ၾကားသိရသမွ်

ဖရဲသီးမ်ားလက္ခ်က္ဟုယူဆၿပီး စစ္ေကာင္စီလိုက္လံစုံစမ္းေန

ေနျပည္ေတာ္ ကက(ဝယ္) စစ္႐ုံး ဗုံးေပါက္ကြဲမႈ တပ္တြင္းဖရဲသီးမ်ားလက္ခ်က္ဟုယူဆၿပီး စစ္ေကာင္စီလိုက္လံစုံစမ္းေန

ဧရာဝတီတိုင္းမ္ေ–အာက္တိုဘာ ၁ ရက္

အာဏာသိမ္း စစ္ေကာင္စီ႐ုံးစိုက္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္အတြင္းရွိ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ ပစၥည္းဝယ္ယူမႈၫႊန္ၾကားေရးမႉး႐ုံး (ကက – ဝယ္) တြင္ ယမန္ေန႔ စက္တင္ဘာလ ၃၀ ရက္ ညေနပိုင္းက ဗုံးေဖာက္ခြဲခံခဲ့ရေၾကာင္း ေနျပည္ေတာ္စစ္႐ုံးခ်ဳပ္ရွိသတင္းရင္းျမစ္မ်ားထံက သိရသည္။

အဆိုပါ ဗုံးေဖာက္ခြဲခံရမႈေၾကာင့္ ဗိုလ္မႉးခ်ဳပ္အဆင့္ အသုံးျပဳေသာစစ္ယာဥ္တစ္စီး ထိခိုက္ပ်က္စီးခဲ့ၿပီး ကက (ဝယ္) ႐ုံးအေဆာက္အဦးလည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ ႐ုံးေၾကးနန္းစာ တြင္လည္း ကက (ဝယ္) ၫြန္မႉး႐ုံး ဆင္ဝင္ေအာက္ ညာဘက္ျခမ္းရွိ ၂ ေပခြဲခန႔္ အနီေရာင္ပန္းအိုးအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဆင္ဝင္ေအာက္တြင္ ရပ္တန႔္ထားသည့္ ယာဥ္အမွတ္ ၾကယ္ – ၇၃၁၄ (စ) အစိမ္းေရာင္ယာဥ္၏ ေရွ႕မီးသီး၊ ေလကာမွန္၊ ေနာက္ဘက္အျခမ္း မီးသီး၊ အေဆာက္အဦး ဆင္ဝင္ မ်က္ႏွာၾကက္မ်ား၊ အေဆာက္အဦး ေကာ္ရစ္ဒါႏွင္ မ်က္ႏွာၾကက္မ်ား ထိခိုက္ပ်က္စီးခဲ့သည္”ဟု ေရးသားထားသည္။

ကက (ဝယ္) ၫႊန္ၾကားေရးမႉး႐ုံး ဗုံးေဖာက္ခြဲခံရမႈႏွင့္ပတ္သတ္၍ စစ္ေကာင္စီက တပ္တြင္းဖရဲသီး (တပ္မေတာ္အတြင္းမွ ဒီမိုကေရစီအေရးလႈပ္ရွားသူမ်ား) ၏လက္ခ်က္ဟု ယူဆေနၿပီး တပ္တြင္းစုံစမ္းစစ္ေဆး မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

” လိုင္းေပၚပုံေတြတက္လာလို႔ ေမးၾကည့္ေတာ့ ျဖစ္စဥ္က ဟုတ္တယ္။ အခုအဲ့ကိစၥစစ္ေနတယ္။ တပ္တြင္း ဖရဲသီးေတြ ပါႏိုင္တယ္လို႔သိရတယ္။ အဲ့ကိစၥကို စစ္႐ုံးက ဆက္ၿပီးစုံစမ္းေနတယ္”ဟု ေနျပည္ေတာ္ စစ္႐ုံးခ်ဳပ္ႏွင့္ နီးစပ္သူ တပ္မေတာ္သားတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕မွ ျပဳလုပ္သည္ဟု ေၾကျငာခ်က္ထုတ္ျပန္မႈ မရွိေသးေၾကာင္း သိရသည္။

