အချိန် မိနစ်လေးဆယ်လောက်ပေးရုံနဲ့ ဝက်ခြံအဆီဖု ကင်းမယ်
ဝက်ခြံအဆီဖု သမားတွေ အတွက်
ချွေးပေါက် ကျဉ်းတယ် အဆီပြန်တာ သက်သာတယ် အမည်းစက် မှဲ့ ခြောက်ပါးတယ်
ဘာတွေလုပ်ရမလဲ သိချင်ရင် စာကို သေချာလေး အဆုံး ထိ ဖတ်ပေး နော်
တနေ့ မျက်နှာကို နှစ်ကြိမ် ထက် ပို မသစ်ပါနဲ့
မနက်တကြိမ် ညတကြိမ်ဆို လုံလောက်ပါပြီ
ညတိုင်း စိတ်ရှည်ရှည်နဲ့ Skincare ဖို့မမေ့ပါနဲ့
ခေါင်းအုံးစွပ် တပတ် တခါ လဲပါ
မျက်နှာသုတ်ပဝါ တယောက်ထဲ သီးသန့်သုံးပါ တတ်နိုင်ရင် facial tissueသုံးပါ
Makeup လိမ်းပြီးရင် သေချာ ဂရုစိုက် ပြန်ဖျက်ပါ
Double Cleansing လုပ်ဖို့ မမေ့ပါနဲ့
တပတ် သုံးခါ sheet mask ကပ်ပါ တပတ် တခါ face scrub လုပ်ပါ
အဆီဖုနဲ့ ဝက်ခြံ အတွက်က တော့ ကြက်ဥ အကာ နဲ့ သံပုရာရည် သုံးစက်ရောပြီး မျက်နှာ ကို လိမ်း ပေးပါ
မိနစ် 20 ထားပြီး ရေဆေး ရပါမယ်နော်
နောက်တခုက ထိုင်း Spa တွေမှာ တအား ခေတ်စားတဲ့ နည်းဖြစ်ပါတယ်
ဒန်အိုး ထဲ ရေတဝက်ခန့် ထည့်ပါ စပါးလင် ဂျင်းနဲ့ သံပုရာသီး ထည့်ပါ ပွက်ပွက်ဆူအောင် တည်ပါ
ဆူလာရင် အိုးကို စားပွဲ ခုံ ပေါ်တင်ပြီး မျက်နှာ နဲ့ တ ပေ အကွာ ကနေ ရေနွေးငွေ့ ပေါင်း တင်ပါ
ခေါင်း ပေါ် တဘတ် အုပ်ထားဖို့ မ မေ့ပါနဲ့ နော်
15minလောက် ပေါင်းတင်ပါ ချွေးပုတ်တွေ ထွက်လာပါလိမ့်မယ် အချိန်ပြည့် ရင် ခဏနားပါ
10min လောက်နားပြီးရင်ရေခဲတုံးနဲ့ မျက်နှာကို ပွတ်ပေးပါ
ဒါဆို ရပါပြီနော်
အချိန် အားလုံး 40min လောက်ပဲ ကြာပါမယ်
အချိန် မိနစ်လေးဆယ်လောက်ပေးရုံနဲ့ ဝက်ခြံအဆီဖု ကင်းမယ်
ချွေးပေါက် ကျဉ်းမယ် အဆီပြန်တာ သက်သာမယ်
ပိုက်ဆံ လဲ သိပ်မကုန်ဘူး ထိလဲ ထိရောက်တယ် အဲ့တော့ စိတ်ရှည်ပါ
ဇွဲ ရှိပါ မပျင်းပါနဲ့ တနေ့ ရေ သုံးလီတာ သောက်ပေးပါ
အားလုံး ဝက်ခြံအဆီဖု ကင်းစင် ပြုံးပျော်ရွှင် နိုင် ကျ ပါ စေ နော်
ချစ်တဲ့ မြမြ
ဒါဆို ရပါပြီနော်
ချစ်တဲ့ မြမြ