အသည်းရောင်အသားဝါပျောက်ကင်းသက်သာစေမည့် မြန်မာဆေးနည်းကောင်းများ
အသည်းရောင်တာ နှစ်မျိုးရှိပါတယ် ၊ ရိုးရာတိုင်းရင်းဆေးပညာရှုထောင့်က သုံးသပ်တဲ့အခါ
၁ – ရုတ်တရက်ဖြစ်လာတဲ့ရောဂါ ၊ ၂ – နာတာရှည် တငွေ့ငွေ့ တအိအိ နဲ့ ဖြစ်လာတဲ့ရောဂါတို့ပဲပေါ့ ။
ရုတ်တရက် ဖြစ်လာတဲ့ အသည်းရောဂါ သူက အစာမချေ ၊ အစာမကြေရာက စပြီး ဖြစ်ပါတယ် ။
အထူးသဖြင့် အသက် ( ၅ ) နှစ် ကနေ( ၁၄ ) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များပါတယ် ။
ဖြစ်ချိန်မှာတော့ တော်တော်အခံရခက်ပါတယ် ၊ ပြင်းထန်တယ် ၊ မှန်မှန်ကန်ကန်ကုလိုက်ရင် ၁ – လွယ်လင့်တကူ ပျောက်ကင်းသွားမယ်။
၂– ကျေနပ်စရာ ကောင်းတာက အသည်းနဲ့ပတ်သက်ပြီး သူ့မှာ ခံနိုင်ရည်စွမ်းရည် ရင့်ကျက် မြင့်တက်လာတော့
နောက်တစ်ကြိမ်ဖြစ်ဖို့ တော်တော်လေးခဲယဉ်းသွားပါတယ် ။ ဒါက စံနစ်တကျ ကုသတတ်ဖို့ အရေးကြီးပါတယ် ။
နာတာရှည် အ သည်းရောဂါ – နာတာရှည် အသည်းရောဂါ က တော်တော် သတိထားပြီး ကုရမှာဖြစ်ပါတယ်။
များသောအားဖြင့် အသက် ၃၀ နဲ့ ၄၀ ကျော် ဝန်းကျင်မှာ ပိုပြီး အဖြစ်များပါတယ် ။
နာတာရှည် အသည်းရောဂါ ဘာ့ကြောင့်ဖြစ် – အကြောင်းခံ အချက် အများချည်းထဲက ( ၇ ) ချက် လောက်ကိုပဲ အသိပေး ပြောချင်ပါတယ်။
အသည်းရောဂါကို တတ်ကျွမ်းသူနဲ့ စံနစ်တကျ မကုဘူးဆိုရင် အသည်းဟာ ကျစ်သွားမယ် ၊ ကျုံ့ သွားမယ် ၊ ချူံ့သွားမယ် ၊ ခြောက်သွားတာမျိုးထိ ဖြစ်တတ်ပါတယ်
ရိုးရာ မြန်မာ့ဆေးပညာမှာတော့ ဖျဉ်းဆိုတာဖြစ်ပြီး အသည်းကင်ဆာထိ ဖြစ်နှိုင်ပါတယ် ။
ဖြစ်စေတဲ့ အကြောင်းတွေကတော့ – ၁ – အရက်အလွန်အကျွံ သောက်ခြင်း ၊( နှစ်ရှည်လများ သောက်တတ်တဲ့ သူတွေမှာ ဖြစ်တတ်ပါတယ် ။)
၂ – အသည်းမှာ အဆီ နဲ့ အဆီဖုံးနေသူများ ( နေ့စဉ် အကြွပ် ၊ အပွ ၊ အရွကြော် စားသူတွေ မှာလည်း ဖြစ်တတ်ပါတယ် ။)
