ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေ ပေါများလာတာကြောင့် လေကောင်းလေသန့်ရဖို့က ခက်လာပါပြီ။ အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။
၁။ ကျောနဲ့ ပုခုံးနာကျင်လာခြင်း
ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက တွေ့ရခဲတဲ့ လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေ ပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။ နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလို နာကျင်နေတယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။
၂။ ချောင်းဆိုးခြင်း
အဆုတ်ကျန်းမာရေးမကောင်းရင် ချောင်ူဆိုးလာပါတော့တယ်။ အဲဒီလိုချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့ ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းက နာတာရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်း မပေါ့ဆသင့်ပါဘူး။ ချောင်းဆိုးတဲ့အခါ သွေးပါလာပြီ ဆိုရင်တော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
၃။ အသက်ရှူမဝခြင်း
နှလုံးအားနည်းတဲ့အခါ၊ အဆုတ်မကောင်းတဲ့အခါ အသက်ရှူမဝဖြစ်တတ်ပါတယ်။ အသက်ရှူမဝဘူးလို့ ခံစားရရင် လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ခဏတာ ခရီးထွက်သင့်ပါတယ်။ မကြာခဏ မောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
၄။ မျက်လုံးနဲ့ အသားအရေ ဝါလာခြင်း
အဆုတ်ကျန်းမာရေးချို့တဲ့လာတဲ့အခါ မျက်လုံးနဲ့ အသားအရေ ဝါလာတတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့် အသည်းမှာ ပြဿနာရှိနေကြောင်း ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ အသားဝါရောဂါကြောင့်လည်း အသားဝါလာတာဖြစ်နိုင်ပါသေးတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ မျက်လုံးက အဝါရင့်ရောင်ကို ပြောင်းသွားတတ်ပါတယ်။
၅။ အားကုန်လာခြင်း
အိပ်ရေးမဝခြင်းက စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်စေပါတယ်။ ဒါပေမယ့် မကြာခဏ အားကုန်တာ၊ မကြာခဏ အသက်ရှူမဝတာ၊ အစားစားချင်စိတ် မရှိတာမျိုးတွေ ကြုံလာရင်တော့ ဆေးကုသမှု ခံယူသင့်ပါပြီ။
အဆုတ်ကျန်းမာရေးအတွက်
အဆုတ်ကျန်းမာရေးအတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့ စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းက အဆုတ်ကို ကူညီရာရောက်ပါတယ်။
အဆုတ်ကြောင့် နာတာရှည်ဝေဒနာခံစားရပြီဆိုရင် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။ အဆုတ်အတွက် မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။
ပန်းနာရောဂါ မရှိရင်တောင် ပတ်ဝန်းကျင်ရဲ့ ဖုန်မှုန့်နဲ့ ရောဂါပိုးတွေက သွေးကြောထဲရောက်သွားတဲ့အခါ အဆုတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
အဲဒါကြောင့် သန့်ရှင်းတဲ့လေထုရှိတဲ့နေရာကို ရွေးချယ်ပြီး နေထိုင်သင့်ပါတယ်။
