အိမ္ႏွစ္လုံးဝယ္ႏိုင္ဖို႔အတြက္ လစာရဲ႕ ၉၀ ရာခိုင္ႏႈန္းကို စုေဆာင္းခဲ့တဲ့အျပင္ ကိုးႏွစ္ၾကာ တစ္ပတ္ရစ္အဝတ္အစားမ်ားကိုသာဝတ္ဆင္ခဲ့တဲ့ အမ်ိဳးသမီး
တ႐ုတ္ႏိုင္ငံရွိ အသက္ 32 ႏွစ္အ႐ြယ္ Wang Shennai အမည္ရွိအမ်ိဳးသမီးဟာ ကိုးႏွစ္ၾကာ သူမလစာရဲ႕ 90% ကို ေခြၽတာစုေဆာင္းခဲ့ျခင္းက Jiangsu ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Nanjing မွာ အိမ္ရာႏွစ္ခုကိုပိုင္ဆိုင္သြားႏိုင္တဲ့အေၾကာင္းရင္းလို႔ QQ QQ social media platform ရွိ Talk to Her အစီအစဥ္မွာေျပာၾကားခဲ့ပါတယ္။
Wang ဟာ သူမက ကိုးႏွစ္ၾကာတစ္ပတ္ရစ္အဝတ္အစားမ်ားကိုသာ ဝတ္ဆင္ခဲ့ေပမဲ့..သူမအတြင္းခံအတြက္ေတာ့..တစ္ႏွစ္ကို ယြမ္ 100 ($15.6) ေအာက္ေလာက္သုံးစြဲခဲ့ေၾကာင္းဆိုခဲ့ပါတယ္။ ဘာလို႔ဆို သူမက တျခားသူရဲ႕အတြင္းခံကိုေတာ့ဝတ္ဖို႔ စိတ္ကူးမရွိတာေၾကာင့္လို႔လည္း ဆိုခဲ့ပါတယ္။ တစ္ခါမွမဝတ္ဖူးေသးတဲ့ အဝတ္အစားမ်ားကိုဝယ္ရတာႀကိဳက္တဲ့ သူမသူငယ္ခ်င္းတစ္ေယာက္က သူမအဝတ္အစားအေဟာင္းေတြထဲက ကိုယ္ႀကိဳက္တာကိုေ႐ြးယူဖို႔ သူမအားေျပာေလ့ရွိခဲ့တာကိုလည္း Wang က ေျပာျပခဲ့ပါတယ္။
ေနာက္ၿပီး သူမဟာ စရိတ္ႀကီးတဲ့ပါတီပြဲေတြကိုလုံးဝမတက္ေတာ့ဘဲ ဇိမ္ခံပစၥည္းေတြဝယ္ဖို႔လည္း ဘယ္တုန္းကမွမေတြးခဲ့ဖူးသလို သူမက အြန္လိုင္းမွရွာေတြ႕တဲ့ကူပြန္မ်ားကိုအသုံးျပဳၿပီး delivery ခကိုလည္း တတ္ႏိုင္သမွ် ေလ်ာ့ခ်ခဲ့ပါတယ္။Wang ဟာ သူမရဲ႕လစာကိုေတာ့ ထုတ္ေဖာ္မေျပာျပခဲ့ပါဘူး။ အိမ္ေထာင္က်ၿပီး သမီးတစ္ေယာက္ရွိတဲ့သူမရဲ႕ေနထိုင္မႈပုံစံကလည္း ခင္ပြန္းျဖစ္သူကိုထိေရာက္ေစခဲ့တာေၾကာင့္ သူ႔မရဲ႕ခင္ပြန္းက WeChat ေလာက္ဘဲသုံးႏိုင္တဲ့ ဒိတ္ေအာက္တဲ့မိုဘိုင္းလ္ဖုန္းကိုသာအသုံးျပဳခဲ့ရေၾကာင္းလည္းဆိုခဲ့ပါတယ္။
” တခ်ိဳ႕လူေတြက ပိုက္ဆံကုန္ရင္ေပ်ာ္ၾကေပမယ့္ ငါဆို လုံးဝမေပ်ာ္ဘူး။ ပိုက္ဆံသုံးတဲ့အခါ စိတ္ဖိစီးမႈေတြနဲ႔ စိုးရိမ္ပူပန္မႈေတြဘဲခံစားရတယ္” လို႔ Wang ကဆိုခဲ့ပါတယ္။သူမမွ်ေဝထားတဲ့ဗီဒီယိုဟာ Weibo မွာ ၾကည့္ရႈသူ သန္း 500 ေက်ာ္ရွိသြားခဲ့ၿပီး Wang ရဲ႕ေငြေၾကးေခြၽတာမႈလွ်ိဳ႕ဝွက္ခ်က္ႏွင့္ သူမရဲ႕ေနထိုင္မႈပုံစံက အလြန္အမင္းလြန္ကဲျခင္းရွိ၊ မရွိလား၊ တ႐ုတ္လူငယ္မ်ားအေနနဲ႔လိုက္နာသင့္သလား ဆိုတဲ့အခ်က္မ်ားျဖင့္ netizen မ်ားၾကား အျငင္းပြါးမႈမ်ားျဖစ္ပြါးသြားခဲ့ပါတယ္။
