သရုပ်ဆောင် ခင်ဝင့်ဝါကတော့ လူသိများတဲ့အလှမယ်၊ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့အချစ်ရေးကတော့ တိတ်ဆိတ်ငြိမ်သက်လွန်းလှတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ ခင်ဝင့်ဝါရဲ့အချစ်ဟောင်း Zeyar WM ကို လက်ရှိရည်းစား Thant Theint Theint Thwe က လုယူခဲ့ကြောင်း Cele Spy Small Page က ချပြလာခဲ့ပြီးနောက် ခင်ဝင့်ဝါရဲ့ရည်စားဟောင်း Zeyar WM တို့ စုံတွဲဟာ ခင်ဝင့်ဝါကို Public မှာ ရှုံ့ချပြောဆိုခဲ့ကြတာကို တွေ့ရပါတယ်။
“ဟဲ့ ဘယ့်နှယ့်🥴 ဒီ page အတော် လိုခ်လိုချင်တာလား အသနားခံတာလိုချင်တာလား 🥴 နင်တို့လိုဟာတွေကြောင့်အင်တာနက်ဈေးတတ်တာ 🙃 သူနဲ့ပြတ်ပြီး ကိုယ့်လူက ၂-၃ ယောက်ဒိတ်ပြီးလို့ကိုယ်နဲ့တွေ့တာ ပြီးတော့ ရည်းသားတောင်မဖြစ်သေးဘူး သူနဲ့ကိုယ်၂ယောက် အပြင်မှာဆုံတာ လူကို criticize တဲ့ အမကြီးဘဲ 🤣🤣 ပလိန်းကြီးရိုင်းတာ ဟိုက ၅၀၅ကနဲ့ဝန်ခံကတိထိုးလိုက်လို့ထွက်လာပြီလူရှေ့ကို 😂 နင်တို့ကအခုထိတောခိုခိုင်းတုန်း၅ လပိုင်းမဟုတ်ဘူးနော် ၃ လပိုင်း
😌 အဲလိုင်းမတူဘူးနော် အလုပ်လဲတွဲမလုပ်ဘူး 🤣🤣ပေးမဖြတ်တာမဟုတ်ဘူးဒီကပြတ်ပါတယ်ပြောတာဖုန်းအတင်းတွဆေက်တာ 🥴 ဘယ်ကိုအနုပညာလိုင်းတတ်တဲ့ညီမလေးလဲ 🥴🤣 ညီမလေးကတော့ သူ့မှာအတော်ပေါခဲ့တာဆိုတော့ 🤭🤣 ဘယ်တစ်ယောက်လဲ? 🤪” ဆိုပြီး Zeyar WM ရဲ့ လက်ရှိရည်းစား Thant Theint Theint Thwe က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုလာပါတယ်။
Thant Theint Theint Thwe ရဲ့ Status အပေါ် ခင်ဝင့်ဝါရဲ့ ရည်းစားဟောင်းဖြစ်သူ Zeyar WM ကလည်း “အရိုင်းလေးမို့ပျက်တာကို နိုင်ငံရေးတောင်မပေါ် သေးဘူပြတ်တာ” ဆိုပြီး ခင်ဝင့်ဝါကို အရိုင်းလေးမို့ပျက်တာဆိုပြီး လူသိရှင်ကြား ကောမန့်ပေးကာ Blame ခဲ့တာပဲဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ သူမရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး ဘာဆိုဘာမှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို လက်ရှိမှာလည်း နိုင်ငံရေးကြောင့် တိမ်းရှောင်နေရချိန်မှာ ရည်းစားဟောင်း Zeyar WM တို့စုံတွဲကတော့ လူသိရှင်ကြားကို Blame နေကြတာပဲဖြစ်ပါတယ်။
Source: Thant Theint Theint Thwe’s fb
ဇော်ဂျီဖြင့်ဖတ်ရန်