Zombie(LoveMedia)
Zawgyi,
ယေန႔ေခတ္မွာ လူဦးေရထူထပ္ၿပီး ယာဥ္ေတြ ေပါမ်ားလာတာေၾကာင့္ ေလေကာင္းေလသန႔္ရဖို႔က ခက္လာပါၿပီ။ အဲဒါေၾကာင့္ အဆုတ္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ လိုအပ္လာပါၿပီ။ အဆုတ္က ေနမေကာင္းရင္ ခႏၶါကိုယ္မွာ လကၡဏာေတြ ျပလာတတ္ပါတယ္။
၁။ ေက်ာနဲ႔ ပုခုံးနာက်င္လာျခင္း
ရင္ဘတ္ေအာင့္တာက အဆုတ္ကင္ဆာရဲ႕ ေရွးဦးလကၡဏာျဖစ္တာေတာင္ ေက်ာနဲ႔ပုခုံးနာက်င္လာျခင္းက ေတြ႕ရခဲတဲ့ လကၡဏာပါပဲ။ ေက်ာနဲ႔ပုခုံးနာက်င္တဲ့လကၡဏာေတြ ျပလာရင္ အဆုတ္ကို ကုသလို႔ရပါေသးတယ္။ နာက်င္မႈက ျပင္းထန္လာၿပီး ေက်ာက အၿမဲလိုလို နာက်င္ေနတယ္ဆိုရင္ ဆရာဝန္နဲ႔ ျမန္ျမန္ျပသသင့္ပါတယ္။
၂။ ေခ်ာင္းဆိုးျခင္း
အဆုတ္က်န္းမာေရးမေကာင္းရင္ ေခ်ာင္ူဆိုးလာပါေတာ့တယ္။ အဲဒီလိုေခ်ာင္းဆိုးတာက အေအးမိလို႔ ေခ်ာင္းဆိုးတာနဲ႔ ဆင္ဆင္တူပါတယ္။ ဒါေပမယ့္ ေခ်ာင္းဆိုးျခင္းက နာတာရွည္ေရာဂါတစ္ခုရဲ႕ လကၡဏာလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေခ်ာင္းဆိုးလာၿပီဆိုရင္လည္း မေပါ့ဆသင့္ပါဘူး။ ေခ်ာင္းဆိုးတဲ့အခါ ေသြးပါလာၿပီ ဆိုရင္ေတာ့ အဆုတ္ကင္ဆာရဲ႕ လကၡဏာျဖစ္ႏိုင္ပါတယ္။
၃။ အသက္ရႉမဝျခင္း
ႏွလုံးအားနည္းတဲ့အခါ၊ အဆုတ္မေကာင္းတဲ့အခါ အသက္ရႉမဝျဖစ္တတ္ပါတယ္။ အသက္ရႉမဝဘူးလို႔ ခံစားရရင္ ေလေကာင္းေလသန႔္ရတဲ့ ေက်းလက္ေဒသကို ခဏတာ ခရီးထြက္သင့္ပါတယ္။ မၾကာခဏ ေမာေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ေနပါၿပီ။
၄။ မ်က္လုံးနဲ႔ အသားအေရ ဝါလာျခင္း
အဆုတ္က်န္းမာေရးခ်ိဳ႕တဲ့လာတဲ့အခါ မ်က္လုံးနဲ႔ အသားအေရ ဝါလာတတ္ပါတယ္။ အဆုတ္ကင္ဆာေၾကာင့္ အသည္းမွာ ျပႆနာရွိေနေၾကာင္း ေဖာ္ျပတဲ့ လကၡဏာျဖစ္ပါတယ္။ အသားဝါေရာဂါေၾကာင့္လည္း အသားဝါလာတာျဖစ္ႏိုင္ပါေသးတယ္။ ေရာဂါရင့္လာတဲ့ အခါမွာေတာ့ မ်က္လုံးက အဝါရင့္ေရာင္ကို ေျပာင္းသြားတတ္ပါတယ္။
၅။ အားကုန္လာျခင္း
အိပ္ေရးမဝျခင္းက စိတ္ပင္ပန္း၊ ကိုယ္ပင္ပန္းျဖစ္ေစပါတယ္။ ဒါေပမယ့္ မၾကာခဏ အားကုန္တာ၊ မၾကာခဏ အသက္ရႉမဝတာ၊ အစားစားခ်င္စိတ္ မရွိတာမ်ိဳးေတြ ႀကဳံလာရင္ေတာ့ ေဆးကုသမႈ ခံယူသင့္ပါၿပီ။
အဆုတ္က်န္းမာေရးအတြက္
အဆုတ္က်န္းမာေရးအတြက္ ေပါ့ေပါ့ဆဆ မေနသင့္ပါဘူး။ ေဆးလိပ္ျဖတ္လိုက္ျခင္းနဲ႔ စားေသာက္မႈပုံစံကို ေျပာင္းလဲလိုက္ျခင္းက အဆုတ္ကို ကူညီရာေရာက္ပါတယ္။
အဆုတ္ေၾကာင့္ နာတာရွည္ေဝဒနာခံစားရၿပီဆိုရင္ အင္တီေအာက္ဆီးဒင့္ ႂကြယ္ဝတဲ့အစားအစာေတြကို ေ႐ြးခ်ယ္ၿပီး စားသုံးသင့္ပါတယ္။ အဆုတ္အတြက္ မျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ လုပ္လို႔ရပါတယ္။
ပန္းနာေရာဂါ မရွိရင္ေတာင္ ပတ္ဝန္းက်င္ရဲ႕ ဖုန္မႈန႔္နဲ႔ ေရာဂါပိုးေတြက ေသြးေၾကာထဲေရာက္သြားတဲ့အခါ အဆုတ္က်န္းမာေရးကို ထိခိုက္လာႏိုင္ပါတယ္။
အဲဒါေၾကာင့္ သန႔္ရွင္းတဲ့ေလထုရွိတဲ့ေနရာကို ေ႐ြးခ်ယ္ၿပီး ေနထိုင္သင့္ပါတယ္။
Zombie(LoveMedia)