ၾကားသိရသမွ်

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလှည့်အပြောင်းတွေ ဖြစ်လာမယ်

လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအလှည့်အပြောင်းတွေဖြစ်လာလိမ့်မယ်လို့ ဟာဝိုင်ယီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာဌာန ပါမောက္ခလည်းဖြစ် အမေရိကန်နိုင်ငံစစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ်က မှတ်ချက်ပြုပြောကြား ထားပါတယ်။

“ ဆိုတော့ ၂၀၂၂ မကြာခင်မှာပဲ turning point ရောက်သွားမယ်။ ဘယ်လ ဘယ်မှာဆိုတာတော့ ပြောလို့တော့မရဘူး။ ဒါပေမယ့် ၂၀၂၂ မှာ turning point ရောက်လိမ့်မယ်လို့ ကျမသုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်က ပြည်သူလူထုရဲ့ အားသာချက် စစ်တပ်က အားနည်းချက်တွေရယ် ဆိုတော့ ကျမထင်တယ် ၂၀၂၂မှာ turning point ရောက်မယ်။ ” လို့ DVB သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်မီမီဝင်းဘတ်က ထည့်သွင်းပြောကြားထားတာပါ။

စစ်ကောင်စီ တပ် အနေနဲ့ အောက်ခြေက သတင်းအမှားပေးတာမျိုးတွေကြောင့် အချက်အလက်အမှားများစွာ ရ နေကြောင်းနဲ့ လူအင်အားနည်း နေတဲ့ အ ကြ မ်း ဖ က် စစ်တပ်အဖွဲ့ လ က် န က် ကြီးသာ အားကိုပြီး တို က် ခို က် နေ ရ တာဖြစ်တယ်လို့လည်း မှတ်ချက်ပြု ထားပါတယ်။

“ ကရင်နီတို့ စစ်ကိုင်းတို့ တချို့နေရာတွေဆိုရင် တော်တော်များများမှာ ကျမသိရတာက သူတို့ administrative တွေကို Local တွေ က အားလုံး Control လုပ်ထားနိုင်တယ်။ စစ်တပ်ဘက်က တော်တော်များများနေရာတွေမှာ response မရှိ တော့ဘူး။ ” လို့ပြော ကြားထားပါတယ်။

ဒါ့အပြင် စစ်အာ ဏာ သိမ်းဆ န့်ကျင်ရေး ဆန္ဒ ပြ ပွဲတွေ အကြ မ်း ဖ က် ဖြို ခွဲ ခံ ရပြီးတဲ့နောက်မှာ လူငယ်တွေဟာ မြို့ပြ ကို စွန့်ခွာ ပြီး တိုင်းရင်းသားဒေသတွေမှာ စစ်ပညာ သွားရောက် သင်ယူ နေကြပါတယ်။ အဲဒီ အ ထဲမှာ လူငယ်အမျိုးသမီးတွေလည်း ပါဝင်နေတာပါ။

PDF စစ်သင်တန်းတွေမှာ အမျိုး သ မီးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို စစ်သင်တန်းကာလအတွင်း အပြင်း အ ထ န်ကြိုးစားခဲ့ကြရတယ်လို့ပြောပြကြပါတယ်။

စစ်သင်တန်းတစ်ခုမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းခန့် အနည်းဆုံးပါဝင်ပြီး ကျောင်းသူ၊ ဆရာဝန် ၊ သူနာပြု ၊ လူငယ်လုပ်ငန်းရှင် ၊ ဝန်ထမ်း စတဲ့ အလွှာအသီးသီးကအမျိုးသမီးတွေဟာ ရှေ့တန်းတာဝန်တွေကိုထမ်းဆောင်နေကြပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေလုပ်နေပေမယ့်လည်း ပြည်သူတွေရဲ့ ဒီမိုကရေလိုလားမှုနဲ့ လွတ်လပ်မှုကို လိုချင်တဲ့ ဆန္ဒတွေက လပေါင်းများစွာကြာတဲ့တိုင်အောင် လျော့ကျမသွားဘူးလို့ သူမကပြောထားပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုလိုလားတဲ့ စိတ်ကို ချီးကျူးကြောင်းနဲ့ ဒီနှစ်အတွင်းမှာပဲ မြန်မာပြည်သူတွေ ဒီမိုကရေစီပြန်ရဖို့ အတွက်လည်း ဆုတောင်းပေးနေကြောင်း အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာဌာန ပါမောက္ခလည်းဖြစ် အမေရိကန်နိုင်ငံစစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ်က ပြောကြားထားပါတယ်။

crd