ဘဝရဲ႕ေနဝင္ဆည္းဆာခ်ိန္မွ အာ႐ုံဦးထံသို႔ ေပးစာတစ္ေစာင္ ဘိုးဘြားရိပ္သာမွာ အဘြားအိုတစ္ေယာက္အိပ္ေနရင္းနဲ႔ ေသဆုံးေနခဲ့တယ္။ အဘြားအိုကို အိပ္ယာကမလိုက္တဲ့အခါမွာေတာ့
ဘိုးဘြားရိပ္သာက တာဝန္ခံေတြ ျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့ သူနာျပဳေတြအတြက္…. ေရးထားတဲ့ စာေလးတစ္ေစာင္ကို ေတြ႕လိုက္ရတယ္။
စာေလးမွာ ေရးထားတာေတြကေတာ့ ဘိုးဘြားရိပ္သာမွာရွိတဲ့ တာဝန္ရွိသူမ်ားအေနနဲ႔ က်မ ဇီဇာေၾကာင္ၿပီး ထူးဆန္းတဲ့ အဘြားႀကီးတေယာက္လို႔ ျမင္မိၾကတယ္မဟုတ္လား.. အခန္းနံရံကို အဓိပၸါယ္မဲ့ ေငးၾကည့္ေနတတ္တဲ့ အဘြားႀကီးတေယာက္
အစားစားရင္ ဖိတ္စင္တတ္ၿပီး ရွင္တို႔ရဲ႕ စကားဆိုတစ္လုံးမွ နားမေထာင္တတ္တဲ့ အဘြားႀကီးတစ္ေယာက္ ရွင္တို႔ကိုစိတ္အၿမဲရႈပ္ေစတတ္တဲ့ ကြၽန္မကို စိတ္ရွည္ဖို႔ဆိုတာ လြယ္ေတာ့ မလြယ္ပါဘူး။
တကယ္ေတာ့ေလ ကြၽန္မဟာ ခ်စ္ရတဲ့ မိသားစုရဲ႕ ေႏြးေထြးတဲ့ အရိပ္မွာ ေပ်ာ္႐ႊင္တက္ႂကြေနခဲ့တဲ့ ေကာင္မေလးတေယာက္.. ခ်စ္သူကို အိမ္ေထာင္ေရးကတိကဝတ္ေတြေပးရင္း ရင္ခုန္စိတ္လႈပ္ရွားေနခဲ့တဲ့ သတို႔သမီးတေယာက္
ကြၽန္မရဲ႕ထမီစကို ကိုင္ရင္း က်မေနာက္ တေကာက္ေကာက္လိုက္ေနတတ္တဲ့ ခ်စ္စရာသားသမီးသုံးေယာက္ရဲ႕ မိခင္ တစ္ေယာက္ကြၽန္မအသက္အ႐ြယ္ႀကီးလာတာနဲ႔အမွ် သားသမီးေတြ အေတာင္အလက္စုံလာၿပီး ကြၽန္မကို မထားခဲ့ပါေစနဲ႔လို႔ တိတ္တိတ္ေလးဆုေတာင္းေနခဲ့တဲ့ မိန္းမႀကီးတေယာက္
ကြၽန္မရဲ႕သားသမီးေတြ အိမ္ေထာင္ရက္သား က်သြားတဲ့အခါ ကြၽန္မခင္ပြန္းရဲ႕ ရင္ခြင္ကိုမွီရင္း အိမ္ေထာင္ဦးဘဝက ပ်ိဳမ်စ္ျခင္းေတြကို ျပန္ခံစားေနခဲ့တဲ့ သက္ႀကီးပိုင္း အမ်ိဳးသမီးတစ္ေယာက္
ကြၽန္မရဲ႕ သားသမီးေတြက သူ႔တို႔ရဲ႕ သားသမီးေတြကို အိမ္ေခၚလာတဲ့အခါ ေျမးေလးေတြကို ခ်ီရင္း သားသမီးေတြရဲ႕ ငယ္ဘဝကို ျပန္ေျပာင္းသတိရရင္း ေလာကနိဗၺာန္ကို ခံစားေနခဲ့တဲ့ အဘြားတေယာက္
ကြၽန္မခင္ပြန္းရဲ႕ အုတ္ဂူေဘးမွာထိုင္ရင္း တစ္ေလာကလုံး အေမွာင္က်သြားသလိုခံစားရၿပီး ေရွ႕ဆက္ရမယ့္ အနာဂတ္ကို မျမင္ႏိုင္ျဖစ္ေနခဲ့တဲ့ မုဆိုးမတစ္ေယာက္ ကြၽန္မကို ဂ႐ုစိုက္ေပးဖို႔၊ ျပဳစုေစာင့္ေရွာက္ဖို႔ သားသမီးေတြအိမ္ကို တက္ေနဖို႔ အခါခါ စဥ္းစားမိေပမဲ့..
