ၾကားသိရသမွ်

အစ်ကိုဖြစ်သူ ရေမွန် ခေါ်နေကျ အိမ်နာမည်လေးနဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်တော့မယ်လို့ ပြောလာတဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန်ကတော့ လူကြီး၊ လူငယ် ၊လူလတ်ပိုင်း အားလုံး ကြိုက် နှစ်သက် အားပေးရတဲ့ အဆိုတော်တယောက်ပါ။ အောင်မြင်မှုတွေ ရှိနေတဲ့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အောင်မြင်မှုကို ကြာရှည်မခံစားလိုက်ရဘဲ ပြီးခဲ့တဲ့ ဇူလိုင်လကဘဲ ကွယ်လွန်သွားခဲ့တာဘဲ ဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်ပြီးနောက် ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာက အစ်ကို ခေါ်နေကျ နာမည်လေးနဲ့ စီးပွားရေး ခြေလှမ်း စဝင်တော့မယ့်အကြောင်း ပရိတ်သတ်တွေကို အသိပေးလာပါတယ်။

လပြည့်ကဗျာ က “Hello…. တံဆိပ် ကလေးနဲ့ မိတ်မဆက်ပေးခင်နာမည်ပေးဖြစ်ပုံလေးအရင်ပြောပါရစေနော်။ Online shop ကိုစလုပ်လာတာ 2015 ခုနှစ်(ပိုပိုးမွေးပီးပိုင်းလောက်) ပေါ့။ အဲ့တုန်း ကတော့ မိန်းကလေးပစ္စည်း၊ အဝတ်ထည် အိတ် ဖိနပ်တွေေ ရာင်းပါတယ်။

တနိုင်တပို င်လုပ်ငန်းလေးမို့ အရင်းနှီးလဲ သိပ်မရှိ အမြတ်လဲနည်းနည်း နဲ့ ၄/၅သိန်းကိုလုံးလည်ချာလည်လိုက်ရင်း လုပ်လာတဲ့အ လုပ်ကလေးက တခါတေ လကျ ဝင်ငွေကောင်း လိုက် တခါတလေကျ အရင်းပြုတ်လိုက်နဲ့ လုပ်လာရင်း 2019 မှာ Covid ကြောင့် ထိုးရပ်သွားတာအခုထိ ပါပဲ။ ဘပီဆုံး ပီးတဲ့ နောက်ပိုင်းတော့စိတ်လေပီးရူးပီး လမ်းမှားရောက်သွားမှာရယ်ကြောင့်ကိုယ့်စိတ်ကို အလုပ်ပေး တဲ့အနေနဲ့ အကြော်အလှော်လေးတွေ စရောင်းဖြစ်တယ်။”

“ပင်ပန်းတာတော့ စလုပ်ကတည်းကပါပဲ။ အော်ဒါကောက်ပစ္စည်းမှာပစ္စည်းသွားရွေး။ပစ္စည်းထုတ် Deli အပ်အကုန်လုံး တယောက် ထဲတခါတလေ အိမ်နီးရင်ကိုယ်တိုင်ပို့(အမေကတော့ သွားလေရာကားလိုက်မောင်းပေး) အဆိုးဆုံးက ၆ လွှာမှာနေ ရတဲ့ ဒုက္ခ။

မုန့်ထည့်ပေးလိုက်တဲ့ ဖာလိုက်ကြီးရောက်လာရင် အနီးနားအလုပ်သမား မရှိတော့ ပီနံအိတ်နဲ့ ခေါက်တုန့်ခေါက်ပြန် ၆ လွှာကိုအခါ ၂၀ လောက် အဆင်းတက်လုပ်ပြီး သယ်ရတယ်။

ထောပတ်သီးတွေ ဝိုင်ပုလင်းတွေ အချိုရည်ပုလင်းတွေဆိုပိုဆိုး အရမ်းပင် ပန်းပေမယ့် ဘာလေးရောင်းရောင်း အားပေးကြတဲ့ ကိုယ့်မိသားစုလေးကိုချစ်ကြတဲ့ (အထူးသဖြင့် ဘပီ ကိုချစ်ကြတဲ့သူတွေကြောင့် )တော်တော်လေး အားတက်ခဲ့ပါတယ်”

“မှတ်မှတ်ရရ Covid ကြောင့်အိမ်ဝင်ငွေမရှိ အလုပ်တွေအကုန်ရပ်ခဲ့ရတုန်းက ငါတို့မိသားစု ဝင်ငွေမရှိရင် ဘေထုပ်တွေဝယ်ပီး Live ရောင်းကြမယ်လေဆိုပြီးတော့တောင် ဘပီနဲ့ပြောဖြစ်သေးတယ် မိန်းကလေး အဝတ်ဂါဝန်ကြီးတွေပါလာရင်တော့ ငါဝတ်မရောင်းရဲဘူး ယောကျာ်းလေးအဝတ်ဆို ငါဝတ်ပြပြီး ကူရောင်းပေးမယ်ဆိုပြီး တိုင်ပင်ဖူးတယ်။