၃ – မသန့်ရှင်းတဲ့ အစာ အာဟာရ ၊ မှိုတက်တဲ့ အစာ ၊ မှိုတက်ဆေးဝါး တွေ စားသုံးသူတွေ မှာ အဖြစ်များပါတယ် ။
၄ – အသည်းရောင်ပိုး တွေဟာ သွေး – သွေး ချင်း ကူးနိုင်ပါတယ် ။
၅ – ချွေး ၊တံတွေး ၊ သုက် သွေး ၊ ဒါတင်မက တစ်ကိုယ်ရေ သန့်စင်ပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိပ် ဓား ၊ ဆံပင်ရိတ်ဓား ၊ လက်သည်းညှပ် ၊ သောက်ရေခွက် စတဲ့ပစ္စည်းတွေကလည်း ကူးတတ်ပါတယ် ။
၆ – မူးယစ်ထုံထိုင်းဆေးဝါး သုံးစွဲရာကလည်း ကူးစက်တတ်ပါတယ် ။
၇ – တာရှည်ဝမ်းကိုက်ခြင်း ၊ ဝမ်း ပျက် ခြင်းကို အချိန်မီ မထိန်းသိမ်းတတ်ရင် အသည်းကရောင်ပြီး ပိုးမျိုးစုံနဲ့ ဒုက္ခပေးတတ်ပါတယ် ။
အသည်းရောင် အသားဝါ လက္ခဏာ –
၁ – လူက နုံးခွေတတ်တယ် ၊ အားနည်းလာပြီး လုပ်ချင် ကိုင်ချင်စိတ်မရှိ ဖြစ်မယ် ၊ မောပန်းလာမယ် ။
၂ – ကိုယ်အလေးချိန်ကျမယ် ။
၃ – အသက်ရှု မဝဘူး ။
၄ – အရေပြားတွေ ယားယံမယ် ။
၅ – ရင်ပြည့် ရင်ကယ်ဖြစ်မယ် ။ ( အစာ နည်းနည်း စားလိုက်ရုံနဲ့ ရင်ဘတ်ကော့ပြီး အနေကျဉ်းကြပ် တတ်ပါတယ် ။)
၆ – ညာဘက်နံရိုးအောက်မှာ မာပြီး တောင့်နေတာ ရှိတတ်တယ် ။
၇ – ရေ သောက်လိုစိတ်နည်းပြီး သောက်ရင်လည်း အန်လိုစိတ်ပေါ်တတ်တယ် ။
ဒီလိုရောဂါလက္ခဏာတွေ ဖြစ်လာရင် အသည်းရောင်စ ပြုနေပြီ ၊ အသည်းကို အသက်အတွက် ချွေမသွားဘဲ နဲ့
အ သက်ရဲ့ အရံအတားအဖြစ် အသည်းကို စောင့်ရှောက်တတ်ဖို့အလွယ်ကူဆုံး အထိရောက်ဆုံး ဖြစ်တဲ့ မီးဖိုချောင်ကို ဆေးခန်းလို့ မြင်ပြီး အိမ်တွင်းမှာ ကုလို့ ရမယ့်
အချက်လေးတွေကို ဒီနေရာမှာ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးကူညီလမ်းညွှန်မှု ပေးချင်ပါတယ် ။
