ၾကားသိရသမွ်

ဝန္ထမ္းမ်ားအားအတိုးမဲ့(၂)လစာေခ်းေငြနဲ႔အိမ္ငွားခအျပင္​ လစာအျပည့္ျဖင့္​​ဆန္အိတ္ေတြကုိပါ ေထာက္ပံ့ေပးခဲ့​ေသာ အလုပ္ရွင္ရဲ႕ (႐ုပ္​သံဖုိင္​)

ဒီအခ်ိန္မွာအိမ္မွာေနတဲ့ဝန္ထမ္းတခ်ိဳ႕ကလြဲရင္ကိုယ့္ဝန္ထမ္းေတြကိုအလုပ္မဆင္းခိုင္းေပမယ့္ေထာက္ပံ့ရိကၡာနဲ႔ထိုက္သင့္တဲ့လစာေပးထားခဲ့တယ္။ ဒါေပမယ့္တခ်ိဳ႕ဝန္ထမ္းေလးေတြရဲ႕တျခားမိသားစုဝင္ေတြအရင္လိုအလုပ္အကိုင္ေတြအဆင္မေျပၾကေတာ့တာၾကားမိတယ္။ တခ်ိဳ႕ဝန္ထမ္းေတြရဲ႕မိသားစုဝင္ Taxi ဆြဲတဲ့သူရွိတယ္။ တခ်ိဳ႕ကေဈးဆိုင္ဖြင့္ထားတယ္။ တခ်ိဳ႕က စာသင္တယ္။တခ်ိဳ႕ကေက်ာင္းကားဆြဲတယ္စသျဖင့္ေပါ့။ ဒါေပမယ့္ဒီကာလမွာကတခ်ိဳ႕အလုပ္အကိုင္ေတြက

ဝင္ေငြနည္းသြားတယ္။ တခ်ိဳ႕ကဝင္ေငြလုံးဝမရွိေတာ့ဘူး။ လစာအရမ္းေကာင္းၾကတဲ့ဝန္ထမ္းေတြမဟုတ္ရင္အိမ္တစ္အိမ္မွာကေလးင.ယ္ေတြကလြဲၿပီးမိသားစုဝင္အကုန္လုံးနီးပါးအလုပ္လုပ္မွအဆင္ေျပမယ့္ ကာလမို႔အခုခ်ိန္ေတာ္ေတာ္မ်ားမ်ားအဆင္မေျပဘူး။ Lady Grace Diamond Land ကရတဲ့လစာနဲ႔ေထာက္ပံ့ရိကၡာေၾကာင့္စားစရိတ္မပူရေပမယ့္အိမ္ငွားေနတဲ့သူေတြအတြက္အိမ္ငွားခပူရႏိုင္တယ္။ ကေလးအင.ယ္ေလးရွိသူေတြအတြက္ႏို႔မႈန႔္ဖိုး၊ သ.က္ႀကီး႐ြယ္အိုအမိအဖ

ရွိသူေတြအတြက္ေဆးဖိုး၊ စတဲ့တျခားကုန္က်စရိတ္ေတြအတြက္ေငြလိုႏိုင္တယ္လို႔ေတြးမိတယ္။ ဒါေၾကာင့္ဝန္ထမ္းတစ္ဦးစီကိုသူတို႔ရသင့္တဲ့လစာနဲ႔ေထာက္ပံ့ရိကၡာအျပင္ ၂ လစာေခ်းေငြကိုပါထု.တ္ေခ်းခဲ့တယ္။ လုံးဝအတိုးမဲ့ပါ။ လုပ္ငန္းေတြပုံမွန္ျပန္လည္ပါတ္တဲ့အခ်ိန္ေရာက္မွလစဥ္ခြဲၿပီးဆပ္႐ုံပါ။ ဒီလိုလုပ္ေပးဖို႔ကအမ်ားႀကီးစဥ္းစားရပါတယ္။ အထူးသျဖင့္ ဒီလိုကာလမွာပါ။ ဝန္ထမ္းေတြအေနနဲ႔ေခ်းေငြကတစ္ေယာက္ကို ၂ လစာပဲရတာဆိုေပမယ့္ဝန္ထမ္းအားလုံးကို​

