ၾကားသိရသမွ်
MyatTunOo
ပန် ဆယ် လို
လေတပ်နှင့် KBZကို တုန်ခါသွားသော ကိစ္စများ
မအလသူပုန်လေတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲပြီး ထင်တိုင်းသတ်နေတာ အားလုံးသိပြီးသားပါ။ သူတို့က သူတို့နဲ့မိသားစုတွေက တပ်ထဲမှာနေလို့ သူတို့ကလွတ်မယ်လို့ထင်ခဲ့ပါတယ်။
ဒီနေ့ PVTV က သူတို့ရဲ့လိပ်စာတွေကို တင်လိုက်ချိန်မှာ သူတို့ရဲ့တပ်ထဲမှာ အထက်ကြီးကြီးပိုင်းမှာကို ဖရဲသီးရှိတယ်ဆိုပြီး အလွန်ကြောက်နေကြပါတယ်။ ဒီလိပ်စာတွေက အောက်ခြေကလူ မသိနိုင်တာ လူတိုင်းသိပါတယ်။
ကကလေကလဲ စုံစမ်းတင်ပြဖို့ ချက်ခြင်းအမိန့်ထုတ်ပါတယ်။ အချို့က လိပ်စာပေါက်သွားတဲ့အိမ်တွေကို ရောင်းထုတ်ဖို့ ဒီနေ့ပွဲစားအပ်နေတာလဲ ကြားသိခဲ့ရပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ကရင်၊ ကချင်မှာ အိမ်ရှိသူများက ဘုရားတနေကြပါပြီ။
သူတို့က သူတို့အိမ်တွေအဖျက်ခံရမှာ ကြောက်နေကြတာပါ။ ယခုဟာက သူတို့မှာလဲ လုံခြုံမှုမရှိသလို ခံစားနေရပါပြီ။
နောက် KBZ ကလဲ မအလတပ်ကို လုံခြုံရေးတိုးတောင်းထားပါတယ်။ ဘဏ်မန်နေဂျာတွေကိုပါ လုံခြုံရေးပေးဖို့ပါ။ မအလတပ်ကတော့ အကြောင်းမပြန်သေးပါ။ KBZ က NUG ကို အခွန်မဆောင်ဘဲ မအလရင်ခွင်ခိုလုံဖို့ ဆုံးဖြတ်ထားပုံပါ။
ဒါကဒီနေ့သတင်းပါ။ သူတို့ကြောက်နေတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ အဖြစ်အပျက်ကိုသာ သတင်းအနေနဲ့ တင်တာပါ။
MyatTunOo
မနေ့က လပ်တီးက ဒုတပ်ရင်းမှူးအဆင့်ရဲ့ ရန်ကုန်ကအိမ် အုံးခံရတယ်။ ဒီရက်ထဲ ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေတဲ့ လပ်တီး လေဘဲ၄၁ကောင်ရဲ့ List က လိပ်စာအတိအကျနဲ့ ပေါ်ထွက်လာတယ်။
လေဘဲတွေ ဖင်တွန့်နေကြပြီ။ တင်တဲ့ Media ကို စာပို့ပြီး အိမ်မှာ ဗမက မနေပါဘူး၊ မိန်းမသားတွေချည်းပါ၊ ညှာတာပါ၊ သနားပါတဲ့။ အချို့ဆို အိမ်ပြောင်းပြေးဖို့ အိမ်ငှါးနေကြပြီတဲ့။
အိုးအိမ်စွန့်ခွါပြီး ပြေးနေရတဲ့ ပြည်သူ သိန်းချီရှိတယ်။ ဒီလိုဟာတွေ ကိုယ့်အိမ်မှာ ကိုယ်နေခွင့် လုံးဝမရစေရဖို့ ကြိုးစားရလိမ့်မယ်။
ကျဆုံးခဲ့ရတဲ့ ပြည်သူ သုံးပုံတစ်ပုံဟာ မိန်းမသားတွေ။ မဆီမဆိုင်ဓါးဆာခံဖမ်းဆီးခံထားရတာ မိန်းမသားတွေ။ စစ်ဘေးရှောင်တွေဘဝနဲ့ ခါးစီးရင်ဆိုင်နေရတဲ့ မိန်းမသားတွေ။ ဘယ်ကောင်တွေက ညှာတာခဲ့လို့လဲ။
ပြည်သူကို မညှာတဲ့ကောင်တွေရဲ့ အသိုင်းအဝိုင်းကို ညှာတာစရာမလို။ လူသားဆန်မှုကို ပြန်ရဖို့ ငါတို့ရဲ့လူသားဆန်မှုကို ခေတ္တဖြုတ်သိမ်းထားဖို့ လိုလိမ့်မယ်။ လေပေါ်ပျံလာတဲ့ဟာတွေကို ပစ်မချနိုင်သေးရင် လေပေါ်မပျံနိုင်အောင် လုပ်ရမယ်။
မိန်းမသားတွေမို့ ညှာတာပါတဲ့၊ အိမ်ပြောင်းပြေးနေရပါပြီတဲ့။
နင့်မေဗောက်ဗက်မို့ ညှာတာရမှာလား
ပန် ဆယ် လို