စင်ကာပူမှာ အလုပ်လုပ်ရမည်ဆိုပြီး ပွဲစားကနေတဆင့် ရန်ကုန် ရောက်လာတဲ့ မိန်းကလေးရဲ့ အဖြစ်
စင်ကာပူမှာ အလုပ်လုပ်ရမည်ဆိုပြီး ပွဲစားကနေတဆင့် ရန်ကုန် ရောက်လာတဲ့ မိန်းကလေးရဲ့ အဖြစ်နှင့် ကယားပြည်နယ်က စစ်ဘေးရှောင် မိန်းကလေးတွေကို Target ထားလာတဲ့ အေးဂျင့် လူလိမ်များ..
အမည်က နာတာရှာ၊ အသက်က ၁၈ နှစ်၊ နေရပ်က ဒေါငံခါး ၃ ရပ်ကွက်ကပါ။
စင်ကာပူသို့ သွားရောက်အလုပ်လုပ်ရမည်ဟု အသိတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့် ရန်ကုန်သို့ ၂၀ ရက်နေ့ထွက်ခွာခဲ့ပြီး လှိုင်မြို့နယ်ရှိ ကွန်ဒိုတစ်ခုသို့ ညအချိန်ရောက်ရှိခဲ့ပါတယ်။ အခန်းတခုထဲတွင် အခြားသော မိန်းကလေး အယောက် ၃၀ နှင့်အတူ တံခါးသော့အထပ်ထပ် ခတ်ထားခံခဲ့ရပါတယ်။
အင်တာဗျူးဖြေလို့မှားရင် ကျောနှင့် ခြေထောက်များကို တုတ်နှင့်ရိုက်ပါတယ်။ ကွန်ဒို ၆ လွှာတွင် မိန်းကလေးအယောက် ၃၀ နှင့် ၉ လွှာတွင် အယောက် ၂၀ ရှိသည်ဟုသိရပါတယ်။ ယခုထွက်ပြေးလာသော မိန်းကလေးမှာ နိုင်ငံခြားမသွားပါရစေနဲ့ အိမ်ကိုပြန်ချင်သည်ဟုပြောဆိုတာကို ခွင့်မပြုပဲ ပိတ်လှောင်ခံရသော ၅ ရက်မြောက်နေ့ ထမင်းလာပို့ချိန်တွင် တံခါးကိုအတင်းတွန်းဖွင့်ကာ ထွက်ပြေးလာခဲ့ပြီး အဝေးပြေးဝင်းမှတဆင့် ကယားပြည်သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။
ကွန်ဒိုထဲမှာ ကျန်ခဲ့တဲ့မိန်းကလေးတွေရဲ့ ဘဝ အခြေအနေကိုတော့ ကိုယ့်ဘာသာကို တွေးပေတော့ဗျာ။ လက်ရှိအချိန် ကယားပြည်နယ် စစ်ဘေးရှောင် စခန်းများတွင် အပျို လူပျိုများ မရှိသလောက်ရှားပါသည်။ ယောကျ်ားလေးများက အမိမြေကို ကာကွယ်ဘို့ PDF ထဲဝင်ကြသည်။
မိန်းကလေးအချို့က စစ်ဘေးရှောင်ဘဝနှင့် မနေလို၍ နီးစပ်ရာအသိများမှတဆင့် အေးဂျင့်များနှင့် ချိတ်ဆက်ကာ နိုင်ငံခြားသို့အလုပ်ထွက်လုပ်ကြသည်။ ၂၃ နှစ်ပြည့်မှ နိုင်ငံခြားထွက်ရမည်စိုးသောကြောင့် ရန်ကုန်တွင် မှတ်ပုံတင်တစ်ခု ၄ သိန်း အကုန်အကျခံပြီး ခိုးလုပ်ကြသည်။
ကျနော်ပြောချင်တာ မှန်မှန်ကန်ကန်လုပ်တဲ့ အေးဂျင့်တွေ မပါပါဘူးခင်ဗျာ။ မိဘပြည်သူများနှင့် နိုင်ငံခြားထွက်မည့်သူများကို ပြောကြားလိုတာက စားဝတ်နေရေး အခက်အခဲအတွက် မက်လုံးပေးပြီး ရောက်လာတဲ့သူများကို အထူးဂရုစိုက်ကြပါလို့..
လေးစားစွာဖြင့် Tun Myanmar Donation
Zawgyi
စင္ကာပူမွာ အလုပ္လုပ္ရမည္ဆိုၿပီး ပြဲစားကေနတဆင့္ ရန္ကုန္ ေရာက္လာတဲ့ မိန္းကေလးရဲ႕ အျဖစ္
စင္ကာပူမွာ အလုပ္လုပ္ရမည္ဆိုၿပီး ပြဲစားကေနတဆင့္ ရန္ကုန္ ေရာက္လာတဲ့ မိန္းကေလးရဲ႕ အျဖစ္ႏွင့္ ကယားျပည္နယ္က စစ္ေဘးေရွာင္ မိန္းကေလးေတြကို Target ထားလာတဲ့ ေအးဂ်င့္ လူလိမ္မ်ား..