ကုသနည်း – အသည်းက ကျစ် ၊ ရောင် ၊ မာ ၊ ရှုံ့ သွားတာမှာ ဘယ်လိုပဲ ဖြစ်ပါစေ အရသာ သုံးမျိုးက အသည်းအတွက် ပဓာန အကျဆုံး ဖြစ်ပါတယ် ။
၁ – အချဉ် ဖျော့ဖျော့ ၊ ၂ – အခါး ၊ ၃ – အေးတဲ့ အစာ ၊ ချဉ်၊ ခါး ၊ အေး ကို အလှည့်ကျ စားပေးရင် အသည်းအတွက် အကောင်းဆုံး ကာကွယ်နည်း ဖြစ်သလို ကု သရာလည်း ရောက်ပါတယ် ။
အချဉ် – အသည်းအတွက် အချဉ် က မြန်မာတိုင်းရင်းဆေး ရှု ထောင့်က ကြည့်ရင် မက်လင်ချဉ် ဟာ အကောင်းဆုံးဖြစ်ပါတယ် ။
မက်လင်ချဉ်ကို ထန်း လျက် ၃ လုံးနဲ့ ပွက်ပွက်ဆူအောင်ပြုတ် ၊ ဆား မီးဖုတ်ထည့်ပြီး နံ နက် ည တစ်ဖန်ခွက်စီ သောက်ပေးခြင်းနဲ့ အချဉ် ဓာတ်ကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ် ။
အခါး – အခါးမှာ တောင်ဆီးဖြူနဲ့ ခန်းတောက်မြစ်ဟာ အသည်းရောင်နဲ့ အသည်းပိုးတွေအတွက် ကာကွယ်ရာလည်းကျ ၊ စောင့် ရှောက်ရာလည်း ရောက်ပါတယ် ။
တောင်ဇီးဖြူ နှစ်ပင်ကို ထန်းလျက် ၂ ခဲ နဲ့ ပြုတ် ၊ ဆားမီးဖုတ်ထည့် ပြီး သောက်ပါ ။ ခန်းတောက်မြစ်လည်း ဒီလိုပဲ ထန်းလျက် သင့်ရုံ ဆားမီးဖုတ် အနည်းငယ်တို့နဲ့ ပြုတ်သောက်ပါ ။
ရေချိုးတဲ့ အခါမှာ အခါးရွက် ပြုတ်ရည် ထည့်ချိုးပါ ။ တင်းတောင့်ခြင်း ၊ ရောင်ယမ်းခြင်း ၊ လေးလံခြင်း တို့ သက်သာပျောက်ကင်းနိုင်ပါတယ် ။
အအေး – အအေးစာအ နေနဲ့ကတော့ ကျောက်ဖရုံသီး ဟင်းချို ချက်သောက်မယ် ၊ ၊ ဗူးသီးနုနု ၊ သခွားသီး နုနု ၊ ဖရဲသီး ချို လေးတွေ ကို စားပေးရပါမယ် ။
ကန်ဇွန်းရိုးနီ ၊ ဗူးညွန့် ၊ ခဝဲညွန့် ၊ ဂေါ်ရခါးညွန့် တို့ကိုလည်း ပြုတ် ၊ သုပ် ၊ ဟင်းချို အဖြစ် စားနိုင်ပါတယ် ။ ကြော်မစားသင့်ပါ ။
အထက်က ပြောခဲ့တဲ့ အရ သာ သုံးမျိုးကို စားတဲ့အခါ အချဉ် (၃ )ရက် ၊ အခါး ( ၃) ရက် ၊ အအေး ( ၃)ရက် ပေါင်း( ၉ ) ရက် စားမယ် ။
