ၾကားသိရသမွ်

မြန်မာ့စီးပွားရေးဘဏ်တွင် ငွေမရှိ၍ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်း

ဧရာဝတီတိုင်းအတွင်းရှိ ဗဟိုဘဏ် လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ငွေမရှိ၍ တိုင်းဒေသကြီးအတွင်းရှိ တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းနေကြောင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များထံက သိရသည်။

“ ငွေထုတ်ခွင့်လည်းကျပြီးပြီ ။ လုပ်ငန်းက ၅၀ရာခိုင်နှုန်းတောင် ပြီးတော့မယ်။ ငွေမထုတ်ပေးတော့ ဆက်မလုပ်နိုင်ကြတော့ဘူး ။ အကုန်ရပ်ထားရတယ်။ ငွေသွားထုတ်တာ အခေါက်ပေါင်းမနည်းတော့ဘူး ။

တစ်ခါမှ ရမလာဘူး။ အပြင်ဘဏ်တွေဆိုရင်မှ Mobile Banking(ဖုန်းဖြင့် ငွေပေး၊ငွေယူ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် စနစ်) နဲ့ ငွေချေလို့ရနိုင်သေးတယ် ။ ဗဟိုဘဏ်ကျ ဘာမှလုပ်မရဘူး။ ပြီးတော့ ဗဟိုဘဏ်က ပိုက်ဆံထုတ်ပေးတာမှာ ဒီအတိုင်းပေးတာမဟုတ်ဘူး။ အခုနောက်ပိုင်း စေတနာကြေးဆိုပြီးတော့ တစ်ရာခိုင်နှုန်း အမြဲတောင်းတယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အစိုးရထံက တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းများသည် ကိုယ်ပိုင်ငွေစိုက်ထုတ်ကာ လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရပြီး ယင်းသို့ ဆောင်ရွက်ပြီးစီးကြောင်း သက်ဆိုင်ရာ အစိုးရဌာနထံ တင်ပြပြီးမှသာ ငွေထုတ်ယူခွင့်ရရှိခြင်းဖြစ်သည်။

“တင်ဒါငွေတွေပဲ ထုတ်မရတာလားဆိုပြီး တခြားအရင်က ငွေအပ်ထားဖူးသူတွေကို လိုက်မေးတော့လည်း အဲဒီအတိုင်းပဲ။ ထုတ်မရဘူးဖြစ်နေတာ၊ ပင်စင်နဲ့လစာပဲ ထုတ်ပေးနေတယ်။ မေးတော့လည်း အကြောင်းပြချက်မရှိဘူး ။ နောက်တစ်ပတ်လာပါလို့ပဲ ပြောတယ်။

ပစ္စည်းဖိုးအကြွေးတွေလည်း မပေးနိုင် လုပ်သားတွေကိုလည်း လုပ်ခမရှင်းနိုင်မို့ အလုပ်တွေ နားလိုက်ရတယ်။ နားတော့လည်း အလုပ်သမားက အလုပ်မရှိတော့ ဒုက္ခရောက်ပြန်ရောဆိုတော့ ဘာလုပ်ရမယ်ကို မသိတာ”ဟု စီးပွားရေးဘဏ်တွင် ကိုယ်တိုင်ငွေ သွားရောက်ထုတ်ယူခဲ့သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာနှင့် ဝန်ထမ်းလစာများကိုသာ ထုတ်ပေးလျက်ရှိပြီး ပြင်ပငွေထုတ်ယူခွင့် မပြုသည်မှာ နှစ်ပတ်ကျော် ကြာမြင့်နေပြီဟု သိရသည်။

——————————

ဧရာဝတီတိုင္းအတြင္းရွိ ဗဟိုဘဏ္ လက္ေအာက္ခံ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ ေငြမရွိ၍ တိုင္းေဒသႀကီးအတြင္းရွိ တင္ဒါေအာင္ ေဆာက္လုပ္ေရးလုပ္ငန္းအားလုံး ရပ္ဆိုင္းေနေၾကာင္းေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္း၏ အသင္းဝင္မ်ားထံက သိရသည္။

