လင္မယားႏွစ္ေယာက္ကို လစာ ၅သိန္းေပးျပီး ေနစရာလည္းေပးတယ္…
ဆန္တစ္အိတ္ဆီ၁ပုံးနဲ႕ေဘာက္ဆူးအျဖစ္ပိုက္ဆံ၁၅သိန္းေပးလိုက္ေသာအခါ
လင္မယားစုံတြဲတစ္တြဲဟာ အဖိုးအိုတစ္ေယာက္ဆီမွာ အလုပ္လုပ္ၾကပါတယ္
အဖိုးအိုက အဲ့လင္မယားကို တစ္ေယာက္၂သိန္းခြဲဆီ လစာေပးထားၿပီး၂ေယာက္ေပါင္း ၅သိန္းမွန္မွန္ေပးပါတယ္…။
ေနစရာလည္းေပးတယ္ဆန္တစ္အိတ္ဆီ၁ပုံးနဲ႔ ငါးေျခာက္ေတြဘာေတြပါေထာက္ပံ့ေပးၿပီး စရိတ္ၿငိမ္းထားေပးတာပါ…။
သူတို႔လင္မယားႏွစ္ေယာက္ရဲ႕ တာဝန္က တစ္ရက္ကို၂ခါ မနက္တစ္ေခါက္ညေနတစ္ေခါက္
အဘိုးႀကီးရဲ႕ငါးကန္ထဲက ငါးေတြကို ငါးစာေကၽြးေပးယုံပါပဲ။
အဲ့အလုပ္ၿပီးတာနဲ႔ သူတို႔လင္မယား စုံတြဲလုပ္ခ်င္ရာလုပ္လို႔ရပါတယ္။ သူတို႔အေနနဲ႔ဘာမွလုပ္စရာမလိုပါဘူး။
သူတို႔ေနတဲ့ၿခံေပါင္းေတြျမက္ေတြထူလာရင္နဲနဲပါးပါး ရွင္းယုံကလြဲလို႔ေပါ့။
အဖိုးႀကီးက သူ႔အလုပ္သမားေတြကိုဘာလုပ္ရမယ္ဘယ္လိုေနရမယ္လို႔ မသတ္မွတ္ထားပါဘူး။
သူကိုယ္တိုင္လည္းတစ္လေနမွ၂ေခါက္၃ ေခါက္ေလာက္ပဲၿခံထဲကိုလာတတ္တာပါ။
အဲ့တာကလည္း ငါးစာလာပို႔ တဲ့အခါရိကၡာနဲ႔လစာ လာထုတ္ေပးတဲ့အခါေတြမွသာေရာက္လာတတ္တာပါ။
ဒီလိုနဲ႔၂ ႏွစ္ေက်ာ္ၾကာလာေတာ့ အဖိုးႀကီးဟာ ငါးကန္ထဲကငါးေတြထုတ္ေရာင္းပါတယ္။
အဖိုးအိုဟာ ငါးေတြေရာင္းလို႔ရတာအျမတ္သိန္း ၃၀၀ေလာက္ရလိုက္ပါတယ္။
သူဟာ သူ႔အလုပ္သမားလင္မယား၂ေယာက္ကို ေဘာက္ဆူးအျဖစ္ပိုက္ဆံ ၁၅သိန္းေပးပါတယ္…။
ၿပီးေတာ့ သူတို႔လင္မယားကို ေမြးရပ္ေၿမ နဲ႔ေဆြမ်ိဳးေတြဆီ အလည္သြားလို႔ရေအာင္နားရက္ခြင့္ရက္ရွည္ ၁လ ေလာက္ေပးလိုက္ပါတယ္။
ဒီအျပင္ လမ္းစရိတ္လည္းထပ္ထုတ္ေပးလိုက္ပါေသးတယ္…။
ဒီအေၾကာင္းေတြကို အဖိုးႀကီးရဲ ဇနီးအဖြားႀကီးကသိသြားေတာ့ အဖိုးႀကီးကို ဆူပါေရာ…။ဘာလို႔ သူ႔ကိုမတိုင္ပင္ရတာလည္း
