ကြိုက်ရောင်းကြိုက်ဝယ်ပုံစံ ၂၀၂၂ ခုနှစ် ကားဈေးကွက် ဘာလဲ ဘယ်လဲ ? ( လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာမရေရာသေးမူ ၊ စက်သုံးစီဈေးနုှန်းတက်မူ တွေနဲ့ကားစေးကွက် )
လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာမရေရာသေးမှုနှင့်စက်သုံးဆီဈေးနှုန်းကြောင့် လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ(၂၀၀၀)အောက် ကားတွေသာအရောင်းအဝယ်ဖြစ်နေတယ်လို့ကားဝယ်ရောင်းဈေးကွက်နှင့် ကားပွဲစားအသိုင်းအဝိုင်းကသိရပါတယ်။ မော်တော်ယာဉ်အရောင်းပြခန်းနှင့်လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာများမှ ၂၀၂၂ ခုနှစ်အတွက်
လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းကို ယခုဇန်နဝါရီလ ၃ ရက်နေ့မှစလို့ ဆောင်ရွက်ခွင့်ပြုနေပြီဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ယာယီရပ်ဆိုင်းထားတဲ့လူစီးမော်တော်ယာဉ်တင်သွင်းခွင့်ဟာ မည်သို့အခြေအနေဖြစ် မည်ကိုမသိနိုင်သေးတဲ့အခြေအနေဖြစ်တာကြောင့် ကားအရောင်းစင်တာများနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ရောင်းချတဲ့
Brand new ကားShowroomများအတွက်ကားအသစ်တင်သွင်းခွင့်မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ ကားဝယ်၊ရောင်းတစ်ဦးက”စက်သုံးဆီတစ်လီတာကို (၁၄၅၀)ပတ်လည်ဖြစ်နေတော့ ကားဈေးကွက် ထဲမှာ အင်ဂျင်ပါဝါအသေးကားတွေဘဲ အရောင်းအဝယ်ဖြစ်နေတယ်။SUV Type လို ဖိုးဝှီး (4WD) Type လိုအင်ဂျင်ပါဝါကြီးတဲ့ကားမျိုးကိုအရောင်းအဝယ်သိပ်မဖြစ်ဘူး ။ ကိုယ့်ကား
သွားရောင်းရင်ဈေးမပေးချင်ကြဘူး။ ကိုယ့်ကကားဝယ်မယ်ဆိုရင် အတက်ဈေးပဲပြောကြတယ်။အဲ့လို ဈေးကွက်ပဲ။ကြိုက်ရောင်း၊ကြိုက်ဝယ်လို့လည်းပြောလို့ရတယ်။အဓိကက မူဝါဒအပြောင်း အလဲက ဘာမှန်းမသိသေးချိန်မှာဆီသိပ်မစားတဲ့ပါကင်လွယ်လွယ်ထိုးလို့ရတဲ့ အင်ဂျင်ပါဝါအသေးတွေ အဝယ်လိုက်နေတာ”လို့MFN ကိုပြောပါတယ်။ အခုနှစ်ဆန်းပိုင်းကစလို့ရန်ကုန်ကားဈေးကွက်အတွင်းမှာကားများ
အတက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နသလိုညာမောင်းတစ်ပတ်ရစ်ကားတွေထဲကသိန်း ၁၅၀ နှင့် သိန်း(၂၀၀)ပတ်လည်အင်ဂျင်ပါဝါအသေးကားတွေအရောင်းအဝယ်ဖြစ်နေကြပြီးအချို့ Brand new ကားအသစ်တွေကိုလည်းဘဏ်စနစ်နဲ့အရောင်းအဝယ်လုပ်လာကြပါတယ်။ မြန်မာနိုင်ငံမော်တင်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်းများအသင်းမှတာဝန်ရှိသူတစ်ဦးက“ဒေါ်လာဈေး ရွှေဈေးတက်တုန်းကကားဈေးကွက်အရောင်းအဝယ်ရော ဈေးနှုန်းရောတက်မလာဘူး။ အခုဟာတော့ တင်သွင်းခွင့်ပိတ်လိုက်တာကြောင့်ကားဈေးကွက်