စက္တင္ဘာလ ၂၉ ရက္ေန႔ကလည္း ပ်ဥ္းမနားၿမိဳ႕သို႔ ေစ်းဝယ္သြားေသာ စစ္ေကာင္ယာဥ္တစီး ဗုံးခြဲ တိုက္ခိုက္ခံရမႈျဖစ္ပြားခဲ့သလို ေနျပည္ေတာ္အတြင္း ၿပီးခဲ့သည့္စက္တင္ဘာလအတြင္း ေနျပည္ေတာ္ စစ္ေဆးေရးဂိတ္ ပစ္ခတ္ခံရမႈ၊ ဒလန္သတ္ခတ္ခံရမႈ၊ အုပ္ခ်ဳပ္ေရးမႉး႐ုံး ဗုံးခြဲခံရမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ဓာတ္ပုံ – တပ္တြင္းဖရဲသီး

unicode

နေပြည်တော် ကက(ဝယ်) စစ်ရုံး ဗုံးပေါက်ကွဲမှု တပ်တွင်းဖရဲသီးများလက်ချက်ဟုယူဆပြီး စစ်ကောင်စီလိုက်လံစုံစမ်းနေ

ဧရာဝတီတိုင်းမ်ေ–အာက်တိုဘာ ၁ ရက်

အာဏာသိမ်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး (ကက – ဝယ်) တွင် ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက ဗုံးဖောက်ခွဲခံခဲ့ရကြောင်း နေပြည်တော်စစ်ရုံးချုပ်ရှိသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဗုံးဖောက်ခွဲခံရမှုကြောင့် ဗိုလ်မှူးချုပ်အဆင့် အသုံးပြုသောစစ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ကက (ဝယ်) ရုံးအဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုံးကြေးနန်းစာ တွင်လည်း ကက (ဝယ်) ညွန်မှူးရုံး ဆင်ဝင်အောက် ညာဘက်ခြမ်းရှိ ၂ ပေခွဲခန့် အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆင်ဝင်အောက်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ် ကြယ် – ၇၃၁၄ (စ) အစိမ်းရောင်ယာဉ်၏ ရှေ့မီးသီး၊ လေကာမှန်၊ နောက်ဘက်အခြမ်း မီးသီး၊ အဆောက်အဦး ဆင်ဝင် မျက်နှာကြက်များ၊ အဆောက်အဦး ကော်ရစ်ဒါနှင် မျက်နှာကြက်များ ထိခိုက်ပျက်စီးခဲ့သည်”ဟု ရေးသားထားသည်။

ကက (ဝယ်) ညွှန်ကြားရေးမှူးရုံး ဗုံးဖောက်ခွဲခံရမှုနှင့်ပတ်သတ်၍ စစ်ကောင်စီက တပ်တွင်းဖရဲသီး (တပ်မတော်အတွင်းမှ ဒီမိုကရေစီအရေးလှုပ်ရှားသူများ) ၏လက်ချက်ဟု ယူဆနေပြီး တပ်တွင်းစုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။

” လိုင်းပေါ်ပုံတွေတက်လာလို့ မေးကြည့်တော့ ဖြစ်စဉ်က ဟုတ်တယ်။ အခုအဲ့ကိစ္စစစ်နေတယ်။ တပ်တွင်း ဖရဲသီးတွေ ပါနိုင်တယ်လို့သိရတယ်။ အဲ့ကိစ္စကို စစ်ရုံးက ဆက်ပြီးစုံစမ်းနေတယ်”ဟု နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူ တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်သည်ဟု ကြေငြာချက်ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ပျဉ်းမနားမြို့သို့ ဈေးဝယ်သွားသော စစ်ကောင်ယာဉ်တစီး ဗုံးခွဲ တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့သလို နေပြည်တော်အတွင်း ပြီးခဲ့သည့်စက်တင်ဘာလအတွင်း နေပြည်တော် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရမှု၊ ဒလန်သတ်ခတ်ခံရမှု၊ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တပ်တွင်းဖရဲသီး