ဘာေၾကာင့္အလုပ္သမားေတြကို အဲ့ေလာက္အခြင့္အေရးေတြေပးရက္ေရာရတာလည္းေပါ႔…။
စရိတ္ၿငိမ္းလည္း ေနစရာေပးထားတင္ေကၽြးထားတယ္။ လစာလည္းေလာက္ငွေအာင္ေပးထားတယ္။
ဒီၾကားထဲ ေဘာက္ဆူးက၁၅သိန္းေတာင္ေပးစရာလား…။
လမ္းစရိတ္ကပါ ထပ္ထုတ္ေပးလိုက္ေသးတယ္ဆိုေတာ့ ရွင္ဦးေႏွာက္ေတြေခ်ာင္ကုန္တာလား…
ဘာလို႔ကၽြန္မကိုမတိုင္ပင္ရတာလည္းလို႔ ပြမ္ပါေလေရာ…။
အဖိုးႀကီးက အဖြားႀကီးဆူေနတာကို ၾကည့္ၿပီးရီေနတယ္။ ၿပီးေတာ့ သူ႔ရဲ့ဇနီးကိုေျပာတာနင္ပြမ္လို႔ၿပီးရင္ငါေျပာျပမယ္…။
ငါငယ္ငယ္တုန္းက ငါေနတဲ့ရြာကရြာသားေတြဟာ တယ္သီးေတြစိုက္ပ်ိဳးေရာင္းခ်ၾကတဲ့အလုပ္လုပ္ၾကတယ္တစ္ရြာလုံးတယ္ပင္ပဲစိုက္စားၾကတယ္…။
ေဆာင္းတြင္း တစ္တြင္းမွာ တယ္သီးေတြတစ္အားေစ်းေကာင္းတာနဲ႔ ရြာသားေတြသူ႔ထက္ငါအၿပိဳင္
တယ္သီးေတြခူးေရာင္းၾကတာ အပင္ေပၚမွာ တယ္သီးတစ္လုံးတစ္ေလေတာင္မက်န္ဘူး …
ျဖစ္ခ်င္ေတာ့အဲ့ဒီႏွစ္ေဆာင္းတြင္းက ခါတိုင္းႏွစ္ေတြထက္ပိုၾကာတယ္။ၿပီးေတာ့ အခ်မ္းပိုတာတအားပဲ ႏွင္းေတြဆိုေဖြးေနေအာင္က်တာ…။
တယ္ပင္ကိုမွီခိုၿပီးရွင္သန္ေနၾကတာက ရြားသားေတြခ်ည္းပဲမဟုတ္ဘူး။သာလိကာ တစ္အုပ္ႀကီးလည္းရွိတယ္….သူတို႔ေတြက အေကာင္ရာနဲခ်ီၿပီးရွိတာ…။
တစ္ပင္ကို မိသားစုတစ္စု၂စု စသျဖင့္စုၿပီးေနၾကတာ…အဲ့ဒီႏွစ္တယ္သီးေတြကလည္းမက်န္ရာသီဥတုကလည္း တစ္အားေအးေတာ့
သာလိကာေတြအစာငတ္ၿပီး အကုန္ေသကုန္ၾကေရာ…။
ရြာသားတစ္ခ်ိဳ႔ကေတာ့ေျပာတာ ေအးတာပဲတဲ့ နားညဥ္းသက္တာတာေပါ့တဲ့…။
မိုးဦးက်လို႔ တယ္ပင္ေတြ အညြန္႔ထြက္တဲ့အခ်ိန္လည္းေရာက္ေရာ ဘယ္ကေရာက္လာမွန္းမသိတဲ့ပိုးေကာင္ေတြ
ေဘာက္ဖတ္ေတြ အမ်ားႀကီးပဲ တယ္ပင္ရဲ႕အရြက္ေတြအညြန္႔ေတြအကုန္စားပစ္တာ…။
တယ္သီးအကင္းေတာင္မသီးလိုက္ရဘူး အဖူးအငုံအကုန္စားတာ ရြာသားေတြ ဘာမွမတတ္နိုင္ၾကဘူး…..