​ေပးရတဲ့ဆိုင္အေနနဲ႔ကသိန္းရာနဲ႔ခ်ီတယ္ေလ၊ ဒါေတာင္ Video ထဲမွာနယ္ျပန္သြားတဲ့ဝန္ထမ္းေတြနဲ႔ပန္းတိမ္ဆရာေတြမပါေသးဘူး။ အရင္က Online ေရာင္းအားအျပင္၊ ဆိုင္ ၂ ဆိုင္စာေရာင္းအားရွိေနေတာ့ဝင္ေငြပိုေကာင္းတယ္။ ဒါေပမယ့္အခုက Online ေရာင္းအားပဲရွိတာေၾကာင့္ ဝင္ေငြကအရင္နဲ႔စာရင္၃ပုံ၁ပုံပဲရွိတယ္။ ဒါေပမယ့္ကိုယ့္ထက္ပိုခက္ခဲႏိုင္မယ့္ဝန္ထမ္းမိသားစုေတြကို စဥ္းစားမိၿပီးဒီအစီအစဥ္ေလးလုပ္ေပးျဖစ္ခဲ့တာပါ။ ဒီလိုအၾက.ပ္အတ.ည္းကာလမွာ

မထင္ထားခဲ့တဲ့ဝန္ထမ္းကေလးေတြစီကမမတို႔နဲ႔အတူ အခ.က္ အခဲကာလကိုအတူတူျဖတ္ေက်ာ္မယ္ဆိုတဲ့ စိတ္ေလးေတြေတြ႔ရလို႔ေက်နပ္မိတာေတာ့အမွန္ပါ။ တခ်ိဳ႕ဝန္ထမ္းေလးေတြကလစာေရာ Bonus ေရာရတာမို႔ေငြမလိုေသးလို႔ေခ်းေငြမယူေတာ့ပါဘူး၊ အစ္ကိုနဲ႔မမတို႔ကုန္က်တာေတြအရမ္းမ်ားတာသိလို႔ပါဆိုတဲ့သူေတြေတာင္ရွိတယ္။ ဘာပဲျဖစ္ျဖစ္သူတို႔ေလးေတြေပ်ာ္ေနတာေတြ႕ေတာ့ေက်နပ္ရပါတယ္။ တစ္ခ်ိဳ႕ဝန္ထမ္းေလးေတြဆိုရတဲ့ေငြစုစုေပါင္းက

သိန္းဆယ္ဂဏာန္းအထက္ငွက္တစ္ေသာင္းနားႏိုင္တဲ့သစ္ပင္ေကာင္းတစ္ပင္မျဖစ္ႏိုင္ေသးေပမယ့္ကိုယ့္ပါတ္ဝန္းက်င္ကလူေတြကိုလုံၿခဳံတဲ့အရိပ္အာဝါသေပးႏိုင္တဲ့သစ္ပင္ေလးတစ္ပင္ျဖစ္ခြင့္ရတာကိုေက်နပ္မိပါတယ္။ အားလုံးလည္း ဒီကာလႀကီးကို အဆင္ေျပေျပနဲ႔ ျဖတ္ေက်ာ္ႏိုင္ၾကပါေနာ္​။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဒီအချိန်မှာအိမ်မှာနေတဲ့ဝန်ထမ်းတချို့ကလွဲရင်ကိုယ့်ဝန်ထမ်းတွေကိုအလုပ်မဆင်းခိုင်းပေမယ့်ထောက်ပံ့ရိက္ခာနဲ့ထိုက်သင့်တဲ့လစာပေးထားခဲ့တယ်။ ဒါပေမယ့်တချို့ဝန်ထမ်းလေးတွေရဲ့တခြားမိသားစုဝင်တွေအရင်လိုအလုပ်အကိုင်တွေအဆင်မပြေကြတော့တာကြားမိတယ်။ တချို့ဝန်ထမ်းတွေရဲ့မိသားစုဝင် Taxi ဆွဲတဲ့သူရှိတယ်။ တချို့ကဈေးဆိုင်ဖွင့်ထားတယ်။ တချို့က စာသင်တယ်။တချို့ကကျောင်းကားဆွဲတယ်စသဖြင့်ပေါ့။ ဒါပေမယ့်ဒီကာလမှာကတချို့အလုပ်အကိုင်တွေက

