က်မၼာေရး ဗဟုသုတ

အသားရေ စိုပြေပြီး ဝက်ခြံကင်းစေဖို့ နည်းလမ်းကောင်း

အသားရေ စိုပြေပြီး ဝက်ခြံကင်းစေဖို့ နည်းလမ်းကောင်း

ကျွန်မတို့လို အသက် ၄၀ နားနီးတဲ့ အိမ်ထောင်ရှင်မတွေသာမက အရွယ်ရောက်ပီးတဲ့ ပျိုမေတို့အားလုံး ခုချိန်ကစပြီး Skin care သေချာလေး လုပ်သင့်ပါတယ် …။

အသားဖြူတာ ညိုတာထက် အသားအရေ ကောင်းပြီး စိုပြေလှပဖို့က အရေးကြီးပါတယ်။ ကျွန်မဆို အသားညိုတဲ့ ထဲမှာပါတယ် ။ နောက်ပိုင်း ရေများများသောက် အသီးအရွက် များများစားတော့ အသားအရေ သိသိသာသာ စိုပြေလာတယ် …။Skin care အတွက် Branded တွေကို မသုံးရလို့လဲ ကိစ္စမရှိပါဘူး။ ကျွန်မတို့ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ အဖိုးနည်းပြီး အစွမ်းထက်တဲ့ သဘာဝပစ္စည်း တွေရှိပါတယ်နော် …။မသိသူကျော်သွား သိသူဖော်စားလည်း မဟုတ်ပါဘူး။ အားလုံးသိကြပါတယ်။ မလုပ်ဖြစ်ကြတာပါ။ ဒီတော့ကား ဟင်းမချက်ခင် မျက်နှာလေးအတွက် ၁၀ မိနစ်လောက် အချိန်ပေးလိုက်ရုံပါပဲ …။

လှတစ်မျက်နှာလေး ဖြစ်ဖို့ အရေးဒီနေ့ကတော့ အာလူး + ကြက်ဥ စကင်ကဲ နေ့ပါ …။

အာလူးမှာပါတဲ့ အာနိသင်တွေက ဝက်ခြံတွေကိုလည်း ပျောက်စေတယ် …။အသားအရည်အတွက်လည်း အကောင်းဆုံး အာပာာရဓါတ်တွေ ဖြည့်တင်းပေးနိုင်ပါတယ် …။

Whitening အတွက်ကတော့ အကောင်းဆုံးမို့ အသားဖြူချင်တဲ့ သူတွေ၊ Skin Glow ဖြစ်ချင်တဲ့ သူတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကို ဝေမျှပေးလိုက်တယ် …။ကြက်ဥလေးကတော့ အသားအရေကို တင်းရင်းချောမွေ့စေတယ်။ အဆီဖုနဲ့ ဆားဝက်ခြံတွေကို သက်သာစေနိုင်တယ် …။

ပိုက်ဆံ ၂၀၀ လောက်ပဲ ကုန်ပေမယ့် Result ကတော့ အံ့မခမ်း ခံစမ်းရစေမှာပါ …။အာလူး ၊ ကြက်ဥ ၊ mask အတွက် wet tissue လေး လိုပါတယ် …။အာလူးကို ကြိတ်ပြီး အရည် နဲ့ ကြက်ဥ အကာ ခေါက်ထားလေးကို ရောမွှေလိုက်ပါတယ် …။

သမအောင် ခေါက်လိုက်ပါတယ် …။ (ကြက်ဥ ပါတော့ ခေါက်လိုက်တယ်)

Wet tissue လေးကို မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် နေရာအတွက် ကပ်ကြေးနဲ့ ညှပ်ပါ …။အရည်တွင် နှစ်ပြီး အနည်းငယ် ညှစ်ပါ။ ပြီးရင် နေရာ တကျ ကပ်ပေးလိုက်ပါနော် …။ပျိုမေတို့ အာလုံး အသားရေ စိုပြေပြီး ဝက်ခြံကင်းသော မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါစေ …။ ။

Credit – မူရင်းတင်သူ

အသားေရ စိုေျပၿပီး ဝက္ၿခံကင္းေစဖို႔ နည္းလမ္းေကာင္း

ကၽြန္မတို႔လို အသက္ ၄၀ နားနီးတဲ့ အိမ္ေထာင္ရွင္မေတြသာမက အရြယ္ေရာက္ပီးတဲ့ ပ်ိဳေမတို႔အားလုံး ခုခ်ိန္ကစၿပီး Skin care ေသခ်ာေလး လုပ္သင့္ပါတယ္ …။

