လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ လူကယ်ပြန် ဝန်ကြီးဒေါ်သက်သက်ခိုင် ပြော
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ဟာလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့တဲ့
လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒကို ချမှတ်ဆောင်ရွက်နေတဲ့ ဌာနတစ်ခု ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကပြောဆိုလိုက်ပါတယ်။
ဒီနေ့နိုင်ဝင်ဘာ(၁) ရက်နေ့မှာ Myanmar Royal Fortune ကုမ္ပဏီနဲ့ Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က
အနွေးထည် (၄၀၀၀)ထည် ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ကိုလာရောက်လှူဒါန်းချိန်မှာ ပြောဆိုခဲ့တဲ့ ကျေးဇူးတင်မိန်ခွန်းမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်မှစပြီး ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအပါအဝင် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာအနေနဲ့ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေ လတ်တလော
သက်သာချောင်ချိမှုရရှိစေရေး ထောက်ပံ့ပေးတာတွေ၊ ဘေးသင့်ပြည်သူတွေအတွက် အချိန်နဲ့တပြေးညီ ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတွေ၊ အရေးပေါ်တုံ့ပြန်ရေးပစ္စည်းတွေ၊
အထောက်အကူပြုပစ္စည်းတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်တွေရှိ သိုလှောင်ရုံအသီးသီးမှာကြိုတင်စုဆောင်း သိုလှောင်ထားရှိတာတွေ ဆောင်ရွက်နေပါတယ်။
အဲ့ဒီအပြင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ မူးယစ်ဆေးဖြတ်ပြီးသူတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာတွေ တိုင်းရင်းသားဒေသတွေမှာ
မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေနဲ့ ထိခိုက်ခံစားရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်” လို့ ပြောဆိုခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ ကာလတွေမှာ အားအနည်းငယ်မှ အသင့်အတင့်ရှိတဲ့ လာနီညာအဆင့်ရာသီဥတု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင်အအေးပိုင်း ဒေသတွေမှာ အနွေးထည်တွေ လိုအပ်နိုင်တဲ့အတွက်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) ကတစ်ဆင့် လိုအပ်နေတဲ့ ဒေသတွေက ပြည်သူတွေကို ဖြန့်ဝေပေးမှာ ဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင် ကပြောခဲ့ပါတယ်။
———–
လူ႔ဂုဏ္သိကၡာအျပည့္အဝရရွိႏိုင္မယ့္ လူ႔အသိုက္အဝန္းေပၚေပါက္လာေစေရးအတြက္ ေဆာင္႐ြက္ေနတဲ့ ဝန္ႀကီးဌာနျဖစ္တယ္လို႔ လူကယ္ျပန္ ဝန္ႀကီးေဒၚသက္သက္ခိုင္ ေျပာ
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာ ဟာလူ႔ဂုဏ္သိကၡာအျပည့္အဝရရွိႏိုင္မယ့္ လူ႔အသိုက္အဝန္းေပၚေပါက္လာေစေရးနဲ႔ အားလုံးအက်ဳံးဝင္ၿပီး ေရရွည္တည္တံ့တဲ့
လူမႈကာကြယ္ေစာင့္ေရွာက္ေရးနည္းလမ္းေတြနဲ႔ ျပည္သူလူထု လြတ္လပ္လုံၿခဳံစြာ ဖြံ႕ၿဖိဳးတိုးတက္ေစေရးမူဝါဒကို ခ်မွတ္ေဆာင္႐ြက္ေနတဲ့ ဌာနတစ္ခု ျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ ကေျပာဆိုလိုက္ပါတယ္။
ဒီေန႔ႏိုင္ဝင္ဘာ(၁) ရက္ေန႔မွာ Myanmar Royal Fortune ကုမၸဏီနဲ႔ Myanmar Royal Golden Elephant Medical Device ကုမၸဏီတို႔က
အေႏြးထည္ (၄၀၀၀)ထည္ ကိုလူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာ ကိုလာေရာက္လႉဒါန္းခ်ိန္မွာ ေျပာဆိုခဲ့တဲ့ ေက်းဇူးတင္မိန္ခြန္းမွာ အခုလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။
လူမႈဝန္ထမ္းဦးစီးဌာနအေနနဲ႔ ကိုယ္ဝန္ေဆာင္မိခင္မွစၿပီး ကေလးသူငယ္၊ လူငယ္၊ အမ်ိဳးသမီး၊ မသန္စြမ္းအပါအဝင္ သက္ႀကီး႐ြယ္အိုအထိ လူမႈကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္လ်က္ရွိပါတယ္၊
ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာအေနနဲ႔ ေဘးအႏၲရာယ္ မက်ေရာက္မီ ႀကိဳတင္ျပင္ဆင္ျခင္း၊ ႀကိဳတင္ကာကြယ္ျခင္း၊ ေဘးအႏၲရာယ္ အမ်ိဳးမ်ိဳးေၾကာင့္ ထိခိုက္ခံစားရတဲ့ျပည္သူေတြ လတ္တေလာ
သက္သာေခ်ာင္ခ်ိမႈရရွိေစေရး ေထာက္ပံ့ေပးတာေတြ၊ ေဘးသင့္ျပည္သူေတြအတြက္ အခ်ိန္နဲ႔တေျပးညီ ေထာက္ပံ့ေပးႏိုင္ေရး ကယ္ဆယ္ေထာက္ပံ့ေရး ပစၥည္းေတြ၊ အေရးေပၚတုံ႔ျပန္ေရးပစၥည္းေတြ၊
အေထာက္အကူျပဳပစၥည္းေတြကို ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနရဲ႕ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ေတြရွိ သိုေလွာင္႐ုံအသီးသီးမွာႀကိဳတင္စုေဆာင္း သိုေလွာင္ထားရွိတာေတြ ေဆာင္႐ြက္ေနပါတယ္။
အဲ့ဒီအျပင္ ျပန္လည္ထူေထာင္ေရး ဦးစီးဌာနအေနနဲ႔ မူးယစ္ေဆးျဖတ္ၿပီးသူေတြ လူကုန္ကူးခံရသူေတြကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေပးတာေတြ တိုင္းရင္းသားေဒသေတြမွာ
မိုင္းအႏၲရာယ္အသိပညာေပးလုပ္ငန္းေတြနဲ႔ ထိခိုက္ခံစားရသူေတြကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္လ်က္ရွိတယ္” လို႔ ေျပာဆိုခဲ့ပါေသးတယ္။
၂၀၂၁ ခုႏွစ္၊ ေဆာင္းရာသီ ကာလေတြမွာ အားအနည္းငယ္မွ အသင့္အတင့္ရွိတဲ့ လာနီညာအဆင့္ရာသီဥတု ျဖစ္ေပၚႏိုင္တယ္လို႔ ခန႔္မွန္းထားတဲ့အတြက္ ျမန္မာႏိုင္ငံေျမာက္ပိုင္း အပါအဝင္အေအးပိုင္း ေဒသေတြမွာ အေႏြးထည္ေတြ လိုအပ္ႏိုင္တဲ့အတြက္
ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာန၊ ဗဟိုသိုေလွာင္႐ုံ (ရန္ကုန္ၿမိဳ႕) ကတစ္ဆင့္ လိုအပ္ေနတဲ့ ေဒသေတြက ျပည္သူေတြကို ျဖန႔္ေဝေပးမွာ ျဖစ္တယ္လို႔ ေဒါက္တာသက္သက္ခိုင္ ကေျပာခဲ့ပါတယ္။