အဝယ်လိုက်လာတာပါ။ ဒေါ်လာဈေးနည်းနည်းပြန်တက်လာတာနဲ့လည်းဆိုင်တယ်။အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ကားဈေးကွက်ဝယ်လိုအားတွေကတက်လာတာပါ”လို့ MFN ရဲ့သီးသန့်ဆက်သွယ်မေးမြန်းတာကိုပြောပါတယ်။ ဆက်လက်ပြီးဝယ်ယူသုံးစွဲသူတွေအတွက်အပြောင်းအလဲများစွာမရှိပေမယ့် ပြည်ပမှကားစင်းလုံးတင်သွင်းခွင့်ပိတ်လိုက်တာကြောင့်ပြည်ပတင်သွင်းရောင်းတဲ့Brand new ကား Show roomတွေကတော့
ထိခိုက်နစ်နာမှုတွေရှိတယ်လို့လည်း၎င်းကသုံးသပ်ပြောပါတယ်။ ထိုသို့ ကားဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လာပေမယ့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)တွင်ယာဉ်စစ်ဆေးမှုမလုပ်ဘဲလိုင်စင်သက်တမ်းတိုးမယ့် အစီအစဉ်ကြောင့်လည်း ဈေးကွက်အတွင်း တိုက်ကြေကားများ၊ကားဘော်ဒီချိန်း၊ အခွံလိုက်ဖောက်စွပ် ကားများကို လိုက်လံဝယ်ယူပြီး ပြန်လည်ရောင်းချမှုတွေလည်းရှိနေလို့
ယခုအချိန်မှကားဝယ်ယူမယ့်သူတွေသတိထား ဝယ်ယူသင့်တယ်လို့လည်းကားဝယ်ရောင်းအသိုင်းအဝိုင်းကသတိပေးပါတယ်။ လုပ်သက်ရင့် ကားဝယ်၊ရောင်းတစ်ဦးက“ အခုအချိန်ကတိုက်ကြေကားတွေကိုလိုက်ဝယ်တဲ့သူနဲ့ ရောင်းချင်တဲ့သူတွေကလည်းကားဈေးကွက်ထဲမှာခြေရှုပ်နေတယ်။အွန်လိုင်းပေါ်မှာတင်ရောင်းသမျှကိုယုံလို့လည်းမရဘူး။အွန်လိုင်းပေါ်ကကားကို
အဆင်ပြေတယ်ထင်ပြီးသွားကြည့်တော့ပုံစံတမျိုးဖြစ်နေတာတွေ အခုနောက်ပိုင်း အများကြီး တွေ့ရတယ်။ဝယ်ယူသူတွေကိုတအားလောပြီးမဝယ်စေချင်ဘူး။ နောက်ပြီးကညနမှာယာဉ်မစစ်ဆေးဘဲလိုင်စင်သက်တမ်းတိုးပေးနေတာကလည်းနောက်ဝယ်တဲ့ သူအတွက်အများကြီးအန္တရာယ်ရှိလို့သတိထားစေချင်တယ်”လို့ MFN ကို ပြောပါတယ်။ မြန်မာငွေကြေးဖောင်းပွမှုတွေကြောင့်
လည်းစိုးရိမ်ပြီးကားဈေးကွက်ပေါ် ပြန်လှည်လာတဲ့အခြေအနေလည်း ရှိနေပါတယ်။ဒါကြောင့်ကားဈေးကွက်ဟာယခင်ကရွှေဈေးနဲ့ ဒေါ်လာဈေးလိုဈေးကွက်အတက်ကြမ်းလာနိုင် ဖွယ်ရှိနိုင်ပါတယ်။ လက်ရှိ ပြည်တွင်း ကားအရောင်းအဝယ်ကို Onlineလူမှုကွန်ယက်တွေပေါ်မှာအမျိုးအစားလိုက် ကြိုက်ရောင်း ကြိုက်ဝယ် စနစ်တွေနဲ့ ရောင်းချနေမှုတွေရှိပြီး
မော်ဒယ်နံပါတ်၊လိုင်စင်သက်တမ်းစတာတွေအပေါ်မူတည်ပြီးယခင်ကသိန်း ၁၀၀ကျော်ပတ်ချာလည်ဈေးဝန်းကျင်ရှိကားဈေးတွေက ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ထိမြင့်တက်လျက်ရှိနေတယ်လို့ကား ရောင်း/ဝယ် ပြုလုပ်နေသူများထံက သိရှိရပါတယ်။
crd….
