ဖခင်ရဲ့မင်္ဂလာပွဲကြောင့် ကူကယ်ရာမယ့်နေရှာတဲ့ မောင်နှမ နှစ်ယောက်
ဆေးခန်းပို့ပေးမယ့်သူမရှိ၍ အဖျားတက်နေတဲ့ မောင်လေးကို ကိုယ်တိုင်ပွေ့ချီ၍ ဆေးခန်းသို့လာပြတဲ့ ကလေးမလေး
ဆေးခန်းပို့ပေးမယ့်မရှိ၍ အဖျားတက်နေတဲ့မောင်လေးကို
ကိုယ်တိုင်ပွေ့ချီ၍ဆးခန်းသို့လာပြခဲ့သော ၇နှစ်အရွယ်ကလေးမလေး
လောကကြီးတွင် မောင်နှမတို့၏ ချစ်ခြင်းမေတ္တာသည်လည်း နက်ရှိုင်းဆုံးဖြစ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ၇နှစ်အရွယ်သာ ရှိသေးသော က လေးမလေးသည်
ကံမကောင်းစွာဖြင့် မိခင်ဖြစ်သူ ဆုံးသွားတာမှ မကြာသေးပဲ
ဖခင်ဖြစ်သူမှာ အခြားမိန်းမ တစ်ယောက်နှင့် မင်္ဂလာပွဲ ကျင်းပနေခဲ့သည်။
ထို့ကြောင့် အိမ်တွင် ဘယ်သူမှ မရှိစဉ် မောင်လေး ဖြစ်သည့် ၁နှစ် သားလေးသည်
ရုတ်တရက် ကိုယ်တွေ ပူလာပြီး အဖျား တက်နေခဲ့ရာ ကလေးမလေးသည်
မိခင်ဖြစ်သူ ရှိစဉ်ကအတိုင်း နဖူးအား လက်ကလေးနှင့် စမ်းကြည့်ပြီး ဖျားနေပြီဆိုတာ သိခဲ့သည်။
အကူအညီ တောင်းရအောင်လည်း ဖခင်ဖြစ်သူမှာ မင်္ဂလာ ဆောင်နှင့် အလုပ်ရှုပ်နေသည့်အတွက်
အဘွားဖြစ်သူဆီ အပြေးသွားခဲ့သော်လည်း အဖေရဲ့ မင်္ဂလာပွဲကို
လာဖျတ်တာလား ဆိုပြီး ဂရုမစိုက်သည့်အပြင် အပြစ်တင်တာ ခံလိုက်ရသေးသည်။
ကလေးမလေးလည်း မတတ်နိုင်သည့်အဆုံး မောင်လေးအား ကောက်ချီပြီး
နီးစပ်ရာ ဆေးခန်းသို့ အပြေးအလွှား သွားပြခဲ့စဉ် ဆရာဝန်မှ ကြည့်ရှုပေးခဲ့ပြီး
ကလေးမလေးအား အုပ်ထိန်း သူမပါပဲ လာခဲ့၍ အကျိုးအကြောင်းအား
မေးမြန်းပြီးနောက် အံ့အားသင့် နေခဲ့တော့သည်။
#ခရက်ဒစ်
zawgyi
ဖခင္ရဲ႕မဂၤလာပြဲေၾကာင့္ ကူကယ္ရာမယ့္ေနရွာတဲ့ ေမာင္ႏွမ ႏွစ္ေယာက္
ေဆးခန္းပို႔ေပးမယ့္သူမရွိ၍ အဖ်ားတက္ေနတဲ့ ေမာင္ေလးကို ကိုယ္တိုင္ေပြ႕ခ်ီ၍ ေဆးခန္းသို႔လာျပတဲ့ ကေလးမေလး
ေဆးခန္းပို႔ေပးမယ့္မရွိ၍ အဖ်ားတက္ေနတဲ့ေမာင္ေလးကို
ကိုယ္တိုင္ေပြ႕ခ်ီ၍ဆးခန္းသို႔လာျပခဲ့ေသာ ၇ႏွစ္အ႐ြယ္ကေလးမေလး
ေလာကႀကီးတြင္ ေမာင္ႏွမတို႔၏ ခ်စ္ျခင္းေမတၱာသည္လည္း နက္ရွိုင္းဆုံးျဖစ္သည္။
သို႔ျဖစ္၍ ဗီယက္နမ္နိုင္ငံမွ ၇ႏွစ္အ႐ြယ္သာ ရွိေသးေသာ က ေလးမေလးသည္
ကံမေကာင္းစြာျဖင့္ မိခင္ျဖစ္သူ ဆုံးသြားတာမွ မၾကာေသးပဲ
ဖခင္ျဖစ္သူမွာ အျခားမိန္းမ တစ္ေယာက္ႏွင့္ မဂၤလာပြဲ က်င္းပေနခဲ့သည္။
ထို႔ေၾကာင့္ အိမ္တြင္ ဘယ္သူမွ မရွိစဥ္ ေမာင္ေလး ျဖစ္သည့္ ၁ႏွစ္ သားေလးသည္
႐ုတ္တရက္ ကိုယ္ေတြ ပူလာၿပီး အဖ်ား တက္ေနခဲ့ရာ ကေလးမေလးသည္
မိခင္ျဖစ္သူ ရွိစဥ္ကအတိုင္း နဖူးအား လက္ကေလးႏွင့္ စမ္းၾကည့္ၿပီး ဖ်ားေနၿပီဆိုတာ သိခဲ့သည္။
အကူအညီ ေတာင္းရေအာင္လည္း ဖခင္ျဖစ္သူမွာ မဂၤလာ ေဆာင္ႏွင့္ အလုပ္ရႈပ္ေနသည့္အတြက္
အဘြားျဖစ္သူဆီ အေျပးသြားခဲ့ေသာ္လည္း အေဖရဲ႕ မဂၤလာပြဲကို
လာဖ်တ္တာလား ဆိုၿပီး ဂ႐ုမစိုက္သည့္အျပင္ အျပစ္တင္တာ ခံလိုက္ရေသးသည္။
ကေလးမေလးလည္း မတတ္နိုင္သည့္အဆုံး ေမာင္ေလးအား ေကာက္ခ်ီၿပီး
နီးစပ္ရာ ေဆးခန္းသို႔ အေျပးအလႊား သြားျပခဲ့စဥ္ ဆရာဝန္မွ ၾကည့္ရႈေပးခဲ့ၿပီး
ကေလးမေလးအား အုပ္ထိန္း သူမပါပဲ လာခဲ့၍ အက်ိဳးအေၾကာင္းအား
ေမးျမန္းၿပီးေနာက္ အံ့အားသင့္ ေနခဲ့ေတာ့သည္။
#ခရက္ဒစ္



