ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ထဲက ဖိလစ်ပိုင်ကျွန်းစုထဲမှာ Alabat ဆိုတဲ့ ကျွန်းငယ်လေးတစ်ခု ရှိပါတယ်။ ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ဒီကျွန်းငယ်လေးကိုရောက်ဖူးတဲ့သူတွေတိုင်းကတော့ ပုံစံတူတဲ့လူသားနှစ်ဦးကို အမြဲလိုလိုတွေ့ရလေ့ရှိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့
လူဦးရေ ၁၀၀မှာ ၄ယောက်ဟာအမွှာဖြစ်နေလို့ပါတဲ့။ ဒီဒေသမှာပုံစံ အနည်းငယ်သာကွဲလွဲတဲ့ အ မွှာ(၇၈)တွဲ၊ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာ(၂၂) တွဲ၊ကိုယ်ချင်း ဆက်အမွှာ(၁)တွဲ လက်ရှိမှာစုစုပေါင်းအမွှာပေါင်း(၁၀၁)တွဲရှိနေပါတယ်။ Isaland of Mirror လို့ဖိလစ်ပိုင်နိုင်ငံအတွင်းမှထင်ရှားတဲ့

Alabat ဒေသဟာအမွှာအရေအတွက် အလွန်များပြားနေတာမို့ ရောက်ရှိလာတဲ့သူတွေအတွက် အထူးအဆန်းဖြစ်ရပါတယ်။ ဒီဒေသမှာ အမွှာဦးရေအလွန်များပြားနေရခြင်းဟာ ယခုအချိန် ကာလမှမဟုတ်ဘဲကျန်ခဲ့တဲ့ကာလများစွာထဲက ဖြစ်ခဲ့တာမို့ Generation Process ကြောင့်ဖြစ်တယ်လို့
ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ ဒီဒေသမှာ နောက်ဆုံးဖွားမြင်တဲ့ အမွှာကတော့ Gian နဲ့ Johnတို့ဖြစ်ကြပြီး သူတို့ရဲ့ဓာက်ပုံတွေက ကလေးပုခတ်အတွင်းရှိနေတဲ့ ကာလမှာတင် ဖိလစ်ပိုင်နိုင်ငံက အင်တာနက်လူမူကွန်ယက် စာမျက် နှာတွေမှာပျံ့နှံ့နေခဲ့ပါပြီ။ ယနေ့ထက်တိုင်

အသက်ရှင်နေထိုင်နေတဲ့အသက်အကြီး ဆုံးအမွှာကတော့ Eud osia နဲ့ Antoniaအမည်ရဲ့ အသက်(၈၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကိုယ်စီမြေးတွေပိုင်ဆိုင်နေပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးစလုံးဟာ မုဆိုးမတွေဖြစ်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အလွန်သေးငယ်တဲ့အပူပိုင်းသစ်တောအတွင်းမှာရှိတဲ့ ဒီရွာငယ်လေး ဟာလူဦးရေအလွန်နည်းပါးပေမဲ့ အမွှာဦးရေအလွန်များပြားနေတာပဲဖြစ်ပါတယ်။Alabat မှာရှိတဲ့ လူနေအိမ်၊ကျောင်းအပါအဝင် နေရာအနှံ့မှာအမွှာကလေးငယ်မွေးချင်းတွေအများအပြား

တွေ့နေရမှာဖြစ်ပါတယ်။ Alabat ဟာတံငါရွာလေးဖြစ်ပြီး ဒေသခံအများစုဟာရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီဒေသမှာ ရှိတဲ့ဆယ်ကျော်သက်အများစုကတော့သူတို့ရဲ့အားလပ်ချိန်တွေကိုနီးစပ်ရာAtimonanမြို့ကိုသွားရောက်လည်ပတ်ပြီးအချိန်တွေကိုကုန်ဆုံးကြပါတယ်။
လာရောက်လာသူတွေအတွက်တော့ မြင်ကွင်းနှစ်မျိုးဖြစ်နေပေမယ့် Alabat ဒေသကအမွှာတွေကတော့သူတို့ရဲ့ နေ့စဉ်ကိစ္စတွေကိုအေးချမ်းစွာ ဆောင်ရွက်လျက်ရှိနေပါတယ်။ အမွှာဆိုတာကတော့ဆေးဘက်ဆိုင်ရာ သဘောတရားအရ အမျိုးသမီးရဲ့မမျိုးဥနှစ်လုံးဟာအမျိုးသားရဲ့

သုတ်ပိုးတစ်ခုစီနဲ့ ပေါင်းစပ် သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ ရုပ်ခြင်းချွတ်စွပ်တူနဲ့အမွှာဆိုတာကတော့ မမျိုးဥတစ်ခုတည်းကနေ သန္ဓေသားနှစ်ယောက်ဖြစ်သွားခြင်းပါ။ ဒါဟာ မျိုးရိုးဗီဇနဲ့သက်ဆိုင်ပြီး ပုံပန်းသွင်ပြင်အပြင် လိင်အမျိုးအစားပါ မွေးဖွားတဲ့သန္ဓေသားတွေဟာ တူညီနိုင်ပါတယ်။
ကိုယ်ချင်းဆက်အမွှာကတော့အမျိုးသမီး သားအိမ်အတွင်းကမမျိုးဥတစ်ခုဟာသန္ဓေအောင်ပြီးခါမှ ဆက်စပ်လျက်ရှိတဲ့ သန္ဓေသားရဲ့ကိုယ်အစိတ်အပိုင်းတစ်ခုကနေနောက်ထပ်နောက်ကျတဲ့ သန္ဓေသားအောင်ခြင်းတစ်မျိုးဖြစ်လာတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှုတွေဟာ

အမှန်တကယ်တည်ရှိနေပေမဲ့ အခုလိုမျိုးတစ်နေရာတည်းမှာ အစုလိုက်အပြုံ လိုက်တွေ့နေရတဲ့ ဖြစ်ရပ်ဟာရှားပါးလွန်းတာကြောင့် ဗဟုသုအနေနဲ့ဖော်ပြလိုက်ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်