Zawgyi
ႀကိဳက္ေရာင္းႀကိဳက္ဝယ္ပုံစံ ၂၀၂၂ ခုႏွစ္ ကားေဈးကြက္ ဘာလဲ ဘယ္လဲ ? ( လူစီးကားတင္သြင္းခြင့္ မူဝါဒမေသခ်ာမေရရာေသးမူ ၊ စက္သုံးစီေစ်းႏုွန္းတက္မူ ေတြနဲ႕ကားေစးကြက္ )
လူစီးကားတင္သြင္းခြင့္ မူဝါဒမေသခ်ာမေရရာေသးမႈႏွင့္စက္သုံးဆီေဈးႏႈန္းေၾကာင့္ လက္ရွိ တစ္ပတ္ရစ္ကားေဈးကြက္အတြင္း အင္ဂ်င္ပါဝါ(၂၀၀၀)ေအာက္ ကားေတြသာအေရာင္းအဝယ္ျဖစ္ေနတယ္လို႔ကားဝယ္ေရာင္းေဈးကြက္ႏွင့္ ကားပြဲစားအသိုင္းအဝိုင္းကသိရပါတယ္။ ေမာ္ေတာ္ယာဥ္အေရာင္းျပခန္းႏွင့္လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္အေရာင္းစင္တာမ်ားမွ ၂၀၂၂ ခုႏွစ္အတြက္
လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ေလွ်ာက္ထားျခင္းကို ယခုဇန္နဝါရီလ ၃ ရက္ေန႔မွစလို႔ ေဆာင္႐ြက္ခြင့္ျပဳေနၿပီျဖစ္ပါတယ္။ သို႔ေပမယ့္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလကတည္းက ယာယီရပ္ဆိုင္းထားတဲ့လူစီးေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ဟာ မည္သို႔အေျခအေနျဖစ္ မည္ကိုမသိႏိုင္ေသးတဲ့အေျခအေနျဖစ္တာေၾကာင့္ ကားအေရာင္းစင္တာမ်ားႏွင့္ ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ေရာင္းခ်တဲ့
Brand new ကားShowroomမ်ားအတြက္ကားအသစ္တင္သြင္းခြင့္မရေသးတဲ့အေျခအေနျဖစ္ပါတယ္။ ကားဝယ္၊ေရာင္းတစ္ဦးက”စက္သုံးဆီတစ္လီတာကို (၁၄၅၀)ပတ္လည္ျဖစ္ေနေတာ့ ကားေဈးကြက္ ထဲမွာ အင္ဂ်င္ပါဝါအေသးကားေတြဘဲ အေရာင္းအဝယ္ျဖစ္ေနတယ္။SUV Type လို ဖိုးဝွီး (4WD) Type လိုအင္ဂ်င္ပါဝါႀကီးတဲ့ကားမ်ိဳးကိုအေရာင္းအဝယ္သိပ္မျဖစ္ဘူး ။ ကိုယ့္ကား
သြားေရာင္းရင္ေဈးမေပးခ်င္ၾကဘူး။ ကိုယ့္ကကားဝယ္မယ္ဆိုရင္ အတက္ေဈးပဲေျပာၾကတယ္။အဲ့လို ေဈးကြက္ပဲ။ႀကိဳက္ေရာင္း၊ႀကိဳက္ဝယ္လို႔လည္းေျပာလို႔ရတယ္။အဓိကက မူဝါဒအေျပာင္း အလဲက ဘာမွန္းမသိေသးခ်ိန္မွာဆီသိပ္မစားတဲ့ပါကင္လြယ္လြယ္ထိုးလို႔ရတဲ့ အင္ဂ်င္ပါဝါအေသးေတြ အဝယ္လိုက္ေနတာ”လို႔MFN ကိုေျပာပါတယ္။ အခုႏွစ္ဆန္းပိုင္းကစလို႔ရန္ကုန္ကားေဈးကြက္အတြင္းမွာကားမ်ား
အတက္ေဈးနဲ႔အေရာင္းအဝယ္ျဖစ္နသလိုညာေမာင္းတစ္ပတ္ရစ္ကားေတြထဲကသိန္း ၁၅၀ ႏွင့္ သိန္း(၂၀၀)ပတ္လည္အင္ဂ်င္ပါဝါအေသးကားေတြအေရာင္းအဝယ္ျဖစ္ေနၾကၿပီးအခ်ိဳ႕ Brand new ကားအသစ္ေတြကိုလည္းဘဏ္စနစ္နဲ႔အေရာင္းအဝယ္လုပ္လာၾကပါတယ္။ ျမန္မာႏိုင္ငံေမာ္တင္ယာဥ္ထုတ္လုပ္ေရးႏွင့္ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္းမ်ားအသင္းမွတာဝန္ရွိသူတစ္ဦးက“ေဒၚလာေဈး ေ႐ႊေဈးတက္တုန္းကကားေဈးကြက္အေရာင္းအဝယ္ေရာ ေဈးႏႈန္းေရာတက္မလာဘူး။ အခုဟာေတာ့ တင္သြင္းခြင့္ပိတ္လိုက္တာေၾကာင့္ကားေဈးကြက္