(ရီစရာအမှတ်တရလေးပေါ့)အခုလုပ်ငန်းလေးနဲ့အိမ်ကို အပြည့် အဝမထောက် ပံ့နိုင်သေးပေမယ့်လဲ သမီးကြီးနေရာ ရောက်သွားပြီမို့ အရင်ကထက် တာဝန် ၂ဆနဲ့ ပိုကြိုးစားသွားမှာပါ။

အစားအသောက်ချစ်သူပီပီ ကိုယ်ကြိုက်တဲ့ အကြော်လှော်လေးတွေကိုအကောင်းဆုံးအသန့်ရှင်းဆုံး အလတ်ဆတ်ဆုံး ရောင်းချပေးမှာဖြစ်ပါတယ်။တံဆိပ် နာမည်လေးကတော့ သူခေါ်နေကျ ` ပြူးစိန်’ ပါ ” ဆိုပြီးအသိပေး လာတာပဲဖြစ်ပါတယ်။

လပြည့်ကဗျာ ကတော့ အစ်ကိုဖြစ်သူရေမွန်ကွယ်လွန် သွားပြီးတဲ့နောက် မိသားစုရဲ့သမီးကြီးအဖြစ် တာဝန်တွေထမ်းဆောင်ရတော့ မှာမို့ သူမရဲ့ကိုယ်ပိုင်စီး ပွားရေးအလုပ်တွေကို လုပ်ကိုင်တော့မှာဖြစ်ကြောင်း ပရိသတ်ကိုအသိပေးလာ တာပဲဖြစ်ပါတယ်။

Source: La Pyae Gabyar ‘s fb

အဆိုေတာ္ေရမြန္ကေတာ့ လူႀကီး၊ လူငယ္ ၊ လူလတ္ပိုင္း အားလုံး ႀကိဳက္ ႏွစ္သက္ အားေပးရတဲ့ အဆိုေတာ္ တေယာက္ပါ။ ေအာင္ျမင္မႈေတြ ရွိေနတဲ့ အႏုပညာရွင္တေယာက္ျဖစ္ေပမဲ့ ေအာင္ ျမင္မႈကို ၾကာရွည္မခံစားလိုက္ရဘဲ ၿပီးခဲ့တဲ့ ဇူလိုင္လကဘဲ ကြယ္လြန္သြားခဲ့တာဘဲ ျဖစ္ပါတယ္။

ေရမြန္ကြယ္လြန္ၿပီးေနာက္ ေရမြန္ရဲ႕ ညီမေလး လျပည့္ကဗ်ာက အစ္ကို ေခၚေနက် နာမည္ေလးနဲ႕စီးပြားေရး ေျခလွမ္း စဝင္ေတာ့မယ့္အေၾကာင္းပရိတ္သတ္ေတြကို အသိေပးလာပါတယ္။

လျပည့္ကဗ်ာက “Hello တံဆိပ္ ကေလးနဲ႕ မိတ္မဆ က္ေပးခင္ နာမည္ေပးျဖ စ္ပုံေလးအရင္ေျပာ ပါရေစေနာ္။ Onlineshop ကိုစလုပ္ လာတာ 2015 ခုႏွစ္ (ပိုပိုးေမြးပီးပိုင္းေလာက္)ေပါ့။အဲ့တုန္း ကေတာ့ မိန္းကေလးပစၥည္း၊ အဝတ္ထည္ အိတ္ ဖိနပ္ေတြေ ရာင္းပါတယ္။

တနိုင္တပို င္လုပ္ငန္းေလးမို႔ အရင္းႏွီးလဲ သိပ္မရွိ အျမတ္လဲနည္းနည္း နဲ႕ ၄/၅သိန္းကိုလုံးလည္ခ်ာ လည္လိုက္ရင္း လုပ္လာတဲ့အလုပ္ကေလးကတခါေတ လက် ဝင္ေငြေကာင္း လိုက္ တခါတေလက်အရင္းျပဳတ္ လိုက္နဲ႕ လုပ္လာရင္း 2019 မွာ Covid ေၾကာင့္ ထိုးရပ္သြားတာအခုထိပါပဲ။ဘပီဆုံး ပီးတဲ့ ေနာက္ပိုင္းေတာ့စိတ္ေလပီး႐ူးပီး လမ္းမွားေရာက္သြားမွာရယ္ေၾကာင့္ ကိုယ့္စိတ္ကို အလုပ္ေပး တဲ့အေနနဲ႕ အေၾကာ္အေလွာ္ေလးေတြ စေရာင္းျဖစ္တယ္။”