အသားျဖဴတာ ညိဳတာထက္ အသားအေရ ေကာင္းၿပီး စိုေျပလွပဖို႔က အေရးႀကီးပါတယ္။ ကၽြန္မဆို အသားညိဳတဲ့ ထဲမွာပါတယ္ ။ ေနာက္ပိုင္း ေရမ်ားမ်ားေသာက္ အသီးအရြက္ မ်ားမ်ားစားေတာ့ အသားအေရ သိသိသာသာ စိုေျပလာတယ္ …။Skin care အတြက္ Branded ေတြကို မသုံးရလို႔လဲ ကိစၥမရွိပါဘူး။ ကၽြန္မတို႔ အိမ္ရွင္မေတြရဲ့ မီးဖိုေခ်ာင္မွာ အဖိုးနည္းၿပီး အစြမ္းထက္တဲ့ သဘာဝပစၥည္း ေတြရွိပါတယ္ေနာ္ …။မသိသူေက်ာ္သြား သိသူေဖာ္စားလည္း မဟုတ္ပါဘူး။ အားလုံးသိၾကပါတယ္။ မလုပ္ျဖစ္ၾကတာပါ။ ဒီေတာ့ကား ဟင္းမခ်က္ခင္ မ်က္ႏွာေလးအတြက္ ၁၀ မိနစ္ေလာက္ အခ်ိန္ေပးလိုက္႐ုံပါပဲ …။

လွတစ္မ်က္ႏွာေလး ျဖစ္ဖို႔ အေရးဒီေန႔ကေတာ့ အာလူး + ၾကက္ဥ စကင္ကဲ ေန႔ပါ …။

အာလူးမွာပါတဲ့ အာနိသင္ေတြက ဝက္ၿခံေတြကိုလည္း ေပ်ာက္ေစတယ္ …။အသားအရည္အတြက္လည္း အေကာင္းဆုံး အာပာာရဓါတ္ေတြ ျဖည့္တင္းေပးနိုင္ပါတယ္ …။

Whitening အတြက္ကေတာ့ အေကာင္းဆုံးမို႔ အသားျဖဴခ်င္တဲ့ သူေတြ၊ Skin Glow ျဖစ္ခ်င္တဲ့ သူေတြအတြက္ အေကာင္းဆုံးနဲ႔ အထိေရာက္ဆုံး နည္းလမ္းကို ေဝမၽွေပးလိုက္တယ္ …။ၾကက္ဥေလးကေတာ့ အသားအေရကို တင္းရင္းေခ်ာေမြ႕ေစတယ္။ အဆီဖုနဲ႔ ဆားဝက္ၿခံေတြကို သက္သာေစနိုင္တယ္ …။

ပိုက္ဆံ ၂၀၀ ေလာက္ပဲ ကုန္ေပမယ့္ Result ကေတာ့ အံ့မခမ္း ခံစမ္းရေစမွာပါ …။အာလူး ၊ ၾကက္ဥ ၊ mask အတြက္ wet tissue ေလး လိုပါတယ္ …။အာလူးကို ႀကိတ္ၿပီး အရည္ နဲ႔ ၾကက္ဥ အကာ ေခါက္ထားေလးကို ေရာေမႊလိုက္ပါတယ္ …။

သမေအာင္ ေခါက္လိုက္ပါတယ္ …။ (ၾကက္ဥ ပါေတာ့ ေခါက္လိုက္တယ္)

Wet tissue ေလးကို မ်က္လုံး ၊ ႏွာေခါင္း ၊ ပါးစပ္ ေနရာအတြက္ ကပ္ေၾကးနဲ႔ ညႇပ္ပါ …။အရည္တြင္ ႏွစ္ၿပီး အနည္းငယ္ ညႇစ္ပါ။ ၿပီးရင္ ေနရာ တက် ကပ္ေပးလိုက္ပါေနာ္ …။ပ်ိဳေမတို႔ အာလုံး အသားေရ စိုေျပၿပီး ဝက္ၿခံကင္းေသာ မ်က္ႏွာေလးကို ပိုင္ဆိုင္နိုင္ပါေစ …။ ။

Credit – မူရင္းတင္သူ