ကြားသိရသမျှ

အသက် ၄၂နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် အတွင်းရှိ သံဃာတော်များအားနေ့ဆွမ်းကပ်ပြီး ကုသိုလ်ဒါနလုပ်ခဲ့တဲ့ စိုးမြတ်နန္ဒာ








Source Soe Myat Nandar

Zawgyi

ပရိသတ်တွေက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်နန္ဒာ ကတော့ တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောတစ်လက် ဖြစ်ခဲ့ပါတယ်။

အနုပညာမျိုးရိုးရှိသူပီပီ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကတော့ပရိသတ်အချစ်တော် မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ ၄၂ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမက‌တော့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ပေါ်မှာ ” အသက် ၄၂ နှစ်ပြည့်ခါနီး အမှတ်တရ “ဆိုပြီး သူမရဲ့ဓာတ်ပုံလေးနဲ့အတူ စာသားလေးကို တွဲတင်ထားတာကိုတွေ့ရပါတယ်။

သူမရဲ့ဓာတ်ပုံလေးရဲ့အောက်မှာတော့ မင်းသမီးခိုင်သင်းကြည်အပါအဝင် အခြားသော အနုပညာရှင်ပေါင်းများစွာက မွေးနေ့ဆုတောင်းစကားလေးတွေကို ပြောထားတာကိုလဲ တွေ့ရပါတယ်နော်။

ဒါ့အပြင် မွေးနေ့ကုသိုလ်အဖြစ် ဆွမ်းကပ်ပြီး ကုသိုလ်ပြုခဲ့ပုံကိုလည်း”မဟာဂန္ဓာရုံကျောင်းတိုက် – အမရပူရမြို့၁၅ -၁၂-၂၀၂၁ ၄၂ နှစ်ပြည့်မွေးနေ့ နေ့ဆွမ်း အလှူ ( တတိယအကြိမ် ) ရာသက်ပန် နေ့ဆွမ်းအလှူရှင် ဖြစ်ခွင့်ရတဲ့အတွက် မဟာဂန္ဓာရုံကျောင်းတိုက် မှ ဆရာတော်ဘုရားများ နှင့် သံဃာတော်များ ကို ရိုသေဦးခိုက် ရှိခိုးပါတယ် 🙏🏼🙏🏼🙏🏼🙏🏼🙏🏼#SMND” လို့ တင်ထားပါတယ်

မင်းသမီး စိုးမြတ်နန္ဒာ ကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့မွေးနေ့အတွက် တင်ပေးထားတဲ့ ဓာတ်ပုံလေးနှင့်အတူ ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်များကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

စာဖတ်ပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ၄၂နှစ်ပြည့်မွေးနေ့ရှင်ဖြစ်တဲ့ မင်းသမီး စိုးမြတ်နန္ဒာ အတွက် မွေးနေ့ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Source Soe Myat Nandar