အမည္က နာတာရွာ၊ အသက္က ၁၈ ႏွစ္၊ ေနရပ္က ေဒါငံခါး ၃ ရပ္ကြက္ကပါ။
စင္ကာပူသို႔ သြားေရာက္အလုပ္လုပ္ရမည္ဟု အသိတစ္ေယာက္၏ မိတ္ဆက္ေပးမႈျဖင့္ ရန္ကုန္သို႔ ၂၀ ရက္ေန႔ထြက္ခြာခဲ့ၿပီး လႈိင္ၿမိဳ႕နယ္ရွိ ကြန္ဒိုတစ္ခုသို႔ ညအခ်ိန္ေရာက္ရွိခဲ့ပါတယ္။ အခန္းတခုထဲတြင္ အျခားေသာ မိန္းကေလး အေယာက္ ၃၀ ႏွင့္အတူ တံခါးေသာ့အထပ္ထပ္ ခတ္ထားခံခဲ့ရပါတယ္။
အင္တာဗ်ဴးေျဖလို႔မွားရင္ ေက်ာႏွင့္ ေျခေထာက္မ်ားကို တုတ္ႏွင့္႐ိုက္ပါတယ္။ ကြန္ဒို ၆ လႊာတြင္ မိန္းကေလးအေယာက္ ၃၀ ႏွင့္ ၉ လႊာတြင္ အေယာက္ ၂၀ ရွိသည္ဟုသိရပါတယ္။ ယခုထြက္ေျပးလာေသာ မိန္းကေလးမွာ ႏိုင္ငံျခားမသြားပါရေစနဲ႔ အိမ္ကိုျပန္ခ်င္သည္ဟုေျပာဆိုတာကို ခြင့္မျပဳပဲ ပိတ္ေလွာင္ခံရေသာ ၅ ရက္ေျမာက္ေန႔ ထမင္းလာပို႔ခ်ိန္တြင္ တံခါးကိုအတင္းတြန္းဖြင့္ကာ ထြက္ေျပးလာခဲ့ၿပီး အေဝးေျပးဝင္းမွတဆင့္ ကယားျပည္သို႔ ျပန္လည္ေရာက္ရွိလာသူျဖစ္ပါတယ္။
ကြန္ဒိုထဲမွာ က်န္ခဲ့တဲ့မိန္းကေလးေတြရဲ႕ ဘဝ အေျခအေနကိုေတာ့ ကိုယ့္ဘာသာကို ေတြးေပေတာ့ဗ်ာ။ လက္ရွိအခ်ိန္ ကယားျပည္နယ္ စစ္ေဘးေရွာင္ စခန္းမ်ားတြင္ အပ်ိဳ လူပ်ိဳမ်ား မရွိသေလာက္ရွားပါသည္။ ေယာက်္ားေလးမ်ားက အမိေျမကို ကာကြယ္ဘို႔ PDF ထဲဝင္ၾကသည္။
မိန္းကေလးအခ်ိဳ႕က စစ္ေဘးေရွာင္ဘဝႏွင့္ မေနလို၍ နီးစပ္ရာအသိမ်ားမွတဆင့္ ေအးဂ်င့္မ်ားႏွင့္ ခ်ိတ္ဆက္ကာ ႏိုင္ငံျခားသို႔အလုပ္ထြက္လုပ္ၾကသည္။ ၂၃ ႏွစ္ျပည့္မွ ႏိုင္ငံျခားထြက္ရမည္စိုးေသာေၾကာင့္ ရန္ကုန္တြင္ မွတ္ပုံတင္တစ္ခု ၄ သိန္း အကုန္အက်ခံၿပီး ခိုးလုပ္ၾကသည္။
က်ေနာ္ေျပာခ်င္တာ မွန္မွန္ကန္ကန္လုပ္တဲ့ ေအးဂ်င့္ေတြ မပါပါဘူးခင္ဗ်ာ။ မိဘျပည္သူမ်ားႏွင့္ ႏိုင္ငံျခားထြက္မည့္သူမ်ားကို ေျပာၾကားလိုတာက စားဝတ္ေနေရး အခက္အခဲအတြက္ မက္လုံးေပးၿပီး ေရာက္လာတဲ့သူမ်ားကို အထူးဂ႐ုစိုက္ၾကပါလို႔..
ေလးစားစြာျဖင့္ Tun Myanmar Donation