ထမင်းစားရုံသာမက ဝိုင်ဖိုင်ပါ အလကား ထိုင်သုံးနိုင်မယ့် မကွေးက (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အခြေခံလူတန်းစားတွေ အတွက် မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ အပြိုင်အဆိုင် ဖွင့်လာကြတာကို တွေ့ရတာ ဝမ်းသာ ပီတိ ဖြစ်စရာ ကောင်းလှပါတယ်။
တဆိုင်ထက် တဆိုင် ဝန်ဆောင်မှု၊ သန့်ရှင်းမှု၊ စနစ်ကျမှုတွေ ပိုကောင်းလာတာကိုလည်း အားရစရာ တွေ့ရပါတယ်။ အခုလည်း မကွေးမြို့ ကားကြီးဝင်းထဲက ဆိုင်ကတော့ ထမင်းစားရုံသာမကဘူး ဝိုင်ဖိုင်နဲ့ အင်တာနက်ပါ အလကား ထိုင်သုံးလို့ ရမယ်လို့ သိရပါတယ်။
ဖုန်းအင်တာနက် ဒေတာခတွေ ဈေးကြီးတဲ့ အချိန်မှာ ယခုလို အာဟာရ ဒါနတင်မက အင်တာနက် ဒါနပါ ကုသိုလ်ပြုထားတာကတော့ လေးစားဖို့ အလွန်ကောင်းပါတယ်ဗျာ။ အသား တမျိုး၊ အရံဟင်း နှစ်မျိုး၊ အရည်သောက်နဲ့ ငပိရည် တို့စရာ အစုံအလင်နဲ့ စားကောင်းတဲ့ ဇလုံ ထမင်းတပွဲကိုမှ (၅၀၀) ကျပ်ထဲနဲ့ လည်း ရောင်းချပေးနေပါတယ်။
အခြေခံ လူတန်းစားတွေ အားကိုးရာ ဖြစ်လာတဲ့ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ထပ်မံ ပေါ်ပေါက်လာစေဖို့ မျှော်လင့် ဆုတောင်းလိုက်ရပါတယ် ခင်ဗျာ။
Crd
ထမင္းစား႐ုံသာမက ဝိုင္ဖိုင္ပါ အလကား ထိုင္သုံးႏိုင္မယ့္ မေကြးက (၅၀၀) က်ပ္တန္ ဇလုံ ထမင္းဆိုင္
တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးမွာ အေျခခံလူတန္းစားေတြ အတြက္ ျမန္ေကာင္းသက္သာ (၅၀၀) က်ပ္တန္ ထမင္းဆိုင္ေတြ အၿပိဳင္အဆိုင္ ဖြင့္လာၾကတာကို ေတြ႕ရတာ ဝမ္းသာ ပီတိ ျဖစ္စရာ ေကာင္းလွပါတယ္။
တဆိုင္ထက္ တဆိုင္ ဝန္ေဆာင္မႈ၊ သန႔္ရွင္းမႈ၊ စနစ္က်မႈေတြ ပိုေကာင္းလာတာကိုလည္း အားရစရာ ေတြ႕ရပါတယ္။ အခုလည္း မေကြးၿမိဳ႕ ကားႀကီးဝင္းထဲက ဆိုင္ကေတာ့ ထမင္းစား႐ုံသာမကဘူး ဝိုင္ဖိုင္နဲ႔ အင္တာနက္ပါ အလကား ထိုင္သုံးလို႔ ရမယ္လို႔ သိရပါတယ္။
ဖုန္းအင္တာနက္ ေဒတာခေတြ ေဈးႀကီးတဲ့ အခ်ိန္မွာ ယခုလို အာဟာရ ဒါနတင္မက အင္တာနက္ ဒါနပါ ကုသိုလ္ျပဳထားတာကေတာ့ ေလးစားဖို႔ အလြန္ေကာင္းပါတယ္ဗ်ာ။ အသား တမ်ိဳး၊ အရံဟင္း ႏွစ္မ်ိဳး၊ အရည္ေသာက္နဲ႔ ငပိရည္ တို႔စရာ အစုံအလင္နဲ႔ စားေကာင္းတဲ့ ဇလုံ ထမင္းတပြဲကိုမွ (၅၀၀) က်ပ္ထဲနဲ႔ လည္း ေရာင္းခ်ေပးေနပါတယ္။
အေျခခံ လူတန္းစားေတြ အားကိုးရာ ျဖစ္လာတဲ့ ျမန္ေကာင္းသက္သာ (၅၀၀) က်ပ္တန္ ထမင္းဆိုင္ေတြ ထပ္မံ ေပၚေပါက္လာေစဖို႔ ေမွ်ာ္လင့္ ဆုေတာင္းလိုက္ရပါတယ္ ခင္ဗ်ာ။
Crd