အဲ့လိုနဲ႔ အဲ့ဒီႏွစ္ရြာသားေတြ တယ္သီးတစ္လုံးေတာင္မရလိုက္ဘူ တဲ့……
အေၾကာင္းရင္းစစ္လိုက္ေတာ့ ခါတိုင္းဆိုသာလိကာေတြက ေဆာင္းတြင္းမွာ တယ္သီးစားၿပီးမိုးတြင္းက်
တယ္ပင္က ပိုးေကာင္မြားေကာင္ေတြရွာစားၾကေတာ့ တယ္သီးေတြ အႏၲရာယ္ကင္းကင္းနဲ႔ သီးနိုင္ခဲ့တယ္…။
ခုေတာ့ သာလိကာေတြမရွိၾကေတာ့ ပိုးေကာင္ေတြကိုႏွိမ္နင္းေပးမဲ့သူမရွိေတာ့တဲ့အခါမွ
ရြာသားေတြဟာ သာလိကာေတြရဲ့ ေက်းဇူးကိုသိၾကရေတာ့တယ္…။
ဒီလိုနဲ႔ ေနာက္ႏွစ္ေတြမွာ ရြာသားေတြဟာ သာလိကာေပါက္ေလးေတြ သြားရွာလာၿပီး
တယ္ပင္ေတြမွာ ေကၽြးေမြးထားၿပီး တယ္သီးေတြ ခ်န္ထားေပးၾကေတာ့တယ္…။
သာလိကာေတြကလည္းေက်းဇူးသိတတ္စြာနဲ႔ တစ္ႏွစ္ပတ္လုံး ဘယ္ကိုမွမသြားေတာ့ပဲ တယ္ပင္ေတြကို
ေစာင့္ေရွာက္ေပးရင္း အျပန္အလွန္အက်ိဳးျပဳလာခဲ့ၾကေတာ့တယ္…။
ငါသာလိကာေတြစားဖို႔ တယ္သီးေလးေတြခ်န္ထားတာ ငါအတယ္လို႔နင္ကေျပာခ်င္ေသးသလားလို႔
အဖိုးႀကီးကေျပာျပတဲ့အခါ အဖြားႀကီးလည္းသေဘာေပါက္သြားေတာ့တယ္…။
လက္ေအာက္ငယ္သားေတြရဲ့ ဘဝေကာင္းက်ိဳးအတြက္ၾကည့္ရႉေစာင့္မေပးျခင္းဟာ လက္ေအာက္ငယ္သားေတြကလည္း
အဖိုးအိုအေပၚ ေက်းဇူးျပန္လည္သိတတ္ေစခဲ့ပါေတာ့တယ္…။
တကယ္ေတာ့အဖိုးအိုဟာ အျမတ္မ်ားမ်ားရတဲ့အတြက္ေဘာက္ဆူးမ်ားမ်ားေပးလိုက္တာဆိုေပမဲ့
တကယ္တမ္းေတာ့ သူ႔အတြက္သူျပန္ေပးလိုက္တာနဲ႔အတူတူပါပဲ…။
လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္….ကိုယ္ကသာ ေရြးခ်ယ္မလားဆိုတာမူတည္သြားတာပါ…။
#သင္သိရင္ သင္ေအးခ်မ္းလိမ့္မယ္ (ေလာကသုတ)
Unicode Version
လင်မယားနှစ်ယောက်ကို လစာ ၅သိန်းပေးပြီး နေစရာလည်းပေးတယ်…
ဆန်တစ်အိတ်ဆီ၁ပုံးနဲ့ဘောက်ဆူးအဖြစ်ပိုက်ဆံ၁၅သိန်းပေးလိုက်သောအခါ
လင်မယားစုံတွဲတစ်တွဲဟာ အဖိုးအိုတစ်ယောက်ဆီမှာ အလုပ်လုပ်ကြပါတယ်
အဖိုးအိုက အဲ့လင်မယားကို တစ်ယောက်၂သိန်းခွဲဆီ လစာပေးထားပြီး၂ယောက်ပေါင်း ၅သိန်းမှန်မှန်ပေးပါတယ်…။
နေစရာလည်းပေးတယ်ဆန်တစ်အိတ်ဆီ၁ပုံးနဲ့ ငါးခြောက်တွေဘာတွေပါထောက်ပံ့ပေးပြီး စရိတ်ငြိမ်းထားပေးတာပါ…။
သူတို့လင်မယားနှစ်ယောက်ရဲ့ တာဝန်က တစ်ရက်ကို၂ခါ မနက်တစ်ခေါက်ညနေတစ်ခေါက်
အဘိုးကြီးရဲ့ငါးကန်ထဲက ငါးတွေကို ငါးစာကျွေးပေးယုံပါပဲ။
