ၾကားသိရသမွ်

အိမ်အတွက် ထမင်းဖိုးမှ မပါလျင် အခံစားရဆုံး အိမ်ဦးစီး Taxi သမားများ…

အိမ်အတွက် ထမင်းဖိုးမှ မပါလျင် အခံစားရဆုံး အိမ်ဦးစီး Taxi သမားများ…

ဒီနေ့တော့ မြို့ထဲက အပြန် လမ်းမှာ….Taxi ကားတွေ မီးပွိုင့်မှာ စက်သေကြတာ…လမ်းဘေးထိုးရပ်ပြီး ဘောနပ် လှန်ထားကြတာ…တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတဲ့ ကား ( ၃)စီးတွေ့ခဲ့ပါတယ်…

( ဘာ့ကြောင့် အဲ့ဒီလိုဖြစ်ကြသလဲ ကျနော် သိပါတယ် )
ရပ်နှိုး ရပ်နှိုး လုပ်ရဖန်များတော့…မော်တာတွေပျက်ကုန်တာ ကြောင်ကုန်တာ…

ဘက်ထရီတွေ ဒေါင်းကုန်တာ…( ခုချိန်မှာ မီးပွိုင့် မိလျင် စက်သတ်ထားကြပါတယ် ဆီကုန်မှာ စိုး၍ )

အဓိက ကတော့ ကားထဲမှာ ဆီနဲပြီး လေခို ကုန်ကြတာပါ…( အချို့က မျက်နှာပင် ပျက်နေကြပြီ )
တွေ့ရင်း ကြည့်ရင်း ငေးရင်းက Taxi ဆရာတွေရဲ့ သောကအပူ က ကျနော့် ရင်ထဲကူးဆက်လာခဲ့ပါတယ်….

ဆီတစ်သောင်းဘိုးက 5liter ကျော်ကျော်သာ ရသည်မို့ ဟိုနားဒီနားသည်ပင် အရင်းက မနဲလှပါဘူး…အုံနာကြေးကိုပင် တွေးလို့ရပါ့မည်လား

ကျနော်တို့ ကူညီနိုင်တဲ့ ကိစ္စလည်း မဟုတ်…ဆီစျေးကလည်း တက်သည်ထက် တက်…ဒါ့ကြောင့် မိတ်ဆွေများအနေနဲ့ ကိုယ့်ရှေ့မှာ…

အငှားယာဥ်တစ်စီး ကိုးလိုးကန့်လန့် ဖြစ်သွားတယ်…ရုတ်တရက် စက်ရပ်သွားတယ် ဆိုပါက ယခုအချိန်မှာ သီးခံပေးကြပါခင်ဗျာ…

သူတို့အလုပ်နဲ့ စားဝတ်နေရေး များဟာ စက်မောင်းဆီတွေလိုပဲ အငွေ့ပျံနေကြပါတယ်…ဆီကလည်းကုန် လူကလည်းမှုန် အိမ်ကိုလည်းမပြန်ချင်ကြတော့ပါဘူး ( အိမ်အတွက် ထမင်းဖိုးမှ မပါလျင် အိမ်ဦးစီးက အခံစားရဆုံးပါ )

Taxi ဆရာများ အမြန်ဆုံး အဆင်ပြေပါစေလို့ ကားတွေတွေ့တိုင်း လိုလို ဆုတောင်းပေးနေမိပါတယ်😢

Crd to orginal uploader

အိမ္အတြက္ ထမင္းဖိုးမွ မပါလ်င္ အခံစားရဆုံး အိမ္ဦးစီး Taxi သမားမ်ား…

ဒီေန႕ေတာ့ ၿမိဳ႕ထဲက အျပန္ လမ္းမွာ….Taxi ကားေတြ မီးပြိုင့္မွာ စက္ေသၾကတာ…လမ္းေဘးထိုးရပ္ၿပီး ေဘာနပ္ လွန္ထားၾကတာ…တြန့္ဆုတ္တြန့္ဆုတ္ ျဖစ္ေနၾကတဲ့ ကား ( ၃)စီးေတြ႕ခဲ့ပါတယ္…

( ဘာ့ေၾကာင့္ အဲ့ဒီလိုျဖစ္ၾကသလဲ က်ေနာ္ သိပါတယ္ )
ရပ္ႏွိုး ရပ္ႏွိုး လုပ္ရဖန္မ်ားေတာ့…ေမာ္တာေတြပ်က္ကုန္တာ ေၾကာင္ကုန္တာ…

ဘက္ထရီေတြ ေဒါင္းကုန္တာ…( ခုခ်ိန္မွာ မီးပြိုင့္ မိလ်င္ စက္သတ္ထားၾကပါတယ္ ဆီကုန္မွာ စိုး၍ )

အဓိက ကေတာ့ ကားထဲမွာ ဆီနဲၿပီး ေလခို ကုန္ၾကတာပါ…( အခ်ိဳ႕က မ်က္ႏွာပင္ ပ်က္ေနၾကၿပီ )
ေတြ႕ရင္း ၾကည့္ရင္း ေငးရင္းက Taxi ဆရာေတြရဲ႕ ေသာကအပူ က က်ေနာ့္ ရင္ထဲကူးဆက္လာခဲ့ပါတယ္….

ဆီတစ္ေသာင္းဘိုးက 5liter ေက်ာ္ေက်ာ္သာ ရသည္မို႔ ဟိုနားဒီနားသည္ပင္ အရင္းက မနဲလွပါဘူး…အုံနာေၾကးကိုပင္ ေတြးလို႔ရပါ့မည္လား

က်ေနာ္တို႔ ကူညီနိုင္တဲ့ ကိစၥလည္း မဟုတ္…ဆီေစ်းကလည္း တက္သည္ထက္ တက္…ဒါ့ေၾကာင့္ မိတ္ေဆြမ်ားအေနနဲ႕ ကိုယ့္ေရွ႕မွာ…

အငွားယာဥ္တစ္စီး ကိုးလိုးကန့္လန့္ ျဖစ္သြားတယ္…႐ုတ္တရက္ စက္ရပ္သြားတယ္ ဆိုပါက ယခုအခ်ိန္မွာ သီးခံေပးၾကပါခင္ဗ်ာ…

သူတို႔အလုပ္နဲ႕ စားဝတ္ေနေရး မ်ားဟာ စက္ေမာင္းဆီေတြလိုပဲ အေငြ႕ပ်ံေနၾကပါတယ္…ဆီကလည္းကုန္ လူကလည္းမႈန္ အိမ္ကိုလည္းမျပန္ခ်င္ၾကေတာ့ပါဘူး ( အိမ္အတြက္ ထမင္းဖိုးမွ မပါလ်င္ အိမ္ဦးစီးက အခံစားရဆုံးပါ )

Taxi ဆရာမ်ား အျမန္ဆုံး အဆင္ေျပပါေစလို႔ ကားေတြေတြ႕တိုင္း လိုလို ဆုေတာင္းေပးေနမိပါတယ္😢

Crd to orginal uploader