မွ် ထည့္ေပးပါ။ ဆားမပါလွ်င္ အရသာေပါ့မည္။ ဆားမ်ားလြန္းရင္လည္း အငံေၾကာင့္ လူကို ေသြးတိုးေစပါတယ္။
ဒါအျပင္ ၾကက္သြန္မိတ္ (သို႔မဟုတ္) ကုလားနံနံပင္တို႔ကိုလည္း အနံ႔ႀကိဳက္တတ္လွ်င္ အနည္းငယ္မွ် ထည့္ေပးႏိုင္ပါတယ္။
၎တို႔ကို နယ္ၿပီးလွ်င္ေတာ့ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို႔ရပါၿပီ။
ဒီအတိုင္း မစားခ်င္လွ်င္လည္း ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသုံးေပးႏိုင္ပါတယ္။
ပါးစပ္မနံေအာင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို အစိမ္းစားၿပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္သဘာဝနည္းလမ္းေကာင္းေလးတစ္လက္ကို ၫြန္ေပးလိုက္ပါမယ္။
ၾကက္သြန္အနံ႔ကိုႏိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴ တို႔ကို စားၿပီးလွ်င္ ေျမပဲဆန္ ၃ ၊ ၄ စိကိုသာ ဝါးစားပါ။
တစ္မိနစ္အတြင္း အနံ႔မ်ားကို ေျမပဲက စုတ္ယူသြားပါလိမ့္မယ္။
ၿပီးရင္ အဖန္ရည္ (လက္ဖက္ရည္ၾကမ္း) ျဖင့္ ပလုတ္ ေျပာင္းေအာင္ က်င္းေပးပါ။ ၿပီးရင္ ႏြားႏို႔တစ္ငုံျဖင့္ ပလုပ္ ထပ္က်င္းေပးပါ။
အရသာ႐ွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသုံးျခင္းျဖင့္ ခႏၶာကိုယ္တြင္ ပိုလွ်ံေနေသာ
အဆီမ်ားကို ထင္ထင္႐ွား႐ွား သိသိသာသာ ေလွ်ာ့ခ်ေပးၿပီး သြယ္လ်က်စ္လစ္တဲ့ ကိုယ္ခႏၶာအလွကို အၿမဲတမ္း ပိုင္ဆိုင္ႏိုင္မွာပဲ ျဖစ္ပါတယ္။