ဝန္ပိုမွာကို စိုးရိမ္ေနခဲ့တဲ့ အဘြားအိုတေယာက္ ကြၽန္မဟာ အလွေတြ၊ ပ်ိဳျမစ္ျခင္းေတြ ကုန္ဆုံးသြားၿပီး ေလာကအတြက္ ဘာမွအသုံးမဝင္ေတာ့တဲ့ လူပိုတစ္ေယာက္ စတဲ့ ဘဝျဖစ္စဥ္ေတြအားလုံးကို အဆင့္ဆင့္ ျဖတ္သန္းခဲ့သူတေယာက္ပါ ။
ရွင္တို႔သာျမင္ေအာင္ၾကည့္ရင္ေလ ကြၽန္မဆီမွာ မၿမဲျခင္းသေဘာေတြ အမ်ားႀကီးျမင္ရလိမ့္မယ္။ ေလာကမွာ ဘယ္အရာကိုမွ အၾကာႀကီး ဆုပ္ကိုင္ထားလို႔မရဘူးဆိုတာလည္း နားလည္လာလိမ့္မယ္။
မာနေတြ၊ အတၱေတြဆိုတာလည္း ေနဝင္ခ်ိန္မွာ အသုံးမဝင္ေတာ့တဲ့အရာဆိုတာကို သေဘာေပါက္လာလိမ့္မယ္။ရွင္တို႔သာ ကြၽန္မကို ျမင္ေအာင္ၾကည့္ခဲ့ရင္ေလ ႏွလုံးသားမွာ သိမ္းဆည္းထားတဲ့ ခ်ိဳၿမိန္တဲ့အမွတ္တရေတြကို
တဖန္ျပန္လည္လြမ္းရင္း ငယ္ဘဝတုန္းက မိဘေတြကို လြမ္းဆြတ္ေနတဲ့ ဂ်စ္ကန္ကန္ေကာင္မေလးကို ေတြ႕ရပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ နားလည္ရခက္တဲ့ ကြၽန္မရဲ႕ ေနဝင္ခ်ိန္မွာ က်မကို စိတ္ရွည္စြာ ေဖးမေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။
အာ႐ုံဦးဆိုတာ ဆည္းဆာခ်ိန္ေတြကို ႀကဳံေတြ႕ရမယ့္အရာဆိုတာကို သေဘာေပါက္ၿပီး က်မလို ဂ်စ္ကန္ကန္ ဘိုးဘြားေပါင္းမ်ားစြာကို ေစာင့္ေရွာက္ေပးခဲ့တဲ့ ရွင္တို႔ရဲ႕ ေမတၱာတရားေတြအတြက္ တူတဲ့အက်ိဳးေတြခံစားရပါေစ။ ဂႏၴဝင္မဂၢဇင္း
ဘဝရဲ့နေဝင်ဆည်းဆာချိန်မှ အာရုံဦးထံသို့ ပေးစာတစ်စောင် ဘိုးဘွားရိပ်သာမှာ အဘွားအိုတစ်ယောက်အိပ်နေရင်းနဲ့ သေဆုံးနေခဲ့တယ်။ အဘွားအိုကို အိပ်ယာကမလိုက်တဲ့အခါမှာတော့
ဘိုးဘွားရိပ်သာက တာဝန်ခံတွေ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူနာပြုတွေအတွက်…. ရေးထားတဲ့ စာလေးတစ်စောင်ကို တွေ့လိုက်ရတယ်။
စာလေးမှာ ရေးထားတာတွေကတော့ ဘိုးဘွားရိပ်သာမှာရှိတဲ့ တာဝန်ရှိသူများအနေနဲ့ ကျမ ဇီဇာကြောင်ပြီး ထူးဆန်းတဲ့ အဘွားကြီးတယောက်လို့ မြင်မိကြတယ်မဟုတ်လား.. အခန်းနံရံကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေတတ်တဲ့ အဘွားကြီးတယောက်
အစားစားရင် ဖိတ်စင်တတ်ပြီး ရှင်တို့ရဲ့ စကားဆိုတစ်လုံးမှ နားမထောင်တတ်တဲ့ အဘွားကြီးတစ်ယောက် ရှင်တို့ကိုစိတ်အမြဲရှုပ်စေတတ်တဲ့ ကျွန်မကို စိတ်ရှည်ဖို့ဆိုတာ လွယ်တော့ မလွယ်ပါဘူး။
တကယ်တော့လေ ကျွန်မဟာ ချစ်ရတဲ့ မိသားစုရဲ့ နွေးထွေးတဲ့ အရိပ်မှာ ပျော်ရွှင်တက်ကြွနေခဲ့တဲ့ ကောင်မလေးတယောက်.. ချစ်သူကို အိမ်ထောင်ရေးကတိကဝတ်တွေပေးရင်း ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တဲ့ သတို့သမီးတယောက်
