အာရုံကြောအားနည်း ညောင်းညာကိုက်ခဲခြင်းအတွက် (ရှဥ့်မတက် ( ခေါ် ) ကညွှတ်ရိုင်းဆေး)
အား လုံးပဲမင်္ဂလာပါ – ကျွန်တော်ဦးကျော်သိန်းပါ။ ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာသားပါ။ရှဥ့်မတက်ပင်ကို တချို့ဒေသမှာ ကညွှတ်ရိုင်းလည်း ခေါ်ကြပြီး၊ ကညွှတ်ယဉ် – ကညွှတ်ရိုင်းနှစ်မျိုး ရှိရာ ဆူးပါသည့် အပင်ကို ကညွှတ်ရိုင်း၊ ဆူးမပါသည့်အပင်ကိုတော့ ကညွှတ်ယဉ် ခွဲခြားကြပါတယ်။
ယခု ကညွှတ်ရိုင်းပင်မှ ကျိုချက်သည့် ဆေးဖြစ်ပြီး ကိုယ်တွေ့ကြုံ လက်တွေ့သုံး ပျောက်ဆေးကောင်း တစ်လက်မို့ ကုသိုလ်ပြုပါရစေခင်ဗျာ။

ရှဥ့်မတက် ( ခေါ် ) ကညွှတ်ရိုင်း ဆေးစွမ်း
နံနက်စာ စားပြီး ( ၁ ) ကြိမ်။ ညစာ စားပြီး ( ၁ ) ကြိမ်။ တစ်ရက်လျှင် ဟင်းစား ဇွန်းဖြင့် ( ၂ ) ကြိမ်စားပါ။ ချိုခါး အရသာရှိပြီး ဤဆေးကို သုံးစွဲခြင်းဖြင့်
အာရုံကြော အားနည်း၍ မူးဝေကိုက်ခဲခြင်း၊ အဆစ်မြစ် ကိုက်ခဲခြင်း၊ ပင်ပမ်းနွမ်းနယ်မှု အမျိုးမျိုးကြောင့် ကိုက်ခဲခြင်းဝေဒနာတို့ ပျောက်ကင်းပြီး ဆီး၊ ဝမ်း၊ လေ၊
မှန်စေ၍ ကျောက်ကပ်ကို အားဖြစ်စေပါတယ်။ ၉၆ပါး အားလုံးအတွက် ကောင်းသည်လို့ မညွှန်းပါ။
ဆေးအတွက် လိုအပ်သည့်အမယ်များ –
ဆေး တစ်ဖုံ အတွက် –
၁။ ရှဥ့်မတက် ဥ ၅၀ သား
၂။ ပျားရည် ၁ ပုလင်း ( ငှက်ပျောဖူးပုလင်း )
၃။ နှမ်းဆီ ၂၀ သား လိုအပ်ပါတယ်။
ကျိုချက်ပုံ –
ဦးစွာပထမ ရှဥ့်မတက်ဥကို သန့်ရှင်းအောင် ရေဆေးပါ။ ဆေးပြီး ဥများ အခွံခွါပါ။ အခွံနဲ့ အသား တခြားစီခွဲပြီး အိုးနှစ်လုံးဖြင့် ရေသင့်သလို ထည့်ပြုတ်ပါ။ အခွံပြုတ်အိုး ရေ ပွက်ပွက်ဆူ၍ အတန်ကြာလျှင် အခွံပြုတ်ရေငှဲ့ယူပြီး အသားပြုတ်အိုးအတွင်း ပေါင်းထည့်ကျိုပါ။ ရေခမ်းချိန်မှာတော့ နှမ်းဆီ ပျားရည်ထည့်ပါ၊
မကြာခင် သင်းပျံ့သောအနံ့ ထွက်လာချိန်၊ ချို ခါး အရသာရှိသော ရှဥ့်မတက်ဆေး တစ်လက် သုံးစွဲရန် အသင့်ဖြစ်ပါပြီ ခင်ဗျာ။ အမျိုးသား အားနည်းသူများအတွက် ယခုဆေးကျိုစဉ် ခွေးလျားသီး အနက်စေ့ ၂ဝသားကို အမှုန့်ပြုလုပ်ပြီး ထည့်ကျိုပါ။ သိသာသည့်အား ဖြစ်စေပါသည်။

ခေါင်းကိုက် ဝေဒနာ အတွက် –
ရှဥ့်မတက်ဥကို နှမ်းဆီဖြင့် ကျွတ်အောင်ကြော်ပါ။ ၎င်း ကြော်ပြီး ဆီဖြင့် ကိုက်ခဲရာ ခေါင်း၊ ဂုတ်၊ ကိုယ်လက်တို့ လိမ်းပေးပါ။ အမြန်ဆုံး သိသာစွာ သက်သာပျောက်ကင်းစေပါတယ်။
မူးဝေ၊ ကိုက်ခဲ ဝေဒနာများ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဤဆေးနှင့် ပတ်သက်၍ မေးမြန်းလိုပါက ဦးကျော်သိန်း ၀၉ ၇၉၃၇၇၆၀၂၅ ထန်းတပင်ကျေးရွာ။
ယခုဆေးနည်းကို စိတ်ရှည်စွာဖြင့် ရှင်းပြပေးသော ဦးကျော်သိန်းအား အထူးကျေးဇူးတင်ပါသည် ။