အဲ့အလုပ်ပြီးတာနဲ့ သူတို့လင်မယား စုံတွဲလုပ်ချင်ရာလုပ်လို့ရပါတယ်။ သူတို့အနေနဲ့ဘာမှလုပ်စရာမလိုပါဘူး။
သူတို့နေတဲ့ခြံပေါင်းတွေမြက်တွေထူလာရင်နဲနဲပါးပါး ရှင်းယုံကလွဲလို့ပေါ့။
အဖိုးကြီးက သူ့အလုပ်သမားတွေကိုဘာလုပ်ရမယ်ဘယ်လိုနေရမယ်လို့ မသတ်မှတ်ထားပါဘူး။
သူကိုယ်တိုင်လည်းတစ်လနေမှ၂ခေါက်၃ ခေါက်လောက်ပဲခြံထဲကိုလာတတ်တာပါ။
အဲ့တာကလည်း ငါးစာလာပို့ တဲ့အခါရိက္ခာနဲ့လစာ လာထုတ်ပေးတဲ့အခါတွေမှသာရောက်လာတတ်တာပါ။
ဒီလိုနဲ့၂ နှစ်ကျော်ကြာလာတော့ အဖိုးကြီးဟာ ငါးကန်ထဲကငါးတွေထုတ်ရောင်းပါတယ်။
အဖိုးအိုဟာ ငါးတွေရောင်းလို့ရတာအမြတ်သိန်း ၃ဝဝလောက်ရလိုက်ပါတယ်။
သူဟာ သူ့အလုပ်သမားလင်မယား၂ယောက်ကို ဘောက်ဆူးအဖြစ်ပိုက်ဆံ ၁၅သိန်းပေးပါတယ်…။
ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေ နဲ့ဆွေမျိုးတွေဆီ အလည်သွားလို့ရအောင်နားရက်ခွင့်ရက်ရှည် ၁လ လောက်ပေးလိုက်ပါတယ်။
ဒီအပြင် လမ်းစရိတ်လည်းထပ်ထုတ်ပေးလိုက်ပါသေးတယ်…။
ဒီအကြောင်းတွေကို အဖိုးကြီးရဲ ဇနီးအဖွားကြီးကသိသွားတော့ အဖိုးကြီးကို ဆူပါရော…။ဘာလို့ သူ့ကိုမတိုင်ပင်ရတာလည်း
ဘာကြောင့်အလုပ်သမားတွေကို အဲ့လောက်အခွင့်အရေးတွေပေးရက်ရောရတာလည်းပေါ့…။
စရိတ်ငြိမ်းလည်း နေစရာပေးထားတင်ကျွေးထားတယ်။ လစာလည်းလောက်ငှအောင်ပေးထားတယ်။
ဒီကြားထဲ ဘောက်ဆူးက၁၅သိန်းတောင်ပေးစရာလား…။
လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ်ဆိုတော့ ရှင်ဦးနှောက်တွေချောင်ကုန်တာလား…
ဘာလို့ကျွန်မကိုမတိုင်ပင်ရတာလည်းလို့ ပွမ်ပါလေရော…။
အဖိုးကြီးက အဖွားကြီးဆူနေတာကို ကြည့်ပြီးရီနေတယ်။ ပြီးတော့ သူ့ရဲ့ဇနီးကိုပြောတာနင်ပွမ်လို့ပြီးရင်ငါပြောပြမယ်…။
ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာကရွာသားတွေဟာ တယ်သီးတွေစိုက်ပျိုးရောင်းချကြတဲ့အလုပ်လုပ်ကြတယ်တစ်ရွာလုံးတယ်ပင်ပဲစိုက်စားကြတယ်…။
ဆောင်းတွင်း တစ်တွင်းမှာ တယ်သီးတွေတစ်အားစျေးကောင်းတာနဲ့ ရွာသားတွေသူ့ထက်ငါအပြိုင်
တယ်သီးတွေခူးရောင်းကြတာ အပင်ပေါ်မှာ တယ်သီးတစ်လုံးတစ်လေတောင်မကျန်ဘူး …
ဖြစ်ချင်တော့အဲ့ဒီနှစ်ဆောင်းတွင်းက ခါတိုင်းနှစ်တွေထက်ပိုကြာတယ်။ပြီးတော့ အချမ်းပိုတာတအားပဲ နှင်းတွေဆိုဖွေးနေအောင်ကျတာ…။
