ၾကားသိရသမွ်

ခင္ပြန္းျဖစ္သူက သူမအေပၚလိမ္လည္ခဲ့လို႔ ေဒါသထြက္ၿပီး….

ခင်ပွန်းဖြစ်သူက သူမအပေါ်လိမ်လည်ခဲ့လို့ ဒေါသထွက်ပြီး သူတို့အတူစုဆောင်းထားတဲ့ ဒေါ်လာ ၇၀၀၀ ကိုမျိုချခဲ့တဲ့ ဇနီးသည်

ကိုလံဘီယာနိုင်ငံက ၂၈ နှစ်အရွယ် Sandra Milena Almeida အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းသည်က သူမကိုလိမ်ညာနေတာကို တွေ့ရှိခဲ့ပြီး သူ့ရဲ့သစ္စာမဲ့မှုအပေါ် ဒေါသထွက်ကာ ဇနီးသည်က သူတို့အတူစုဆောင်းထားတဲ့ငွေအားလုံးကိုမျိုးချပြီး ကောင်လေးနဲ့ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

သူမဟာ ဒေါ်လာ ၇၀၀၀ ကို မျိုချခဲ့လိုက်တာပါ ။ သူမခင်ပွန်းထွက်ခွာသွားပြီးနောက်သူမပြိုကျခဲ့ပြီး ပြင်းထန်တဲ့အစာအိမ်နာကျင်မှုအတွက် ဆေးရုံကို ပို့ဆောင်ခံခဲ့ရပါတယ် ။ Almeida က သူမဘာလုပ်ခဲ့သလဲဆိုတာ ဆရာဝန်တွေကို မပြောခဲ့ပါဘူး ။

ဆေးရုံဝန်ထမ်းတွေက သူမကို x-ray မှာ packetsအသေးလေးတွေတွေ့ပြီးတဲ့အခါမှာ သူမဟာ တရားမဝင်တဲ့အထုပ်ကို မျိုချခဲ့တဲ့မူးယစ်ရာဇာတစ်ယောက်ဖြစ်မယ်လို့ ပထမဆုံးမှာ ထင်ခဲ့ပါတယ် ။

သူမဟာ ခွဲစိတ်ကုသရန် အလျင်အမြန်ရောက်ရှိခဲ့ပြီး ဆရာဝန်များက သူမရဲ့အစာအိမ်နဲ့ အူအတွင်းရှိ ငွေအမြောက်အများကို တွေ့ခဲ့ရတဲ့အတွက်အံ့အားသင့်နေကြပါတယ် ။ ခွဲစိတ်ကုဆရာဝန်တွေက ဒေါ်လာ ၁၀၀ တန် ၅၀၀ တန်တွေကိုသာ ထုတ်ယူနိုင်ပြီး ကျန်ငွေများကို အစာအိမ်အရည်များမှ ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ် ။

၎င်းအမျိုးသမီးကို ပိုမိုဆိုးရွားစေတာက ခွဲစိတ်ကုသမှုအတွက် ပေးရမယ့်အပြင် ဆေးရုံဝန်ထမ်းတွေကလည်း ၎င်းပိုက်ဆံတွေကိုရဲများထံ လွှဲပြောင်းပေးခဲ့ပါတယ် ။ ဒီကိစ္စကို တရားရုံးမှာအမှုဖွင့်ပြီး ငွေကိုဘယ်လိုခွဲဝေရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ တရားသူကြီးက ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။

crd

zawgyi

ခင္ပြန္းျဖစ္သူက သူမအေပၚလိမ္လည္ခဲ့လို႔ ေဒါသထြက္ၿပီး သူတို႔အတူစုေဆာင္းထားတဲ့ ေဒၚလာ ၇၀၀၀ ကိုမ်ိဳခ်ခဲ့တဲ့ ဇနီးသည္

ကိုလံဘီယာႏိုင္ငံက ၂၈ ႏွစ္အ႐ြယ္ Sandra Milena Almeida အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ခင္ပြန္းသည္က သူမကိုလိမ္ညာေနတာကို ေတြ႕ရွိခဲ့ၿပီး သူ႔ရဲ႕သစၥာမဲ့မႈအေပၚ ေဒါသထြက္ကာ ဇနီးသည္က သူတို႔အတူစုေဆာင္းထားတဲ့ေငြအားလုံးကိုမ်ိဳးခ်ၿပီး ေကာင္ေလးနဲ႔ကြာရွင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္ ။

သူမဟာ ေဒၚလာ ၇၀၀၀ ကို မ်ိဳခ်ခဲ့လိုက္တာပါ ။ သူမခင္ပြန္းထြက္ခြာသြားၿပီးေနာက္သူမၿပိဳက်ခဲ့ၿပီး ျပင္းထန္တဲ့အစာအိမ္နာက်င္မႈအတြက္ ေဆး႐ုံကို ပို႔ေဆာင္ခံခဲ့ရပါတယ္ ။ Almeida က သူမဘာလုပ္ခဲ့သလဲဆိုတာ ဆရာဝန္ေတြကို မေျပာခဲ့ပါဘူး ။

ေဆး႐ုံဝန္ထမ္းေတြက သူမကို x-ray မွာ packetsအေသးေလးေတြေတြ႕ၿပီးတဲ့အခါမွာ သူမဟာ တရားမဝင္တဲ့အထုပ္ကို မ်ိဳခ်ခဲ့တဲ့မူးယစ္ရာဇာတစ္ေယာက္ျဖစ္မယ္လို႔ ပထမဆုံးမွာ ထင္ခဲ့ပါတယ္ ။

သူမဟာ ခြဲစိတ္ကုသရန္ အလ်င္အျမန္ေရာက္ရွိခဲ့ၿပီး ဆရာဝန္မ်ားက သူမရဲ႕အစာအိမ္နဲ႔ အူအတြင္းရွိ ေငြအေျမာက္အမ်ားကို ေတြ႕ခဲ့ရတဲ့အတြက္အံ့အားသင့္ေနၾကပါတယ္ ။ ခြဲစိတ္ကုဆရာဝန္ေတြက ေဒၚလာ ၁၀၀ တန္ ၅၀၀ တန္ေတြကိုသာ ထုတ္ယူႏိုင္ၿပီး က်န္ေငြမ်ားကို အစာအိမ္အရည္မ်ားမွ ဆုံးရႈံးသြားခဲ့ၿပီျဖစ္ပါတယ္ ။

၎အမ်ိဳးသမီးကို ပိုမိုဆိုး႐ြားေစတာက ခြဲစိတ္ကုသမႈအတြက္ ေပးရမယ့္အျပင္ ေဆး႐ုံဝန္ထမ္းေတြကလည္း ၎ပိုက္ဆံေတြကိုရဲမ်ားထံ လႊဲေျပာင္းေပးခဲ့ပါတယ္ ။ ဒီကိစၥကို တရား႐ုံးမွာအမႈဖြင့္ၿပီး ေငြကိုဘယ္လိုခြဲေဝရမယ္ဆိုတာကို ဆုံးျဖတ္ဖို႔ တရားသူႀကီးက ဆုံးျဖတ္ရမွာျဖစ္ပါတယ္ ။

crd