Credit – Sai Min Thant
အာ႐ုံေၾကာအားနည္း ေညာင္းညာကိုက္ခဲျခင္းအတြက္ (ရွဥ့္မတက္ ( ေခၚ ) ကၫႊတ္႐ိုင္းေဆး)
အား လုံးပဲမဂၤလာပါ – ကြၽန္ေတာ္ဦးေက်ာ္သိန္းပါ။ ကန႔္ဘလူၿမိဳ႕နယ္ ထန္းတပင္ေက်း႐ြာသားပါ။ရွဥ့္မတက္ပင္ကို တခ်ိဳ႕ေဒသမွာ ကၫႊတ္႐ိုင္းလည္း ေခၚၾကၿပီး၊ ကၫႊတ္ယဥ္ – ကၫႊတ္႐ိုင္းႏွစ္မ်ိဳး ရွိရာ ဆူးပါသည့္ အပင္ကို ကၫႊတ္႐ိုင္း၊ ဆူးမပါသည့္အပင္ကိုေတာ့ ကၫႊတ္ယဥ္ ခြဲျခားၾကပါတယ္။
ယခု ကၫႊတ္႐ိုင္းပင္မွ က်ိဳခ်က္သည့္ ေဆးျဖစ္ၿပီး ကိုယ္ေတြ႕ႀကဳံ လက္ေတြ႕သုံး ေပ်ာက္ေဆးေကာင္း တစ္လက္မို႔ ကုသိုလ္ျပဳပါရေစခင္ဗ်ာ။
ရွဥ့္မတက္ ( ေခၚ ) ကၫႊတ္႐ိုင္း ေဆးစြမ္း
နံနက္စာ စားၿပီး ( ၁ ) ႀကိမ္။ ညစာ စားၿပီး ( ၁ ) ႀကိမ္။ တစ္ရက္လွ်င္ ဟင္းစား ဇြန္းျဖင့္ ( ၂ ) ႀကိမ္စားပါ။ ခ်ိဳခါး အရသာရွိၿပီး ဤေဆးကို သုံးစြဲျခင္းျဖင့္
အာ႐ုံေၾကာ အားနည္း၍ မူးေဝကိုက္ခဲျခင္း၊ အဆစ္ျမစ္ ကိုက္ခဲျခင္း၊ ပင္ပမ္းႏြမ္းနယ္မႈ အမ်ိဳးမ်ိဳးေၾကာင့္ ကိုက္ခဲျခင္းေဝဒနာတို႔ ေပ်ာက္ကင္းၿပီး ဆီး၊ ဝမ္း၊ ေလ၊
မွန္ေစ၍ ေက်ာက္ကပ္ကို အားျဖစ္ေစပါတယ္။ ၉၆ပါး အားလုံးအတြက္ ေကာင္းသည္လို႔ မၫႊန္းပါ။
ေဆးအတြက္ လိုအပ္သည့္အမယ္မ်ား –
ေဆး တစ္ဖုံ အတြက္ –
၁။ ရွဥ့္မတက္ ဥ ၅၀ သား
၂။ ပ်ားရည္ ၁ ပုလင္း ( ငွက္ေပ်ာဖူးပုလင္း )
၃။ ႏွမ္းဆီ ၂၀ သား လိုအပ္ပါတယ္။
က်ိဳခ်က္ပုံ –
ဦးစြာပထမ ရွဥ့္မတက္ဥကို သန႔္ရွင္းေအာင္ ေရေဆးပါ။ ေဆးၿပီး ဥမ်ား အခြံခြါပါ။ အခြံနဲ႔ အသား တျခားစီခြဲၿပီး အိုးႏွစ္လုံးျဖင့္ ေရသင့္သလို ထည့္ျပဳတ္ပါ။ အခြံျပဳတ္အိုး ေရ ပြက္ပြက္ဆူ၍ အတန္ၾကာလွ်င္ အခြံျပဳတ္ေရငွဲ႔ယူၿပီး အသားျပဳတ္အိုးအတြင္း ေပါင္းထည့္က်ိဳပါ။ ေရခမ္းခ်ိန္မွာေတာ့ ႏွမ္းဆီ ပ်ားရည္ထည့္ပါ၊
မၾကာခင္ သင္းပ်ံ႕ေသာအနံ႔ ထြက္လာခ်ိန္၊ ခ်ိဳ ခါး အရသာရွိေသာ ရွဥ့္မတက္ေဆး တစ္လက္ သုံးစြဲရန္ အသင့္ျဖစ္ပါၿပီ ခင္ဗ်ာ။ အမ်ိဳးသား အားနည္းသူမ်ားအတြက္ ယခုေဆးက်ိဳစဥ္ ေခြးလ်ားသီး အနက္ေစ့ ၂၀သားကို အမႈန႔္ျပဳလုပ္ၿပီး ထည့္က်ိဳပါ။ သိသာသည့္အား ျဖစ္ေစပါသည္။
ေခါင္းကိုက္ ေဝဒနာ အတြက္ –
ရွဥ့္မတက္ဥကို ႏွမ္းဆီျဖင့္ ကြၽတ္ေအာင္ေၾကာ္ပါ။ ၎ ေၾကာ္ၿပီး ဆီျဖင့္ ကိုက္ခဲရာ ေခါင္း၊ ဂုတ္၊ ကိုယ္လက္တို႔ လိမ္းေပးပါ။ အျမန္ဆုံး သိသာစြာ သက္သာေပ်ာက္ကင္းေစပါတယ္။
မူးေဝ၊ ကိုက္ခဲ ေဝဒနာမ်ား က်န္းမာ ခ်မ္းသာၾကပါေစ ခင္ဗ်ာ။
ဤေဆးႏွင့္ ပတ္သက္၍ ေမးျမန္းလိုပါက ဦးေက်ာ္သိန္း ၀၉ ၇၉၃၇၇၆၀၂၅ ထန္းတပင္ေက်း႐ြာ။
ယခုေဆးနည္းကို စိတ္ရွည္စြာျဖင့္ ရွင္းျပေပးေသာ ဦးေက်ာ္သိန္းအား အထူးေက်းဇူးတင္ပါသည္ ။
Credit – Sai Min Thant