အင္တာနက္သုံးစြဲသူမ်ားက ” ဘာလို႔ အဲလိုေနေနရတာလဲ? သူ ေသသြားရင္ ပိုက္ဆံေတာင္ ယူသြားလို႔ရမွာမဟုတ္ဘူး..” ၊ “ သူမက ႐ုပ္ဝတၳဳတပ္မက္ျခင္း အျပည့္ရွိတဲ့လူ႔အဖြဲ႕အစည္းရဲ႕ေသြးေဆာင္မႈကိုေရွာင္ၾကဥ္ႏိုင္တဲ့ပညာရွိတစ္ေယာက္ပါ။လုပ္ေဖာ္ကိုင္ဖက္ေတြလို မိဘေတြကိုအားမကိုးဘဲ သူ႔ဘာသာသူ အိမ္တစ္လုံးဝယ္ႏိုင္တာက အရမ္းေကာင္းပါတယ္ ” စတဲ့မွတ္ခ်က္မ်ိဳးစုံျဖင့္ တုံ႔ျပန္ခဲ့ၾကပါတယ္။
ထို႔ေနာက္ Wang က အိမ္တစ္လုံးဝယ္ျခင္းက သူမကို လုံၿခဳံေစတဲ့အျပင္ သူမရဲ႕ကိုးႏွစ္စာစုေဆာင္းေငြအားလုံးကို ေလာင္းထည့္ႏိုင္တဲ့ေနရာတစ္ခုလည္းျဖစ္ၿပီး အိမ္ႀကီးပဲျဖစ္ျဖစ္၊ ေသးေသးေလးပဲျဖစ္ျဖစ္ ၎ကို အမ်ိဳးသမီးေတြအေနနဲ႔ အမွန္တကယ္ပိုင္ဆိုင္ရဖို႔လိုအပ္သလို… က်ရႈံးသြားတဲ့အခါမွာလည္း အိမ္ကိုျပန္ထုတ္ေရာင္းလို႔ရေၾကာင္း ေျပာၾကားခဲ့ၿပီး “ မတြန႔္တိုဘဲ၊ ကိုယ့္အသက္ကို တန္ဖိုးထားပါလို႔ ကြၽန္မရဲ႕ပရိသတ္ေတြကို ကြၽန္မ ေျပာခဲ့သလိုဘဲ ေခြၽတာစုေဆာင္းတာကလည္း ရွက္စရာမဟုတ္ပါဘူး ” လို႔ Wang က ထပ္မံေျပာၾကားခဲ့ပါတယ္
Crd
Zawgyi
အိမ်နှစ်လုံးဝယ်နိုင်ဖို့အတွက် လစာရဲ့ ၉၀ ရာခိုင်နှုန်းကို စုဆောင်းခဲ့တဲ့အပြင် ကိုးနှစ်ကြာ တစ်ပတ်ရစ်အဝတ်အစားများကိုသာဝတ်ဆင်ခဲ့တဲ့ အမျိုးသမီး
တရုတ်နိုင်ငံရှိ အသက် 32 နှစ်အရွယ် Wang Shennai အမည်ရှိအမျိုးသမီးဟာ ကိုးနှစ်ကြာ သူမလစာရဲ့ 90% ကို ချွေတာစုဆောင်းခဲ့ခြင်းက Jiangsu ပြည်နယ်ရဲ့ မြို့တော် Nanjing မှာ အိမ်ရာနှစ်ခုကိုပိုင်ဆိုင်သွားနိုင်တဲ့အကြောင်းရင်းလို့ QQ QQ social media platform ရှိ Talk to Her အစီအစဉ်မှာပြောကြားခဲ့ပါတယ်။
Wang ဟာ သူမက ကိုးနှစ်ကြာတစ်ပတ်ရစ်အဝတ်အစားများကိုသာဝတ်ဆင်ခဲ့ပေမဲ့ သူမအတွင်းခံအတွက်တော့ တစ်နှစ်ကို ယွမ် 100 ($15.6) အောက်လောက်သုံးစွဲခဲ့ကြောင်းဆိုခဲ့ပါတယ်။ ဘာလို့ဆို သူမက တခြားသူရဲ့အတွင်းခံကိုတော့ဝတ်ဖို့ စိတ်ကူးမရှိတာကြောင့်လို့လည်း ဆိုခဲ့ပါတယ်။ တစ်ခါမှမဝတ်ဖူးသေးတဲ့ အဝတ်အစားများကိုဝယ်ရတာကြိုက်တဲ့ သူမသူငယ်ချင်းတစ်ယောက်က သူမအဝတ်အစားအဟောင်းတွေထဲက ကိုယ်ကြိုက်တာကိုရွေးယူဖို့ သူမအားပြောလေ့ရှိခဲ့တာကိုလည်း ..Wang က ပြောပြခဲ့ပါတယ်။