အဲ့သလိုချည်း အလှည့်ကျ စားပေးနေမယ်ဆိုရင် ကာကွယ်ရာလည်း ကျသလို ကုသရာလည်းရောက်ပါတယ် ။
zawgyi
အသည္းေရာင္အသားဝါေပ်ာက္ကင္းသက္သာေစမည့္ ျမန္မာေဆးနည္းေကာင္းမ်ား
အသည္းေရာင္တာ ႏွစ္မ်ိဳးရွိပါတယ္ ၊ ႐ိုးရာတိုင္းရင္းေဆးပညာရႈေထာင့္က သုံးသပ္တဲ့အခါ
၁ – ႐ုတ္တရက္ျဖစ္လာတဲ့ေရာဂါ ၊ ၂ – နာတာရွည္ တေငြ႕ေငြ႕ တအိအိ နဲ႔ ျဖစ္လာတဲ့ေရာဂါတို႔ပဲေပါ့ ။
႐ုတ္တရက္ ျဖစ္လာတဲ့ အသည္းေရာဂါ သူက အစာမေခ် ၊ အစာမေၾကရာက စၿပီး ျဖစ္ပါတယ္ ။
အထူးသျဖင့္ အသက္ ( ၅ ) ႏွစ္ ကေန( ၁၄ ) ႏွစ္ၾကား ကေလးငယ္ေတြမွာ အျဖစ္မ်ားပါတယ္ ။
ျဖစ္ခ်ိန္မွာေတာ့ ေတာ္ေတာ္အခံရခက္ပါတယ္ ၊ ျပင္းထန္တယ္ ၊ မွန္မွန္ကန္ကန္ကုလိုက္ရင္ ၁ – လြယ္လင့္တကူ ေပ်ာက္ကင္းသြားမယ္။
၂– ေက်နပ္စရာ ေကာင္းတာက အသည္းနဲ႔ပတ္သက္ၿပီး သူ႔မွာ ခံႏိုင္ရည္စြမ္းရည္ ရင့္က်က္ ျမင့္တက္လာေတာ့
ေနာက္တစ္ႀကိမ္ျဖစ္ဖို႔ ေတာ္ေတာ္ေလးခဲယဥ္းသြားပါတယ္ ။ ဒါက စံနစ္တက် ကုသတတ္ဖို႔ အေရးႀကီးပါတယ္ ။
နာတာရွည္ အ သည္းေရာဂါ – နာတာရွည္ အသည္းေရာဂါ က ေတာ္ေတာ္ သတိထားၿပီး ကုရမွာျဖစ္ပါတယ္။
မ်ားေသာအားျဖင့္ အသက္ ၃၀ နဲ႔ ၄၀ ေက်ာ္ ဝန္းက်င္မွာ ပိုၿပီး အျဖစ္မ်ားပါတယ္ ။
နာတာရွည္ အသည္းေရာဂါ ဘာ့ေၾကာင့္ျဖစ္ – အေၾကာင္းခံ အခ်က္ အမ်ားခ်ည္းထဲက ( ၇ ) ခ်က္ ေလာက္ကိုပဲ အသိေပး ေျပာခ်င္ပါတယ္။
အသည္းေရာဂါကို တတ္ကြၽမ္းသူနဲ႔ စံနစ္တက် မကုဘူးဆိုရင္ အသည္းဟာ က်စ္သြားမယ္ ၊ က်ဳံ႕ သြားမယ္ ၊ ခ်ဴံ႕သြားမယ္ ၊ ေျခာက္သြားတာမ်ိဳးထိ ျဖစ္တတ္ပါတယ္
႐ိုးရာ ျမန္မာ့ေဆးပညာမွာေတာ့ ဖ်ဥ္းဆိုတာျဖစ္ၿပီး အသည္းကင္ဆာထိ ျဖစ္ႏႈိင္ပါတယ္ ။
ျဖစ္ေစတဲ့ အေၾကာင္းေတြကေတာ့ – ၁ – အရက္အလြန္အကြၽံ ေသာက္ျခင္း ၊( ႏွစ္ရွည္လမ်ား ေသာက္တတ္တဲ့ သူေတြမွာ ျဖစ္တတ္ပါတယ္ ။)
