ၾကားသိရသမွ်

အသက္ (၁၁၁)နွစ္ ရွိၿပီျဖစ္ေသာ္လည္း စစ္ေရွာင္ေနရသည့္ အဖြားအို

Zawgyi

အသက္ (၁၁၁)နွစ္ ရွိၿပီျဖစ္ေသာ္လည္း စစ္ေရွာင္ေနရသည့္ အဖြားအို

အၾကမ္းဖက္ စစ္တပ္သည္ သူ၏ရြာကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ၿပီးေနာက္ ရန္သူေဘးမွ လြတ္ရာကို ေျမးမ်ားက ခ်ီပိုးသယ္ေဆာင္ၿပီး ေျပးလာခဲ့ၾကရသည္။

ဇန္နဝါရီလ ၈ ရက္မွ စတင္ၿပီး သူ ေနရာေျပာင္းေရြ႕ ေျပးလာရသည္မွာ သုံး ေနရာရွိၿပီျဖစ္သည္။

မလြဲသာလို့သာေျပးေနရတယ္ ခု စားလို့လဲမေကာင္းေတာ့ဘူး အိပ္လို့လည္း မရေတာ့ဘူး လို့
အသက္ ၁၁၁ ႏွစ္ ရွိၿပီျဖစ္သည့္ အဖြားေဒၚေစာလွ က ေျပာသည္။

အၾကမ္းဖက္စစ္တပ္၏ လက္နက္ႀကီး၊ေလယာဥ္ျဖင့္ တိုက္ခိုက္မွုေၾကာင့္ ရြာသား ၁၁ ဦး ျပင္းထန္ေသာဒါဏ္ရာမ်ား ရရွိခဲ့ၿပီး ေရႊ႕ေျပာင္းအလုပ္သမားတစ္ဦး ေသဆုံးခဲ့ရသည္။ စစ္ေရွာင္ေနရသည့္ လူဦးေရမွာ ႏွစ္ေထာင္ ေက်ာ္လာၿပီ ျဖစ္သည္။

ကိုယ္က ဘာမွမတတ္နိုင္တာ သူတို့လုပ္တာခံ ေျပး ဒါပဲ တတ္နိုင္မေပါ့ လို့ အဖြားေဒၚေစာလွ က ေျပာသည္။

သူ႔အေနျဖင့္ အၾကမ္းဖက္စစ္တပ္၏ ေဘးလြတ္ရာကို ေရာက္လာၿပီ ျဖစ္ေသာ္လည္း ရြာတြင္ က်န္ေန႔ခဲ့သည့္ သမီးျဖစ္သူ အသက္ ၇၀ ေက်ာ္အရြယ္ကို စိတ္ပူေနေၾကာင္း ေျပာသည္။

ရြာတြင္က်န္ခဲ့သည့္ သူ၏ သမီးျဖစ္သူ အသက္ ၇၀ ေက်ာ္သည္ နားေကာင္းစြာ မၾကားရေတာ့သည့္အျပင္ သားမက္မွာ

ေလျဖတ္ေဝဒနာ ခံစားေနရသူတစ္ဦးျဖစ္ေၾကာင္း၊ ရြာရွိ ၿခံတဲ တြင္ က်န္ေနခဲ့ေၾကာင္း အဖြားေဒၚေစာလွ ၏ ေျမးမ်ားက ေျပာသည္။

#KloFMpage

Unicode

အသက် (၁၁၁)နှစ် ရှိပြီဖြစ်သော်လည်း စစ်ရှောင်နေရသည့် အဖွားအို

အကြမ်းဖက် စစ်တပ်သည် သူ၏ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ရန်သူဘေးမှ လွတ်ရာကို မြေးများက ချီပိုးသယ်ဆောင်ပြီး ပြေးလာခဲ့ကြရသည်။

ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး သူ နေရာပြောင်းရွေ့ ပြေးလာရသည်မှာ သုံး နေရာရှိပြီဖြစ်သည်။

မလွဲသာလို့သာပြေးနေရတယ် ခု စားလို့လဲမကောင်းတော့ဘူး အိပ်လို့လည်း မရတော့ဘူး လို့

အသက် ၁၁၁ နှစ် ရှိပြီဖြစ်သည့် အဖွားဒေါ်စောလှ က ပြောသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရွာသား ၁၁ ဦး ပြင်းထန်သောဒါဏ်ရာများ ရရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ရသည်။ စစ်ရှောင်နေရသည့် လူဦးရေမှာ နှစ်ထောင် ကျော်လာပြီ ဖြစ်သည်။

ကိုယ်က ဘာမှမတတ်နိုင်တာ သူတို့လုပ်တာခံ ပြေး ဒါပဲ တတ်နိုင်မပေါ့ လို့ အဖွားဒေါ်စောလှ က ပြောသည်။

သူ့အနေဖြင့် အကြမ်းဖက်စစ်တပ်၏ ဘေးလွတ်ရာကို ရောက်လာပြီ ဖြစ်သော်လည်း ရွာတွင် ကျန်နေ့ခဲ့သည့် သမီးဖြစ်သူ အသက် ၇၀ ကျော်အရွယ်ကို စိတ်ပူနေကြောင်း ပြောသည်။

ရွာတွင်ကျန်ခဲ့သည့် သူ၏ သမီးဖြစ်သူ အသက် ၇၀ ကျော်သည် နားကောင်းစွာ မကြားရတော့သည့်အပြင် သားမက်မှာ

လေဖြတ်ဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း၊ ရွာရှိ ခြံတဲ တွင် ကျန်နေခဲ့ကြောင်း အဖွားဒေါ်စောလှ ၏ မြေးများက ပြောသည်။

#KloFMpage