ဝင်ငွေနည်းသွားတယ်။ တချို့ကဝင်ငွေလုံးဝမရှိတော့ဘူး။ လစာအရမ်းကောင်းကြတဲ့ဝန်ထမ်းတွေမဟုတ်ရင်အိမ်တစ်အိမ်မှာကလေးင.ယ်တွေကလွဲပြီးမိသားစုဝင်အကုန်လုံးနီးပါးအလုပ်လုပ်မှအဆင်ပြေမယ့် ကာလမို့အခုချိန်တော်တော်များများအဆင်မပြေဘူး။ Lady Grace Diamond Land ကရတဲ့လစာနဲ့ထောက်ပံ့ရိက္ခာကြောင့်စားစရိတ်မပူရပေမယ့်အိမ်ငှားနေတဲ့သူတွေအတွက်အိမ်ငှားခပူရနိုင်တယ်။ ကလေးအင.ယ်လေးရှိသူတွေအတွက်နို့မှုန့်ဖိုး၊ သ.က်ကြီးရွယ်အိုအမိအဖ

ရှိသူတွေအတွက်ဆေးဖိုး၊ စတဲ့တခြားကုန်ကျစရိတ်တွေအတွက်ငွေလိုနိုင်တယ်လို့တွေးမိတယ်။ ဒါကြောင့်ဝန်ထမ်းတစ်ဦးစီကိုသူတို့ရသင့်တဲ့လစာနဲ့ထောက်ပံ့ရိက္ခာအပြင် ၂ လစာချေးငွေကိုပါထု.တ်ချေးခဲ့တယ်။ လုံးဝအတိုးမဲ့ပါ။ လုပ်ငန်းတွေပုံမှန်ပြန်လည်ပါတ်တဲ့အချိန်ရောက်မှလစဉ်ခွဲပြီးဆပ်ရုံပါ။ ဒီလိုလုပ်ပေးဖို့ကအများကြီးစဉ်းစားရပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာပါ။ ဝန်ထမ်းတွေအနေနဲ့ချေးငွေကတစ်ယောက်ကို ၂ လစာပဲရတာဆိုပေမယ့်ဝန်ထမ်းအားလုံးကို

ပေးရတဲ့ဆိုင်အနေနဲ့ကသိန်းရာနဲ့ချီတယ်လေ၊ ဒါတောင် Video ထဲမှာနယ်ပြန်သွားတဲ့ဝန်ထမ်းတွေနဲ့ပန်းတိမ်ဆရာတွေမပါသေးဘူး။ အရင်က Online ရောင်းအားအပြင်၊ ဆိုင် ၂ ဆိုင်စာရောင်းအားရှိနေတော့ဝင်ငွေပိုကောင်းတယ်။ ဒါပေမယ့်အခုက Online ရောင်းအားပဲရှိတာကြောင့် ဝင်ငွေကအရင်နဲ့စာရင်၃ပုံ၁ပုံပဲရှိတယ်။ ဒါပေမယ့်ကိုယ့်ထက်ပိုခက်ခဲနိုင်မယ့်ဝန်ထမ်းမိသားစုတွေကို စဉ်းစားမိပြီးဒီအစီအစဉ်လေးလုပ်ပေးဖြစ်ခဲ့တာပါ။ ဒီလိုအကြ.ပ်အတ.ည်းကာလမှာ

မထင်ထားခဲ့တဲ့ဝန်ထမ်းကလေးတွေစီကမမတို့နဲ့အတူ အခ.က် အခဲကာလကိုအတူတူဖြတ်ကျော်မယ်ဆိုတဲ့ စိတ်လေးတွေတွေ့ရလို့ကျေနပ်မိတာတော့အမှန်ပါ။ တချို့ဝန်ထမ်းလေးတွေကလစာရော Bonus ရောရတာမို့ငွေမလိုသေးလို့ချေးငွေမယူတော့ပါဘူး၊ အစ်ကိုနဲ့မမတို့ကုန်ကျတာတွေအရမ်းများတာသိလို့ပါဆိုတဲ့သူတွေတောင်ရှိတယ်။ ဘာပဲဖြစ်ဖြစ်သူတို့လေးတွေပျော်နေတာတွေ့တော့ကျေနပ်ရပါတယ်။ တစ်ချို့ဝန်ထမ်းလေးတွေဆိုရတဲ့ငွေစုစုပေါင်းက

သိန်းဆယ်ဂဏာန်းအထက်ငှက်တစ်သောင်းနားနိုင်တဲ့သစ်ပင်ကောင်းတစ်ပင်မဖြစ်နိုင်သေးပေမယ့်ကိုယ့်ပါတ်ဝန်းကျင်ကလူတွေကိုလုံခြုံတဲ့အရိပ်အာဝါသပေးနိုင်တဲ့သစ်ပင်လေးတစ်ပင်ဖြစ်ခွင့်ရတာကိုကျေနပ်မိပါတယ်။ အားလုံးလည်း ဒီကာလကြီးကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်ကြပါနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

crd