၂ – အသည္းမွာ အဆီ နဲ႔ အဆီဖုံးေနသူမ်ား ( ေန႔စဥ္ အႂကြပ္ ၊ အပြ ၊ အ႐ြေၾကာ္ စားသူေတြ မွာလည္း ျဖစ္တတ္ပါတယ္ ။)
၃ – မသန႔္ရွင္းတဲ့ အစာ အာဟာရ ၊ မႈိတက္တဲ့ အစာ ၊ မႈိတက္ေဆးဝါး ေတြ စားသုံးသူေတြ မွာ အျဖစ္မ်ားပါတယ္ ။
၄ – အသည္းေရာင္ပိုး ေတြဟာ ေသြး – ေသြး ခ်င္း ကူးႏိုင္ပါတယ္ ။
၅ – ေခြၽး ၊တံေတြး ၊ သုက္ ေသြး ၊ ဒါတင္မက တစ္ကိုယ္ေရ သန႔္စင္ပစၥည္းေတြျဖစ္တဲ့ မုတ္ဆိတ္ရိပ္ ဓား ၊ ဆံပင္ရိတ္ဓား ၊ လက္သည္းညႇပ္ ၊ ေသာက္ေရခြက္ စတဲ့ပစၥည္းေတြကလည္း ကူးတတ္ပါတယ္ ။
၆ – မူးယစ္ထုံထိုင္းေဆးဝါး သုံးစြဲရာကလည္း ကူးစက္တတ္ပါတယ္ ။
၇ – တာရွည္ဝမ္းကိုက္ျခင္း ၊ ဝမ္း ပ်က္ ျခင္းကို အခ်ိန္မီ မထိန္းသိမ္းတတ္ရင္ အသည္းကေရာင္ၿပီး ပိုးမ်ိဳးစုံနဲ႔ ဒုကၡေပးတတ္ပါတယ္ ။
အသည္းေရာင္ အသားဝါ လကၡဏာ –
၁ – လူက ႏုံးေခြတတ္တယ္ ၊ အားနည္းလာၿပီး လုပ္ခ်င္ ကိုင္ခ်င္စိတ္မရွိ ျဖစ္မယ္ ၊ ေမာပန္းလာမယ္ ။
၂ – ကိုယ္အေလးခ်ိန္က်မယ္ ။
၃ – အသက္ရႈ မဝဘူး ။
၄ – အေရျပားေတြ ယားယံမယ္ ။
၅ – ရင္ျပည့္ ရင္ကယ္ျဖစ္မယ္ ။ ( အစာ နည္းနည္း စားလိုက္႐ုံနဲ႔ ရင္ဘတ္ေကာ့ၿပီး အေနက်ဥ္းၾကပ္ တတ္ပါတယ္ ။)
၆ – ညာဘက္နံ႐ိုးေအာက္မွာ မာၿပီး ေတာင့္ေနတာ ရွိတတ္တယ္ ။
၇ – ေရ ေသာက္လိုစိတ္နည္းၿပီး ေသာက္ရင္လည္း အန္လိုစိတ္ေပၚတတ္တယ္ ။
ဒီလိုေရာဂါလကၡဏာေတြ ျဖစ္လာရင္ အသည္းေရာင္စ ျပဳေနၿပီ ၊ အသည္းကို အသက္အတြက္ ေခြၽမသြားဘဲ နဲ႔
အ သက္ရဲ႕ အရံအတားအျဖစ္ အသည္းကို ေစာင့္ေရွာက္တတ္ဖို႔အလြယ္ကူဆုံး အထိေရာက္ဆုံး ျဖစ္တဲ့ မီးဖိုေခ်ာင္ကို ေဆးခန္းလို႔ ျမင္ၿပီး အိမ္တြင္းမွာ ကုလို႔ ရမယ့္
အခ်က္ေလးေတြကို ဒီေနရာမွာ အေတြ႕အႀကဳံနဲ႔ ေပါင္းစပ္ၿပီးကူညီလမ္းၫႊန္မႈ ေပးခ်င္ပါတယ္ ။
ကုသနည္း – အသည္းက က်စ္ ၊ ေရာင္ ၊ မာ ၊ ရႈံ႕ သြားတာမွာ ဘယ္လိုပဲ ျဖစ္ပါေစ အရသာ သုံးမ်ိဳးက အသည္းအတြက္ ပဓာန အက်ဆုံး ျဖစ္ပါတယ္ ။