ကျွန်မရဲ့ထမီစကို ကိုင်ရင်း ကျမနောက် တကောက်ကောက်လိုက်နေတတ်တဲ့ ချစ်စရာသားသမီးသုံးယောက်ရဲ့ မိခင် တစ်ယောက်ကျွန်မအသက်အရွယ်ကြီးလာတာနဲ့အမျှ သားသမီးတွေ အတောင်အလက်စုံလာပြီး ကျွန်မကို မထားခဲ့ပါစေနဲ့လို့ တိတ်တိတ်လေးဆုတောင်းနေခဲ့တဲ့ မိန်းမကြီးတယောက်
ကျွန်မရဲ့သားသမီးတွေ အိမ်ထောင်ရက်သား ကျသွားတဲ့အခါ ကျွန်မခင်ပွန်းရဲ့ ရင်ခွင်ကိုမှီရင်း အိမ်ထောင်ဦးဘဝက ပျိုမျစ်ခြင်းတွေကို ပြန်ခံစားနေခဲ့တဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်
ကျွန်မရဲ့ သားသမီးတွေက သူ့တို့ရဲ့ သားသမီးတွေကို အိမ်ခေါ်လာတဲ့အခါ မြေးလေးတွေကို ချီရင်း သားသမီးတွေရဲ့ ငယ်ဘဝကို ပြန်ပြောင်းသတိရရင်း လောကနိဗ္ဗာန်ကို ခံစားနေခဲ့တဲ့ အဘွားတယောက်
ကျွန်မခင်ပွန်းရဲ့ အုတ်ဂူဘေးမှာထိုင်ရင်း တစ်လောကလုံး အမှောင်ကျသွားသလိုခံစားရပြီး ရှေ့ဆက်ရမယ့် အနာဂတ်ကို မမြင်နိုင်ဖြစ်နေခဲ့တဲ့ မုဆိုးမတစ်ယောက် ကျွန်မကို ဂရုစိုက်ပေးဖို့၊ ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေအိမ်ကို တက်နေဖို့ အခါခါ စဉ်းစားမိပေမဲ့
ဝန်ပိုမှာကို စိုးရိမ်နေခဲ့တဲ့ အဘွားအိုတယောက် ကျွန်မဟာ အလှတွေ၊ ပျိုမြစ်ခြင်းတွေ ကုန်ဆုံးသွားပြီး လောကအတွက် ဘာမှအသုံးမဝင်တော့တဲ့ လူပိုတစ်ယောက် စတဲ့ ဘဝဖြစ်စဉ်တွေအားလုံးကို အဆင့်ဆင့် ဖြတ်သန်းခဲ့သူတယောက်ပါ ။
ရှင်တို့သာမြင်အောင်ကြည့်ရင်လေ ကျွန်မဆီမှာ မမြဲခြင်းသဘောတွေ အများကြီးမြင်ရလိမ့်မယ်။ လောကမှာ ဘယ်အရာကိုမှ အကြာကြီး ဆုပ်ကိုင်ထားလို့မရဘူးဆိုတာလည်း နားလည်လာလိမ့်မယ်။
မာနတွေ၊ အတ္တတွေဆိုတာလည်း နေဝင်ချိန်မှာ အသုံးမဝင်တော့တဲ့အရာဆိုတာကို သဘောပေါက်လာလိမ့်မယ်။ရှင်တို့သာ ကျွန်မကို မြင်အောင်ကြည့်ခဲ့ရင်လေ နှလုံးသားမှာ သိမ်းဆည်းထားတဲ့ ချိုမြိန်တဲ့အမှတ်တရတွေကို
တဖန်ပြန်လည်လွမ်းရင်း ငယ်ဘဝတုန်းက မိဘတွေကို လွမ်းဆွတ်နေတဲ့ ဂျစ်ကန်ကန်ကောင်မလေးကို တွေ့ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နားလည်ရခက်တဲ့ ကျွန်မရဲ့ နေဝင်ချိန်မှာ ကျမကို စိတ်ရှည်စွာ ဖေးမပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အာရုံဦးဆိုတာ ဆည်းဆာချိန်တွေကို ကြုံတွေ့ရမယ့်အရာဆိုတာကို သဘောပေါက်ပြီး ကျမလို ဂျစ်ကန်ကန် ဘိုးဘွားပေါင်းများစွာကို စောင့်ရှောက်ပေးခဲ့တဲ့ ရှင်တို့ရဲ့ မေတ္တာတရားတွေအတွက် တူတဲ့အကျိုးတွေခံစားရပါစေ။ ဂန္ထဝင်မဂ္ဂဇင်း