နောက်ပြီး သူမဟာ စရိတ်ကြီးတဲ့ပါတီပွဲတွေကိုလုံးဝမတက်တော့ဘဲ ဇိမ်ခံပစ္စည်းတွေဝယ်ဖို့လည်း ဘယ်တုန်းကမှမတွေးခဲ့ဖူးသလို သူမက အွန်လိုင်းမှရှာတွေ့တဲ့ကူပွန်များကိုအသုံးပြုပြီး delivery ခကိုလည်း တတ်နိုင်သမျှ လျော့ချခဲ့ပါတယ်။Wang ဟာ သူမရဲ့လစာကိုတော့ ထုတ်ဖော်မပြောပြခဲ့ပါဘူး။ အိမ်ထောင်ကျပြီး သမီးတစ်ယောက်ရှိတဲ့သူမရဲ့နေထိုင်မှုပုံစံကလည်း ခင်ပွန်းဖြစ်သူကိုထိရောက်စေခဲ့တာကြောင့် သူ့မရဲ့ခင်ပွန်းက WeChat လောက်ဘဲသုံးနိုင်တဲ့ ဒိတ်အောက်တဲ့မိုဘိုင်းလ်ဖုန်းကိုသာအသုံးပြုခဲ့ရကြောင်းလည်းဆိုခဲ့ပါတယ်။
” တချို့လူတွေက ပိုက်ဆံကုန်ရင်ပျော်ကြပေမယ့် ငါဆို လုံးဝမပျော်ဘူး။ ပိုက်ဆံသုံးတဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေဘဲခံစားရတယ်” လို့ Wang ကဆိုခဲ့ပါတယ်။သူမမျှဝေထားတဲ့ဗီဒီယိုဟာ Weibo မှာ ကြည့်ရှုသူ သန်း 500 ကျော်ရှိသွားခဲ့ပြီး Wang ရဲ့ငွေကြေးချွေတာမှုလျှို့ဝှက်ချက်နှင့် သူမရဲ့နေထိုင်မှုပုံစံက အလွန်အမင်းလွန်ကဲခြင်းရှိ၊ မရှိလား၊ တရုတ်လူငယ်များအနေနဲ့လိုက်နာသင့်သလား ဆိုတဲ့အချက်များဖြင့် netizen များကြား အငြင်းပွါးမှုများဖြစ်ပွါးသွားခဲ့ပါတယ်။
အင်တာနက်သုံးစွဲသူများက ” ဘာလို့ အဲလိုနေနေရတာလဲ? သူ သေသွားရင်.. ပိုက်ဆံတောင် ယူသွားလို့ရမှာမဟုတ်ဘူး..” ၊ “ သူမက ရုပ်ဝတ္ထုတပ်မက်ခြင်း အပြည့်ရှိတဲ့လူ့အဖွဲ့အစည်းရဲ့သွေးဆောင်မှုကိုရှောင်ကြဉ်နိုင်တဲ့ပညာရှိတစ်ယောက်ပါ။လုပ်ဖော်ကိုင်ဖက်တွေလို မိဘတွေကိုအားမကိုးဘဲ သူ့ဘာသာသူ အိမ်တစ်လုံးဝယ်နိုင်တာက အရမ်းကောင်းပါတယ် ” စတဲ့မှတ်ချက်မျိုးစုံဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။
ထို့နောက် Wang က အိမ်တစ်လုံးဝယ်ခြင်းက သူမကို လုံခြုံစေတဲ့အပြင် သူမရဲ့ကိုးနှစ်စာစုဆောင်းငွေအားလုံးကို လောင်းထည့်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပြီး အိမ်ကြီးပဲဖြစ်ဖြစ်၊ သေးသေးလေးပဲဖြစ်ဖြစ် ၎င်းကို အမျိုးသမီးတွေအနေနဲ့ အမှန်တကယ်ပိုင်ဆိုင်ရဖို့လိုအပ်သလို ကျရှုံးသွားတဲ့အခါမှာလည်း အိမ်ကိုပြန်ထုတ်ရောင်းလို့ရကြောင်း ပြောကြားခဲ့ပြီး “ မတွန့်တိုဘဲ၊ ကိုယ့်အသက်ကို တန်ဖိုးထားပါလို့ ကျွန်မရဲ့ပရိသတ်တွေကို ကျွန်မ ပြောခဲ့သလိုဘဲ ချွေတာစုဆောင်းတာကလည်း ရှက်စရာမဟုတ်ပါဘူး ” လို့ Wang က ထပ်မံပြောကြားခဲ့ပါတယ်
Crd