၁ – အခ်ဥ္ ေဖ်ာ့ေဖ်ာ့ ၊ ၂ – အခါး ၊ ၃ – ေအးတဲ့ အစာ ၊ ခ်ဥ္၊ ခါး ၊ ေအး ကို အလွည့္က် စားေပးရင္ အသည္းအတြက္ အေကာင္းဆုံး ကာကြယ္နည္း ျဖစ္သလို ကု သရာလည္း ေရာက္ပါတယ္ ။
အခ်ဥ္ – အသည္းအတြက္ အခ်ဥ္ က ျမန္မာတိုင္းရင္းေဆး ရႈ ေထာင့္က ၾကည့္ရင္ မက္လင္ခ်ဥ္ ဟာ အေကာင္းဆုံးျဖစ္ပါတယ္ ။
မက္လင္ခ်ဥ္ကို ထန္း လ်က္ ၃ လုံးနဲ႔ ပြက္ပြက္ဆူေအာင္ျပဳတ္ ၊ ဆား မီးဖုတ္ထည့္ၿပီး နံ နက္ ည တစ္ဖန္ခြက္စီ ေသာက္ေပးျခင္းနဲ႔ အခ်ဥ္ ဓာတ္ကို ျဖည့္ဆည္းေပးရာ ေရာက္ပါတယ္ ။
အခါး – အခါးမွာ ေတာင္ဆီးျဖဴနဲ႔ ခန္းေတာက္ျမစ္ဟာ အသည္းေရာင္နဲ႔ အသည္းပိုးေတြအတြက္ ကာကြယ္ရာလည္းက် ၊ ေစာင့္ ေရွာက္ရာလည္း ေရာက္ပါတယ္ ။
ေတာင္ဇီးျဖဴ ႏွစ္ပင္ကို ထန္းလ်က္ ၂ ခဲ နဲ႔ ျပဳတ္ ၊ ဆားမီးဖုတ္ထည့္ ၿပီး ေသာက္ပါ ။ ခန္းေတာက္ျမစ္လည္း ဒီလိုပဲ ထန္းလ်က္ သင့္႐ုံ ဆားမီးဖုတ္ အနည္းငယ္တို႔နဲ႔ ျပဳတ္ေသာက္ပါ ။
ေရခ်ိဳးတဲ့ အခါမွာ အခါး႐ြက္ ျပဳတ္ရည္ ထည့္ခ်ိဳးပါ ။ တင္းေတာင့္ျခင္း ၊ ေရာင္ယမ္းျခင္း ၊ ေလးလံျခင္း တို႔ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္ ။
အေအး – အေအးစာအ ေနနဲ႔ကေတာ့ ေက်ာက္ဖ႐ုံသီး ဟင္းခ်ိဳ ခ်က္ေသာက္မယ္ ၊ ၊ ဗူးသီးႏုႏု ၊ သခြားသီး ႏုႏု ၊ ဖရဲသီး ခ်ိဳ ေလးေတြ ကို စားေပးရပါမယ္ ။
ကန္ဇြန္း႐ိုးနီ ၊ ဗူးၫြန႔္ ၊ ခဝဲၫြန႔္ ၊ ေဂၚရခါးၫြန႔္ တို႔ကိုလည္း ျပဳတ္ ၊ သုပ္ ၊ ဟင္းခ်ိဳ အျဖစ္ စားႏိုင္ပါတယ္ ။ ေၾကာ္မစားသင့္ပါ ။
အထက္က ေျပာခဲ့တဲ့ အရ သာ သုံးမ်ိဳးကို စားတဲ့အခါ အခ်ဥ္ (၃ )ရက္ ၊ အခါး ( ၃) ရက္ ၊ အေအး ( ၃)ရက္ ေပါင္း( ၉ ) ရက္ စားမယ္ ။
အဲ့သလိုခ်ည္း အလွည့္က် စားေပးေနမယ္ဆိုရင္ ကာကြယ္ရာလည္း က်သလို ကုသရာလည္းေရာက္ပါတယ္