အဝယ္လိုက္လာတာပါ။ ေဒၚလာေဈးနည္းနည္းျပန္တက္လာတာနဲ႔လည္းဆိုင္တယ္။အဲ့ႏွစ္ခုေပါင္းလိုက္တဲ့အခါက်ေတာ့ကားေဈးကြက္ဝယ္လိုအားေတြကတက္လာတာပါ”လို႔ MFN ရဲ႕သီးသန႔္ဆက္သြယ္ေမးျမန္းတာကိုေျပာပါတယ္။ ဆက္လက္ၿပီးဝယ္ယူသုံးစြဲသူေတြအတြက္အေျပာင္းအလဲမ်ားစြာမရွိေပမယ့္ ျပည္ပမွကားစင္းလုံးတင္သြင္းခြင့္ပိတ္လိုက္တာေၾကာင့္ျပည္ပတင္သြင္းေရာင္းတဲ့Brand new ကား Show roomေတြကေတာ့
ထိခိုက္နစ္နာမႈေတြရွိတယ္လို႔လည္း၎ကသုံးသပ္ေျပာပါတယ္။ ထိုသို႔ ကားေဈးကြက္အတြင္း အေရာင္းအဝယ္ျဖစ္လာေပမယ့္ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန(ကညန)တြင္ယာဥ္စစ္ေဆးမႈမလုပ္ဘဲလိုင္စင္သက္တမ္းတိုးမယ့္ အစီအစဥ္ေၾကာင့္လည္း ေဈးကြက္အတြင္း တိုက္ေၾကကားမ်ား၊ကားေဘာ္ဒီခ်ိန္း၊ အခြံလိုက္ေဖာက္စြပ္ ကားမ်ားကို လိုက္လံဝယ္ယူၿပီး ျပန္လည္ေရာင္းခ်မႈေတြလည္းရွိေနလို႔
ယခုအခ်ိန္မွကားဝယ္ယူမယ့္သူေတြသတိထား ဝယ္ယူသင့္တယ္လို႔လည္းကားဝယ္ေရာင္းအသိုင္းအဝိုင္းကသတိေပးပါတယ္။ လုပ္သက္ရင့္ ကားဝယ္၊ေရာင္းတစ္ဦးက“ အခုအခ်ိန္ကတိုက္ေၾကကားေတြကိုလိုက္ဝယ္တဲ့သူနဲ႔ ေရာင္းခ်င္တဲ့သူေတြကလည္းကားေဈးကြက္ထဲမွာေျခရႈပ္ေနတယ္။အြန္လိုင္းေပၚမွာတင္ေရာင္းသမွ်ကိုယုံလို႔လည္းမရဘူး။အြန္လိုင္းေပၚကကားကို
အဆင္ေျပတယ္ထင္ၿပီးသြားၾကည့္ေတာ့ပုံစံတမ်ိဳးျဖစ္ေနတာေတြ အခုေနာက္ပိုင္း အမ်ားႀကီး ေတြ႕ရတယ္။ဝယ္ယူသူေတြကိုတအားေလာၿပီးမဝယ္ေစခ်င္ဘူး။ ေနာက္ၿပီးကညနမွာယာဥ္မစစ္ေဆးဘဲလိုင္စင္သက္တမ္းတိုးေပးေနတာကလည္းေနာက္ဝယ္တဲ့ သူအတြက္အမ်ားႀကီးအႏၲရာယ္ရွိလို႔သတိထားေစခ်င္တယ္”လို႔ MFN ကို ေျပာပါတယ္။ ျမန္မာေငြေၾကးေဖာင္းပြမႈေတြေၾကာင့္
လည္းစိုးရိမ္ၿပီးကားေဈးကြက္ေပၚ ျပန္လွည္လာတဲ့အေျခအေနလည္း ရွိေနပါတယ္။ဒါေၾကာင့္ကားေဈးကြက္ဟာယခင္ကေ႐ႊေဈးနဲ႔ ေဒၚလာေဈးလိုေဈးကြက္အတက္ၾကမ္းလာႏိုင္ ဖြယ္ရွိႏိုင္ပါတယ္။ လက္ရွိ ျပည္တြင္း ကားအေရာင္းအဝယ္ကို Onlineလူမႈကြန္ယက္ေတြေပၚမွာအမ်ိဳးအစားလိုက္ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ စနစ္ေတြနဲ႔ ေရာင္းခ်ေနမႈေတြရွိၿပီး
ေမာ္ဒယ္နံပါတ္၊လိုင္စင္သက္တမ္းစတာေတြအေပၚမူတည္ၿပီးယခင္ကသိန္း ၁၀၀ေက်ာ္ပတ္ခ်ာလည္ေဈးဝန္းက်င္ရွိကားေဈးေတြက ၃၀ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္း ထိျမင့္တက္လ်က္ရွိေနတယ္လို႔ကား ေရာင္း/ဝယ္ ျပဳလုပ္ေနသူမ်ားထံက သိရွိရပါတယ္။
crd….



