တခါတုန်းကပေါ့။ ဆင်းရဲသား တဦးဟာ ပညာရှိ အဖိုးအို တဦးထံ ရောက်လာပြီး မေးတယ်။
“အဖိုးခင်ဗျာ၊ ကံ ဆိုတာ တကယ် ရှိပါသလား”
“ရှိပါတယ်”
ကျနော့်ကို တသက်လုံး ဆင်းဆင်း ရဲရဲ နေရအောင် ကံကြမ္မာက ဖန်တီး နေတာလား ဆိုတာ သိပါရစေ အဖိုး”
“ကဲ ဒါဆို ငါ့မြေးရဲ့ လက်ဖဝါးကို အဖိုးကို ပြပါ”
အဖိုးအိုက ဆင်းရဲသားရဲ့ လက်ဖဝါးကို ကြည့်ပြီး “ဒါကတော့ ငါ့မြေးရဲ့ ကျန်းမာရေး လမ်းကြောင်း၊ ဒါကတော့ ဘ၀ လမ်းကြောင်း ဒါကတော့ အလုပ်အကိုင် လမ်းကြောင်း၊ ဒါကတော့ အိမ်ထောင်ရေး လမ်းကြောင်းပါ”
ပြောပြောဆိုဆို အဖိုးအိုက ဆင်းရဲ့သားရဲ့ လက်ဖဝါးကို တင်းတင်း ဆုပ်ကိုင်ခိုင်း လိုက်တယ်။ ပြီးတော့မှ ဆင်းရဲသားကို မေးလိုက်တယ်။
“ကဲ ခုနက အဖိုးပြောခဲ့တဲ့ လက္ခဏာ လမ်းကြောင်းတွေ အခု ဘယ်ရောက် သွားပြီလဲ”
ဆင်းရဲသားက ပြန်ဖြေတယ်။ “ကျွန်တော့်ရဲ့လက်ထဲမှာပါ အဖိုး”
အဖိုးအိုက ပြုံးပြီး ပြန်မေးလိုက်တယ်။ “ဒါဆို ငါ့မြေး ခုနက မေးတဲ့ ကံဆိုတာ ကရော”
ဆင်းရဲသားဟာ အဲဒီတော့မှ အဖိုးအိုရဲ့ ဆိုလိုရင်းကို နားလည် သဘောပေါက်သွားပါတော့တယ်။
ကံဖြစ်စေ၊ အခွင့်အလမ်း ဖြစ်စေ ကိုယ့်လက်ထဲမှာသာ ရှိပါတယ်။ ကြိုးစားနေဖို့က ကိုယ့်တာဝန်ပါ။ ကိုယ်လိုချင်တဲ့ အရာတွေကို အိမ်ထဲမှာ ထိုင် ဆုတောင်းနေရုံ နဲ့တော့ ဘယ်တန်ခိုးရှင်ကမှ သင့်ကို လာပေးမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် အပြင်ထွက်ပြီး ကြိုးစား ယူမှသာ ရနိုင်ပါလိမ့်မယ်။
Thettantcho
Zawgyi
တခါတုန္းကေပါ့။ ဆင္းရဲသား တဦးဟာ ပညာရွိ အဖိုးအို တဦးထံ ေရာက္လာၿပီး ေမးတယ္။
“အဖိုးခင္ဗ်ာ၊ ကံ ဆိုတာ တကယ္ ရွိပါသလား”
“ရွိပါတယ္”
က်ေနာ့္ကို တသက္လုံး ဆင္းဆင္း ရဲရဲ ေနရေအာင္ ကံၾကမၼာက ဖန္တီး ေနတာလား ဆိုတာ သိပါရေစ အဖိုး”
“ကဲ ဒါဆို ငါ့ေျမးရဲ႕ လက္ဖဝါးကို အဖိုးကို ျပပါ”
အဖိုးအိုက ဆင္းရဲသားရဲ႕ လက္ဖဝါးကို ၾကည့္ၿပီး “ဒါကေတာ့ ငါ့ေျမးရဲ႕ က်န္းမာေရး လမ္းေၾကာင္း၊ ဒါကေတာ့ ဘ၀ လမ္းေၾကာင္း ဒါကေတာ့ အလုပ္အကိုင္ လမ္းေၾကာင္း၊ ဒါကေတာ့ အိမ္ေထာင္ေရး လမ္းေၾကာင္းပါ”
ေျပာေျပာဆိုဆို အဖိုးအိုက ဆင္းရဲ႕သားရဲ႕ လက္ဖဝါးကို တင္းတင္း ဆုပ္ကိုင္ခိုင္း လိုက္တယ္။ ၿပီးေတာ့မွ ဆင္းရဲသားကို ေမးလိုက္တယ္။
“ကဲ ခုနက အဖိုးေျပာခဲ့တဲ့ လကၡဏာ လမ္းေၾကာင္းေတြ အခု ဘယ္ေရာက္ သြားၿပီလဲ”
ဆင္းရဲသားက ျပန္ေျဖတယ္။ “ကြၽန္ေတာ့္ရဲ႕လက္ထဲမွာပါ အဖိုး”
အဖိုးအိုက ၿပဳံးၿပီး ျပန္ေမးလိုက္တယ္။ “ဒါဆို ငါ့ေျမး ခုနက ေမးတဲ့ ကံဆိုတာ ကေရာ”
ဆင္းရဲသားဟာ အဲဒီေတာ့မွ အဖိုးအိုရဲ႕ ဆိုလိုရင္းကို နားလည္ သေဘာေပါက္သြားပါေတာ့တယ္။
ကံျဖစ္ေစ၊ အခြင့္အလမ္း ျဖစ္ေစ ကိုယ့္လက္ထဲမွာသာ ရွိပါတယ္။ ႀကိဳးစားေနဖို႔က ကိုယ့္တာဝန္ပါ။ ကိုယ္လိုခ်င္တဲ့ အရာေတြကို အိမ္ထဲမွာ ထိုင္ ဆုေတာင္းေန႐ုံ နဲ႔ေတာ့ ဘယ္တန္ခိုးရွင္ကမွ သင့္ကို လာေပးမွာ မဟုတ္ပါဘူး။ သင္ကိုယ္တိုင္ အျပင္ထြက္ၿပီး ႀကိဳးစား ယူမွသာ ရႏိုင္ပါလိမ့္မယ္။
Thettantcho