စက္တင္ဘာလ ေႏွာင္းပိုင္းက စတင္ကာ ေငြထုတ္ယူခြင့္ရရွိၿပီးျဖစ္သည့္ တင္ဒါေအာင္ ေဆာက္လုပ္ေရးကုမၸဏီမ်ားအား ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားက ေငြမရွိဟုဆိုကာ ေငြထုတ္မေပး၍ လုပ္ငန္းမ်ားဆက္လက္ လုပ္ကိုင္မရေတာ့ျခင္းျဖစ္သည္။

“ ေငြထုတ္ခြင့္လည္းက်ၿပီးၿပီ ။ လုပ္ငန္းက ၅၀ရာခိုင္ႏႈန္းေတာင္ ၿပီးေတာ့မယ္။ ေငြမထုတ္ေပးေတာ့ ဆက္မလုပ္ႏိုင္ၾကေတာ့ဘူး ။ အကုန္ရပ္ထားရတယ္။ ေငြသြားထုတ္တာ အေခါက္ေပါင္းမနည္းေတာ့ဘူး ။

တစ္ခါမွ ရမလာဘူး။ အျပင္ဘဏ္ေတြဆိုရင္မွ Mobile Banking(ဖုန္းျဖင့္ ေငြေပး၊ေငြယူ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္သည့္ စနစ္) နဲ႔ ေငြေခ်လို႔ရႏိုင္ေသးတယ္ ။ ဗဟိုဘဏ္က် ဘာမွလုပ္မရဘူး။ ၿပီးေတာ့ ဗဟိုဘဏ္က ပိုက္ဆံထုတ္ေပးတာမွာ ဒီအတိုင္းေပးတာမဟုတ္ဘူး။ အခုေနာက္ပိုင္း ေစတနာေၾကးဆိုၿပီးေတာ့ တစ္ရာခိုင္ႏႈန္း အၿမဲေတာင္းတယ္”ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

အစိုးရထံက တင္ဒါေအာင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ ကိုယ္ပိုင္ေငြစိုက္ထုတ္ကာ လုပ္ငန္း ၂၅ ရာခိုင္ႏႈန္းၿပီးစီးေအာင္ ေဆာင္႐ြက္ရၿပီး ယင္းသို႔ ေဆာင္႐ြက္ၿပီးစီးေၾကာင္း သက္ဆိုင္ရာ အစိုးရဌာနထံ တင္ျပၿပီးမွသာ ေငြထုတ္ယူခြင့္ရရွိျခင္းျဖစ္သည္။

“တင္ဒါေငြေတြပဲ ထုတ္မရတာလားဆိုၿပီး တျခားအရင္က ေငြအပ္ထားဖူးသူေတြကို လိုက္ေမးေတာ့လည္း အဲဒီအတိုင္းပဲ။ ထုတ္မရဘူးျဖစ္ေနတာ၊ ပင္စင္နဲ႔လစာပဲ ထုတ္ေပးေနတယ္။ ေမးေတာ့လည္း အေၾကာင္းျပခ်က္မရွိဘူး ။ ေနာက္တစ္ပတ္လာပါလို႔ပဲ ေျပာတယ္။

ပစၥည္းဖိုးအေႂကြးေတြလည္း မေပးႏိုင္ လုပ္သားေတြကိုလည္း လုပ္ခမရွင္းႏိုင္မို႔ အလုပ္ေတြ နားလိုက္ရတယ္။ နားေတာ့လည္း အလုပ္သမားက အလုပ္မရွိေတာ့ ဒုကၡေရာက္ျပန္ေရာဆိုေတာ့ ဘာလုပ္ရမယ္ကို မသိတာ”ဟု စီးပြားေရးဘဏ္တြင္ ကိုယ္တိုင္ေငြ သြားေရာက္ထုတ္ယူခဲ့သူတစ္ဦးက ေျပာသည္။

ဧရာဝတီတိုင္းအတြင္းရွိ ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ ပင္စင္လစာႏွင့္ ဝန္ထမ္းလစာမ်ားကိုသာ ထုတ္ေပးလ်က္ရွိၿပီး ျပင္ပေငြထုတ္ယူခြင့္ မျပဳသည္မွာ ႏွစ္ပတ္ေက်ာ္ ၾကာျမင့္ေနၿပီဟု သိရသည္။