ၾကားသိရသမွ်

ရန်ကုန်ကို ကမ္ဘာ့လုံခြုံမှုမရှိဆုံး မြို့တော်အဖြစ် EIU သုတေသနအဖွဲ့က ထုတ်ပြန်

ရန်မကုန်သေးတဲ့ ရန်ကုန်ကို ကမ္ဘာ့ အန္တရာယ်အရှိဆုံး မြို့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ အကြောင်းအရင်းများ …

ရန်မကုန်သေးတဲ့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပါ။ ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော ရန်ကုန်နဲ့ ပတ်သက် ဆက်နွှယ်ဖူးသူတိုင်း ချစ်ရတဲ့ မြို့ကြီးပါပဲ။

၂၀၂၀ မှာ ကိုဗစ်က မွှေလိုက် ၂၀၂၁ မှာ အာဏာသိမ်းမှု ဖြစ်စဉ်က မွှေလိုက်နဲ့ ရန်ကုန်ဟာ နာလန်ထူနိုင်ပါတော့မလား စဉ်းစားနေမိဆဲမှာပဲ ကမ္ဘာ့ အန္တရာယ်အရှိဆုံး မြို့အဖြစ်သတ်မှတ် ခံလိုက်ရပါတော့တယ်။

ကမ္ဘာကျော် The Economist မဂ္ဂဇင်းရဲ့ ပညာရှင်တွေက ၁ နှစ်ကို ၂ ကြိမ် ပြုလုပ်တဲ့ မြို့ပြလုံခြုံမှု စစ်တမ်းအရ ဒီလို သတ်မှတ်ခံလိုက်ရတာပါ။

အဓိကကတော့ အဆောက်အဦးများ ခိုင်ခံ့မှု မရှိတာ၊ ဆင်းရဲမွဲတေမှု များတာနဲ့ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာတို့ကြောင့် ဖြစ်ပါတယ်။

မြို့ပြလုံခြုံမှု ရှိမရှိကို တိုင်းတာတဲ့ အချက် ၅ ချက် ကတော့ –

၁။ ဒစ်ဂျစ်တယ် လုံခြုံမှု

၂။ ကျန်းမာရေး လုံခြုံမှု

၃။ အဆောက်အဦး လုံခြုံမှု

၄။ ပုဂ္ဂိုလ်ရေး လုံခြုံမှု

၅။ ပတ်ဝန်းကျင် လုံခြုံမှု တို့ ဖြစ်ပါတယ်။

The Economist ရဲ့ တာဝန်ခံ ပညာရှင် တစ်ယောက်က ကိုဗစ်ကပ်ရောဂါဟာ မြို့ပြလုံခြုံမှု အပေါ် အများကြီး သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့ဟာ ဒစ်ဂျစ်တယ်လုံခြုံရေးမှာအနိမ့်ဆုံးအဆင့်ဖြစ်ပြီး ကျန်းမာရေးလုံခြုံရေး၊ အခြေခံအဆောက်အဦး လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးဘလုံခြုံရေးတို့မှာအနိမ့်ဆုံးအဆင့် ၃နေရာ ဖြစ်ပြီး ပတ်ဝန်းကျင်လုံခြုံရေးမှာ အနိမ့်ဆုံးအဆင့် ၇ နေရာမှာ သတ်မှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အဆင့် သတ်မှတ်ချက်တွေအနေနဲ့ ဒစ်ဂျစ်တယ် လုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ အခြေခံအဆောက်အအုံလုံခြုံ​ရေး၊ ၊ ပုဂ္ဂိုလ်ရေးလုံခြုံရေးနဲ့ ပတ်ဝန်းကျင်လုံခြုံရေး စသည်တို့အပေါ် အခြေခံပြီး safe cities index အညွှန်းကိန်းကို ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းမှာ မြို့ပေါင်း ၆၀ ကျော်ကို တိုင်းတာ စစ်ဆေးခဲ့ပါတယ်။

safe cities index အညွှန်းကိန်းအရ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့သည် လုံခြုံမှု မရှိဆုံးမြို့အဖြစ် ရမှတ် ၃၉.၅ ဖြင့် သတ်မှတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ နောက်မှာတော့ ပါကစ္စတန်နိုင်ငံရဲ့ ကရာချိမြို့တော်က ၃၉ ဒဿမ ၇ မှတ်နဲ့ ဒုတိယ ကမ္ဘာအန္တရာယ်အရှိဆုံး မြို့အဖြစ် သတ်မှတ်ခံရပါတယ်။

ရန်ကုန်မြို့နဲ့အတူ လုံခြုံမှု မရှိဆုံးမြို့အဖြစ် သတ်မှတ်ခံရသည့် မြို့များမှာ

ပါကစ္စတန်မြို့တော် ကရာချီ၊ ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်နဲ့ အီဂျစ်မြို့တော် ကိုင်ရိုတို့ဖြစ်တယ်လို့ Economist Intelligence Unit သုတေသနအဖွဲ့ရဲ့ safe cities index အညွှန်းကိန်း ထုတ်ပြန်ချက်များအရသိရှိရပါတယ်။

ကမ္ဘာလုံခြုံစိတ်ချရမှု အရှိဆုံး မြို့တွေ အဖြစ်ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ကိုပင်ဟေဂင်မြို့က ရမှတ် ၈၂ ဒဿမ ၄ နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး

ဒေသတွင်း စင်ကာပူမြို့က ၈၀ ဒဿမ ၇ မှတ်နဲ့ တတိယနေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမှုအရ လုံခြုံမှု အရှိဆုံး မြို့တွေထဲမှာ ကိုပင်ဟေဂင်၊ တိုရွန်တို၊ စင်္ကာပူ၊ ဆစ်ဒနီ၊ တိုကျို၊ အမ်စတာဒမ် နဲ့ နယူးဇီလန် မြို့တော်တို့ ဖြစ်ပါတယ်။

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