မနက္ျဖန္ ဆိုင္မ်ားပိတ္လွ်င္ ဘူဒိုဇာ(ေျမတူးစက္)ျဖင့္ ဖ်က္ဆီးမည္ဟု ေျမာက္ဒဂုံတြင္ အၾကမ္းဖက္စစ္တပ္ ေၾကညာ
ဆာရွိမိ
ရန္ကုန္ၿမိဳ႕၊ ေျမာက္ဒဂုံၿမိဳ႕နယ္ ၅၀ ေကြ႕ အနီးရွိ ေဈးဆိုင္ႏွင့္ ဆိုင္ခန္းမ်ား မနက္ျဖန္ ဒီဇင္ဘာလ ၁၀ ရက္တြင္ ပိတ္ပါက ဘူဒိုဇာ (ေျမတူးစက္) ျဖင့္ ေကာ္ထိုးဖ်က္ဆီးမည္ဟု မိုက္ျဖင့္ ေၾကညာသြားေၾကာင္း အဆိုပါ ေနရာအနီးရွိ ဆိုင္ခန္းပိုင္ရွင္ တစ္ဦးက မဇၩိမကို ေျပာသည္။
” ကားတစ္စီးနဲ႔ ေန႔လယ္ပိုင္းေလာက္က ေအာ္သြားတာ။ စည္ပင္လား၊ အုပ္ခ်ဳပ္ေရးမႉး ကားလားေတာ့ မသိဘူး။ အသံပဲ ၾကားလိုက္တာ။
မနက္ျဖန္ ပ်ံက်ေဈးသည္ေတြေရာ၊ လမ္းေဘးဆိုင္ေတြေရာ ပိတ္ရင္ ဘူဒိုဇာနဲ႔ လိုက္ေကာ္ထိုးမယ္ ဆိုၿပီး မိုက္နဲ႔ ေအာ္သြားတာ။ ကြၽန္မတို႔ကေတာ့ ဘယ္လို ဖိအားေပးေပး လုံး၀မဖြင့္ဘူး” ဟု ၎က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ ေဈးဆိုင္ခန္း၊ စားေသာက္ဆိုင္၊ အြန္လိုင္းေဈးေရာင္းခ်သူမ်ား၊ ကုန္သည္မ်ားက ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ ျပဳလုပ္မည့္ တိတ္ဆိတ္ၿငိမ္သက္ျခင္း သပိတ္ (Silent Strike) တြင္ ပါ၀င္၍ ဆိုင္မ်ား ပိတ္မည္ဟု လူမႈကြန္ရက္တြင္ အသီးသီး ေၾကညာထားသည္။
ျပည္သူလူထု တစ္ရပ္လုံးက မနက္ျဖန္တြင္ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီ အထိ အျပင္မထြက္ဘဲ မိမိအိမ္တြင္း၌သာ ေနထိုင္ျခင္းျဖင့္ တိတ္ဆိတ္ ၿငိမ္သက္ျခင္း သပိတ္ (Silent Strike) တြင္ ပူးေပါင္းၾကရန္ ေတာ္လွန္ေရး အင္အားစုမ်ားက တိုက္တြန္း ႏႈိးေဆာ္ ထားသည္။mizzima
မနက်ဖြန် ဆိုင်များပိတ်လျှင် ဘူဒိုဇာ(မြေတူးစက်)ဖြင့် ဖျက်ဆီးမည်ဟု မြောက်ဒဂုံတွင် အကြမ်းဖက်စစ်တပ် ကြေညာ
ဆာရှိမိ
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၅၀ ကွေ့ အနီးရှိ ဈေးဆိုင်နှင့် ဆိုင်ခန်းများ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်တွင် ပိတ်ပါက ဘူဒိုဇာ (မြေတူးစက်) ဖြင့် ကော်ထိုးဖျက်ဆီးမည်ဟု မိုက်ဖြင့် ကြေညာသွားကြောင်း အဆိုပါ နေရာအနီးရှိ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက မဇ္ဈိမကို ပြောသည်။
” ကားတစ်စီးနဲ့ နေ့လယ်ပိုင်းလောက်က အော်သွားတာ။ စည်ပင်လား၊ အုပ်ချုပ်ရေးမှူး ကားလားတော့ မသိဘူး။ အသံပဲ ကြားလိုက်တာ။
မနက်ဖြန် ပျံကျဈေးသည်တွေရော၊ လမ်းဘေးဆိုင်တွေရော ပိတ်ရင် ဘူဒိုဇာနဲ့ လိုက်ကော်ထိုးမယ် ဆိုပြီး မိုက်နဲ့ အော်သွားတာ။ ကျွန်မတို့ကတော့ ဘယ်လို ဖိအားပေးပေး လုံးဝမဖွင့်ဘူး” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင်၊ အွန်လိုင်းဈေးရောင်းချသူများ၊ ကုန်သည်များက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ် (Silent Strike) တွင် ပါဝင်၍ ဆိုင်များ ပိတ်မည်ဟု လူမှုကွန်ရက်တွင် အသီးသီး ကြေညာထားသည်။
ပြည်သူလူထု တစ်ရပ်လုံးက မနက်ဖြန်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ အပြင်မထွက်ဘဲ မိမိအိမ်တွင်း၌သာ နေထိုင်ခြင်းဖြင့် တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ် (Silent Strike) တွင် ပူးပေါင်းကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော် ထားသည်။mizzima