“ပင္ပန္းတာေတာ့ စလုပ္ကတည္းကပါပဲ။ ေအာ္ဒါေကာက္ပစၥည္းမွာပစၥည္းသြားေ႐ြး။ပစၥည္းထုတ္ Deli အပ္ အကုန္လုံး တေယာက္ ထဲတခါတေလ အိမ္နီးရင္ ကိုယ္တိုင္ပို႔ (အေမကေတာ့သြားေလရာကားလိုက္ေမာင္းေပး) အဆိုးဆုံးက ၆ လႊာမွာေန ရတဲ့ ဒုကၡ။

မုန႔္ထည့္ေပး လိုက္တဲ့ဖာလိုက္ႀကီးေရာက္လာရင္ အနီးနားအလုပ္သမား မရွိေတာ့ ပီနံအိတ္နဲ႕ ေခါက္တုန႔္ေခါက္ျပန္ ၆ လႊာကို အခါ ၂၀ ေလာက္ အဆင္းတ က္လုပ္ၿပီးသယ္ရတယ္။

ေထာပတ္သီးေတြ ဝိုင္ပုလင္းေတြအခ်ိဳရည္ပုလင္းေတြဆိုပိုဆိုး အရမ္းပင္ ပန္းေပမယ့္ ဘာေလးေရာင္းေရာင္း အားေပးၾကတဲ့ကိုယ့္မိသားစုေလးကို ခ်စ္ၾကတဲ့ (အထူးသျဖင့္ ဘပီကိုခ်စ္ၾကတဲ့သူေတြေၾကာင့္) ေတာ္ေတာ္ေလး အားတက္ခဲ့ပါတယ္”

“မွတ္မွတ္ရရ Covid ေၾကာင့္ အိမ္ဝင္ေငြမရွိ အလုပ္ေတြအကုန္ရပ္ခဲ့ရတုန္းကငါတို႔မိသားစုဝင္ေငြမရွိရင္ ေဘထုပ္ေတြဝယ္ပီး Live ေရာင္းၾကမယ္ေလ ဆိုၿပီးေတာ့ေတာင္ ဘပီနဲ႕ေျပာျဖစ္ေသးတယ္ မိန္း ကေလး အဝတ္ဂါဝန္ႀကီးေတြပါလာရင္ေတာ့ငါဝတ္မေရာင္းရဲဘူး ေယာ က်ာ္းေလးအဝတ္ဆို ငါဝတ္ျပၿပီး ကူေရာင္းေပးမယ္ဆိုၿပီး တိုင္ပင္ဖူးတယ္။

(ရီစရာအမွတ္တရေလးေပါ့) အခုလုပ္ ငန္းေလးနဲ႕ အိမ္ကို အျပည့္အဝမေထာက္ ပံ့နိုင္ေသးေပမယ့္လဲ သမီးႀကီးေနရာ ေရာက္သြားၿပီမို႔ အရင္က ထက္ တာဝန္ ၂ဆနဲ႕ ပိုႀကိဳးစားသြားမွာပါ။

အစားအေသာက္ခ်စ္သူပီပီ ကိုယ္ႀကိဳက္တဲ့ အေၾကာ္ေလွာ္ေလးေတြကိုအေကာင္းဆုံးအသန႔္ရွင္းဆုံး အလတ္ဆတ္ဆုံး ေရာင္းခ်ေပးမွာျဖစ္ပါတယ္။တံဆိပ္ နာမည္ေလးကေတာ့ သူေခၚေနက်` ျပဴးစိန္ ‘ပါ ”ဆိုၿပီး အသိေပး လာတာပဲျဖစ္ပါတယ္။

လျပည့္ကဗ်ာ ကေတာ့ အစ္ကိုျဖစ္သူေရမြန္ကြယ္လြန္ သြားၿပီးတဲ့ေနာက္ မိသားစုရဲ႕သမီးႀကီးအျဖစ္ တာဝန္ေတြထမ္းေဆာင္ရေတာ့ မွာမို႔ သူမရဲ႕ကိုယ္ပိုင္စီး ပြားေရးအ လုပ္ေတြကို လုပ္ကိုင္ေတာ့ မွာျဖစ္ေၾကာင္း ပရိသတ္ကို အသိေပးလာ တာပဲျဖစ္ပါတယ္။

Source: La Pyae Gabyar ‘s fb