ၾကားသိရသမွ်

ဆန်းသစ်သော တီထွင်ဖန်တီးမျိုးကိုသာ လုပ်ဆောင်နိုင်ပါက အောင်မြင်မှုရရှိကြောင်းကို သက်သေပြနိုင်ခဲ့သည့်…seemore

ဆန်းသစ်သော တီထွင်ဖန်တီးမျိုးကိုသာ လုပ်ဆောင်နိုင်ပါက အောင်မြင်မှုရရှိကြောင်းကို သက်သေပြနိုင်ခဲ့သည့် လယ်ကွင်းထဲက နာမည်ကျော်စားသောက်ဆိုင်လေး

လူသားတိုင်းသည် တစ်နေ့တွင် အောင်မြင်ရမည်ဆိုသော ရည်ရွယ်ချက်ဖြင့် အလုပ်မျိုးစုံကို ကျရာနေရာမှ စွမ်းစွမ်းတမံဆောင်ရွက်နေကြတာဖြစ်ပါတယ်။မိမိဆောင်ရွက်နေသော လုပ်ငန်းတစ်ခုဟာ အောင်မြင်မှုရရှိစေရန် လူကြိုက်များလာနိုင်သော တီထွင်ဆန်းသစ်မှုများကို ရှာဖွေနိုင်ရမှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှ လယ်သမားတစ်ဦးကတော့ သူ၏လယ်ကွင်းများအလယ်တွင် စားပွဲခုံလေးတွေကို ချထားပြီး စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့ရာမှ မထင်မှတ်ဘဲ နာမည်ရအောင်မြင်သွားခဲ့သည်။

စိမ်းလန်းစိုပြေနေသော လယ်ကွင်းကြီး၏အလယ်တွင် ဖွင့်လှစ်နိုင်ခဲ့သော စားသောက်ဆိုင်လေးဟာ ခမ်းနားထည်ဝါခြင်းမရှိသော်လည်း လှပသော ရှုခင်းလေးကြောင့် လူတိုင်းသဘောကျကာ အောင်မြင်လာခဲ့ခြင်းဖြစ်ပါတယ်။

ဆန်းသစ်တဲ့တီထွင်မှုဟာ အောင်မြင်ခြင်း၏အစလို့ပင် ဆိုရမှာဖြစ်ပါတယ်။

Shoon (Cele Daily)





Shoon (Cele Daily)