အဲကွန်း (Air Conditioner) အခန်းမှာ အနေများသူတွေ သတိထားလိုက်နာသင့်တဲ့ အချက်(၄)ချက်
အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာပါတယ်။ ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ် ဆိုပေမယ့် အဲကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာ သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေများများသောက်ပါ
အဲကွန်းခန်းထဲမှာ အနေများခြင်း ဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက် ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်း ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ အပြင် အဲကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်း တွေကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။
(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့
အဲကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင် တာကြောင့် ရှောင်ကြဉ် သင့်ပါတယ်။ Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက် ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ
အဲကွန်းခန်းထဲမှာ အနေကြာခြင်း ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်း လေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ
အဲကွန်းတွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ အဲကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်း ကြောင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါတယ်။
Credit: Irrawaddy
Myu Hnin
” အန္တရာယ်ရှိသည် ”
ဘယ်တော့မှ အဲကွန်းအခန်းထဲတွင် ဖယောင်းတိုင် မထွန်းမိပါစေနဲ့။
နီးစပ်ရာ အသိပေး မျှဝေပါ။
အဲယားကွန်းအခန်းထဲ ဖယောင်းတိုင်မီး မထွန်းကြပါနဲ့။သင့်အသက်သေစေနိုင်တယ်။
ဥပမာ –
ဘုရားခန်းအတွင်း အဲယားကွန်းဖွင့်ထားပြီး ဖယောင်းတိုင် မီးပူဇော်တာမျိုး အဲယားကွန်းအခန်းတွေဟာ ပြင်ပမှ လေများမဝင်ရောက်နိုင်စေရန်အတွက် လေအလုံပိတ်ထားပြီးမှ ထိုအခန်ထဲရှိလေများကို အေးလာစေရန် လှည့်ပတ်အအေးခံသော စနစ်ပင်ဖြစ်သည်။
ထိုကြောင့် အဲယားကွန်းအခန်းထဲရှိ နေထိုင်သော သက်ရှိလူသားသည်အခန်းထဲရှိ အောက်စီဂျင်ကို မှီခိုအားထားနေရသည်။
ထိုကဲ့သို့ အောက်စီဂျင် လုံလုံလောက်လောက် ပြင်မမှာကဲ့သို့ မရနိုင်သော အဲယားကွန်းအခန်းထဲတွင် ဖယောင်းတိုင်ထွန်းထားမယ်ဆိုရင် ဖယောင်းတိုင်မီးစာကို လောင်ကျွမ်းဖို့အတွက် အခန်းထဲရှိ အောက်စီဂျင်ကို ဖယောင်းတိုင်မှ စုတ်ယူသွားနိုင်ပြီး မီးစာမှထွက်လာတဲ့ ကာဗွန်မိုနော့ဆိုက်တွေဟာ အခန်းထဲမှာ လျှင်မြန်စွာပြန့်နှံ့လွယ်ကူစေပါတယ်။
ကာဗွန်မိုနော့ဆိုက်ဟာ အခန်းထဲရှိ လူအတွက် အလွန်ကိုကြောက်မက်ဘွယ် ကောင်းတဲ့အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။အကြာကြီးရှူမိရင် မူးဝေလာပြီး အသက်ဆုံးရှုံး နိုင်ဘွယ်ဖြစ်ပါတယ်။ထိုကြောင့် အဲယားကွန်းအခန်းတွင်းတွင် အောက်စီဂျင်အလွယ်တကူ ကုန်ဆုံးနိုင်သော ဖယောင်းတိုင်မီးမထွန်းကြဖို့ သတိပေးလိုက်ရပါတယ်။ ။ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ page လေးကို like လုပ်ထားဖို့မမေ့ပါနဲ့နော်
အဲကြန္း (Air Conditioner) အခန္းမွာ အေနမ်ားသူေတြ သတိထားလိုက္နာသင့္တဲ့ အခ်က္(၄)ခ်က္
အခုလို ပူေလာင္အိုက္စပ္တဲ့ ေႏြရာသီမွာ အဲကြန္း (Air Conditioner) ေတြဟာ အိမ္တိုင္းနဲ႔ လုပ္ငန္းခြင္တိုင္းမွာ မရွိမျဖစ္ ေနရာယူလာပါတယ္။ ရာသီဥတုေၾကာင့္ ပူေလာင္ေနတဲ့ အေျခအေနတခုကို အဲကြန္းေတြက ေလၽွာ့ခ်ေပးနိုင္တာေၾကာင့္ အပူဒဏ္ကေန သက္သာတယ္ ဆိုေပမယ့္ အဲကြန္းခန္းထဲမွာပဲ အေနၾကာလာရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚလာနိုင္ပါတယ္။ဒါေၾကာင့္မို႔လို႔ အဲကြန္းခန္းထဲမွာပဲ အေနမ်ားသူေတြအေနနဲ႔ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚရေအာင္ သတိျပဳလိုက္နာ သင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေရမ်ားမ်ားေသာက္ပါ