တယ်ပင်ကိုမှီခိုပြီးရှင်သန်နေကြတာက ရွားသားတွေချည်းပဲမဟုတ်ဘူး။သာလိကာ တစ်အုပ်ကြီးလည်းရှိတယ်….သူတို့တွေက အကောင်ရာနဲချီပြီးရှိတာ…။
တစ်ပင်ကို မိသားစုတစ်စု၂စု စသဖြင့်စုပြီးနေကြတာ…အဲ့ဒီနှစ်တယ်သီးတွေကလည်းမကျန်ရာသီဥတုကလည်း တစ်အားအေးတော့
သာလိကာတွေအစာငတ်ပြီး အကုန်သေကုန်ကြရော…။
ရွာသားတစ်ချို့ကတော့ပြောတာ အေးတာပဲတဲ့ နားညဉ်းသက်တာတာပေါ့တဲ့…။
မိုးဦးကျလို့ တယ်ပင်တွေ အညွန့်ထွက်တဲ့အချိန်လည်းရောက်ရော ဘယ်ကရောက်လာမှန်းမသိတဲ့ပိုးကောင်တွေ
ဘောက်ဖတ်တွေ အများကြီးပဲ တယ်ပင်ရဲ့အရွက်တွေအညွန့်တွေအကုန်စားပစ်တာ…။
တယ်သီးအကင်းတောင်မသီးလိုက်ရဘူး အဖူးအငုံအကုန်စားတာ ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး…..
အဲ့လိုနဲ့ အဲ့ဒီနှစ်ရွာသားတွေ တယ်သီးတစ်လုံးတောင်မရလိုက်ဘူ တဲ့……
အကြောင်းရင်းစစ်လိုက်တော့ ခါတိုင်းဆိုသာလိကာတွေက ဆောင်းတွင်းမှာ တယ်သီးစားပြီးမိုးတွင်းကျ
တယ်ပင်က ပိုးကောင်မွားကောင်တွေရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ်…။
ခုတော့ သာလိကာတွေမရှိကြတော့ ပိုးကောင်တွေကိုနှိမ်နင်းပေးမဲ့သူမရှိတော့တဲ့အခါမှ
ရွာသားတွေဟာ သာလိကာတွေရဲ့ ကျေးဇူးကိုသိကြရတော့တယ်…။
ဒီလိုနဲ့ နောက်နှစ်တွေမှာ ရွာသားတွေဟာ သာလိကာပေါက်လေးတွေ သွားရှာလာပြီး
တယ်ပင်တွေမှာ ကျွေးမွေးထားပြီး တယ်သီးတွေ ချန်ထားပေးကြတော့တယ်…။
သာလိကာတွေကလည်းကျေးဇူးသိတတ်စွာနဲ့ တစ်နှစ်ပတ်လုံး ဘယ်ကိုမှမသွားတော့ပဲ တယ်ပင်တွေကို
စောင့်ရှောက်ပေးရင်း အပြန်အလှန်အကျိုးပြုလာခဲ့ကြတော့တယ်…။
ငါသာလိကာတွေစားဖို့ တယ်သီးလေးတွေချန်ထားတာ ငါအတယ်လို့နင်ကပြောချင်သေးသလားလို့
အဖိုးကြီးကပြောပြတဲ့အခါ အဖွားကြီးလည်းသဘောပေါက်သွားတော့တယ်…။
လက်အောက်ငယ်သားတွေရဲ့ ဘဝကောင်းကျိုးအတွက်ကြည့်ရှူစောင့်မပေးခြင်းဟာ လက်အောက်ငယ်သားတွေကလည်း
အဖိုးအိုအပေါ် ကျေးဇူးပြန်လည်သိတတ်စေခဲ့ပါတော့တယ်…။
တကယ်တော့အဖိုးအိုဟာ အမြတ်များများရတဲ့အတွက်ဘောက်ဆူးများများပေးလိုက်တာဆိုပေမဲ့
တကယ်တမ်းတော့ သူ့အတွက်သူပြန်ပေးလိုက်တာနဲ့အတူတူပါပဲ…။
လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်….ကိုယ်ကသာ ရွေးချယ်မလားဆိုတာမူတည်သွားတာပါ…။
#သင်သိရင် သင်အေးချမ်းလိမ့်မယ် (လောကသုတ)