ၾကားသိရသမွ်

ဗိုလ်ချုပ်မှူးကြီးသည် ဇာတာတော်ခွင်အရ ဥပစ္ဆေဒကကံဖြင့် မသ-ေနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဗိုလ်ချုပ်မှူးကြီးသည် ဇာတာတော်ခွင်အရ ဥပစ္ဆေဒကကံဖြင့် မသ-ေနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

“ဒီရက်ပိုင်းပြည်သူတွေ သိပ်ကိုစိုးရိမ်နေကြတဲ့ ကိစ္စလေး ပြောချင်ပါတယ်၊သူတို့သိပ်ချစ်တဲ့ ဗိုလ်ချုပ်မှူးကြီးကို မလိုတမာသူတွေက ICC တို့ ICJ တို့ပို့မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့

သွားပုပ်လေလွင့် ပြောနေကြလို့ စိတ်အရမ်းပူတယ်တဲ့၊ ကျွန်တော်တခါတည်း ပြောလိုက်မယ်၊ IC နဲ့ပတ်သက်ရင် လေးဖြူတို့ ချစ်စမ်းမောင်တို့ ဆိုကြတီးကြတဲ့ Iron cross IC တီးဝိုင်းကိုတောင်

ဗိုလ်ချုပ်မှူးကြီးသွားဖို့ အစီ‌အစဉ်မရှိပါဘူး၊ နားညီးလို့ပါ၊ ဗိုလ်ချုပ်မှူးကြီးဟာ ဘာသာသာသနာကိုပဲ ထွန်းတောက်ဖို့ စိတ်ဝင်စားပါတယ်၊ တိုင်းပြည်‌အေးချမ်းသာယာဖို့ပဲ သူဆုတောင်းနေပါတယ်၊

သူလုပ်ဆောင်နေပါတယ်၊ သူကြိုးစားအားထုတ် နေပါတယ်၊ သူ့တိုင်းသူပြည်သားတွေ ဉာဏ်ပညာကြီးမားပြီး လူတိုင်းချမ်းသာ ကြွယ်ဝနိုင်အောင် သူစီမံဆောင်ရွက်နေပါတယ်၊

သူ့ရဲ့ဇာတာတော်ခွင်ကိုလည်း ဗေဒင်ဆရာတွေ ပုဏ္ဏားပုရောဟိတ်တွေ ဟူးရားပဏ္ဍိတ်တွေ‌နဲ့ စစ်ဆေးပြီးပါပြီ၊ သူဟာ ဥပစ္ဆေဒကကံနဲ့ သ-ေဖို့မရှိပါဘူး၊ သက်တော်(၁၂၀)ကျော်အထိရှည်မယ်လို့

ဇာတာတော်မှာပါပါတယ်၊ ပြည်သူ့အကျိုးကို နောင်နှစ်ပေါင်းနှစ်ဆယ်ထိ ထမ်းဆောင်သွားနိုင်မယ့် သာသနာပြု မင်းကောင်းမင်းမြတ် တပါးလို့ ဆိုပါတယ်၊ ဒါ့ကြောင့် ပြည်သူတွေ မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ၊

သူ့လက္ခဏာတော်ကိုလည်း စစ်ဆေးပြီးပါပြီ၊ အာယုဒီဃအသက် လမ်းကြောင်းဟာ အရှည်ကြီးပါ၊ သူဟာ ပြည်သူ့အတွက် တာဝန်တွေ ကျေအောင် နောင်အနှစ် ၂၀လောက်

အထိ ပေးဆပ်ထမ်းဆောင် ပေးနေအုံးမှာပါ၊ သူဟာ ပြည်သူတွေအမှန်တကယ် အားကိုးထိုက်တဲ့ အနာဂါမ်ပုဂ္ဂိလ်ထူးပုဂ္ဂိုလ်မြတ် အရိယာသူတော်စင်တစ်ဦးပါပဲ ”

ဗိုလ်ချုပ်ဇော်မင်းထွန်း

Zawgyi











Credit