အဲကြန္းခန္းထဲမွာ အေနမ်ားျခင္း ဟာ ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္ ျခင္းကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ တတ္နိုင္သေလာက္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းဟာ ခႏၶာကိုယ္ေရဓာတ္ ခမ္းေျခာက္ျခင္း ကို ျပန္လည္ ျဖည့္တင္းေပးနိုင္တဲ့ အျပင္ အဲကြန္းခန္းထဲမွာ အေနၾကာျခင္းေၾကာင့္ ျဖစ္တတ္တဲ့ အသားအေရ ေျခာက္ေသြ႕ျခင္း ေတြကိုလည္း ကာကြယ္ ေပးနိုင္ပါတယ္။
(၂) အဲကြန္းခန္းထဲကေန ခ်က္ခ်င္း ေနပူထဲ ထြက္တာမ်ိဳးနဲ႔ ဝင္တာမ်ိဳးကို မျပဳလုပ္ပါနဲ႔
အဲကြန္းခန္းထဲကေန ေနပူထဲကို ႐ုတ္တရက္ဆိုသလို ထြက္တာမ်ိဳးနဲ႔ ေနပူထဲကေန အဲကြန္းခန္းထဲကို ခ်က္ခ်င္းဝင္တာမ်ိဳးဟာ ႏွာေခါင္းေသြးလၽွံတာ၊ ဦးေႏွာက္ေသြးေၾကာျပတ္တာ စတာမ်ိဳးေတြကို ျဖစ္ေပၚေစနိုင္ တာေၾကာင့္ ေရွာင္ၾကဥ္ သင့္ပါတယ္။ Air Cutter ရွိတဲ့ေနရာမ်ိဳးေတြမွာဆိုရင္ အဲဒီေနရာမွာ ခဏေလာက္ ရပ္ေနၿပီးမွာ သြားလာတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။
(၃) ေလေကာင္းေလသန႔္ ထြက္ရႈေပးပါ
အဲကြန္းခန္းထဲမွာ အေနၾကာျခင္း ဟာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ အျပင္ဘက္ကို ေလေကာင္း ေလသန႔္ ထြက္ရႈေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္။
(၄) အဲကြန္းသန႔္ရွင္းေရးကို ပုံမွန္ျပဳလုပ္ေပးပါ
အဲကြန္းေတြဟာ အသုံးျပဳတာ ၾကာလာတာနဲ႔အမၽွ ဘက္တီးရီးယားနဲ႔ မွိုေတြကို ေပါက္ဖြားေစနိုင္တာေၾကာင့္ အဲကြန္းသန႔္ရွင္းျပဳလုပ္ဖို႔ကို မေမ့ေလ်ာ့သင့္ပါဘူး။ အဲကြန္း ပုံမွန္သန႔္ရွင္းေရး မျပဳလုပ္ျခင္း ေၾကာင့္ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာ က်န္းမာေရးျပႆနာေတြနဲ႔ ဓာတ္မတည့္မႈေၾကာင့္ အသားအေရ ယားယံတာမ်ိဳးကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ သတိထားၿပီး ျပဳလုပ္သင့္ပါတယ္။
Credit: Irrawaddy
Myu Hnin
” အႏၲရာယ္ရွိသည္ ”
ဘယ္ေတာ့မွ အဲကြန္းအခန္းထဲတြင္ ဖေယာင္းတိုင္ မထြန္းမိပါေစနဲ႔။
နီးစပ္ရာ အသိေပး မၽွေဝပါ။
အဲယားကြန္းအခန္းထဲ ဖေယာင္းတိုင္မီး မထြန္းၾကပါနဲ႔။သင့္အသက္ေသေစနိုင္တယ္။
ဥပမာ –
ဘုရားခန္းအတြင္း အဲယားကြန္းဖြင့္ထားၿပီး ဖေယာင္းတိုင္ မီးပူေဇာ္တာမ်ိဳး အဲယားကြန္းအခန္းေတြဟာ ျပင္ပမွ ေလမ်ားမ၀င္ေရာက္နိုင္ေစရန္အတြက္ ေလအလုံပိတ္ထားၿပီးမွ ထိုအခန္ထဲရွိေလမ်ားကို ေအးလာေစရန္ လွည့္ပတ္အေအးခံေသာ စနစ္ပင္ျဖစ္သည္။
ထိုေၾကာင့္ အဲယားကြန္းအခန္းထဲရွိ ေနထိုင္ေသာ သက္ရွိလူသားသည္အခန္းထဲရွိ ေအာက္စီဂ်င္ကို မွီခိုအားထားေနရသည္။
ထိုကဲ့သို႔ ေအာက္စီဂ်င္ လုံလုံေလာက္ေလာက္ ျပင္မမွာကဲ့သို႔ မရနိုင္ေသာ အဲယားကြန္းအခန္းထဲတြင္ ဖေယာင္းတိုင္ထြန္းထားမယ္ဆိုရင္ ဖေယာင္းတိုင္မီးစာကို ေလာင္ကၽြမ္းဖို႔အတြက္ အခန္းထဲရွိ ေအာက္စီဂ်င္ကို ဖေယာင္းတိုင္မွ စုတ္ယူသြားနိုင္ၿပီး မီးစာမွထြက္လာတဲ့ ကာဗြန္မိုေနာ့ဆိုက္ေတြဟာ အခန္းထဲမွာ လၽွင္ျမန္စြာျပန္႔ႏွံ့လြယ္ကူေစပါတယ္။
ကာဗြန္မိုေနာ့ဆိုက္ဟာ အခန္းထဲရွိ လူအတြက္ အလြန္ကိုေၾကာက္မက္ဘြယ္ ေကာင္းတဲ့အဆိပ္ဓါတ္ေငြ႕ျဖစ္ပါတယ္။အၾကာႀကီးရႉမိရင္ မူးေဝလာၿပီး အသက္ဆုံးရႈံး နိုင္ဘြယ္ျဖစ္ပါတယ္။ထိုေၾကာင့္ အဲယားကြန္းအခန္းတြင္းတြင္ ေအာက္စီဂ်င္အလြယ္တကူ ကုန္ဆုံးနိုင္ေသာ ဖေယာင္းတိုင္မီးမထြန္းၾကဖို႔ သတိေပးလိုက္ရပါတယ္။ ။က်န္းမာေရးဗဟုသုတမ်ားကိုေန႔စဥ္တင္ဆက္ေပးမွာမို႔လို႔ page ေလးကို like လုပ္ထားဖို႔မေမ့ပါနဲ႔ေနာ္