ယခုရက်ပိုင်းမှာတော့ ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာ တွေ့ရပါတယ်
အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ
အားလုံးပူးပေါင်းတိုက်ခိုက်နေရတာ ဖြစ်ပါတယ်
Demoso PDF PDF Loikow KNDF KPDF KA တို့လို ကရင်နီတပ်ဖွဲ့တွေကအားလုံးပူးပေါင်းပြီးတိုက်ပွဲဝင်နေရတာလည်းဖြစ်ပါတယ်
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည်ကန်တိုက်ပွဲမှာတော့ Loikaw PDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်
မနေ့ကဆိုရင်လည်း ကျည်ကုန်သွားလို့ဆိုပြီး လေးခွနဲ့ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ်
ဒီဗီဒီယိုထဲကPDFလူငယ်လေးကကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတာလေးနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတာ ဖြစ်ပါတယ်
အဆုံးအစွန်အထိ တိုက်ပွဲဝင်သွားမယ့်စိတ်ဓာတ်ကိုပြသခဲ့တဲ့ PDF လူငယ်လေးရဲ့အပြုအမူကိုကြည့်ပြီး ပြည်သူတွေက လေးစားချီးကျူးနေကြသလို ဘေးကင်းစေဖို့
ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်
KNDF အဖွဲ့က လူငယ်တစ်ဦးကတော့ ဒီဗီဒီယိုဖိုင်ကိုမျှဝေပြီး ပြည်သူတွေအနေနဲ့ သူတို့လိုအပ်နေတာတွေကို ကူညီပေးဖို့တောင်းဆိုထားတာလည်း တွေ့ရပါတယ်
ကျည်ကုန်သွားလို့ဆိုပြီး လေးခွထုတ်ကာ ကြိုးစားပမ်းစားလိုက်ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်
ယခုရက္ပိုင္းမွာေတာ့ ကယားျပည္နယ္ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ေန႔စဥ္နဲ႔အမွ် ျဖစ္ပြားေနတာ ေတြ႕ရပါတယ္
အာဏာသိမ္းလက္နက္ကိုင္အဖြဲ႕ဘက္က အင္အားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ဝင္ေရာက္လာတာေၾကာင့္ ကယားျပည္နယ္မွာရွိတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္သားေတြ
အားလုံးပူးေပါင္းတိုက္ခိုက္ေနရတာ ျဖစ္ပါတယ္
Demoso PDF PDF Loikow KNDF KPDF KA တို႔လို ကရင္နီတပ္ဖြဲ႕ေတြကအားလုံးပူးေပါင္းၿပီးတိုက္ပြဲဝင္ေနရတာလည္းျဖစ္ပါတယ္
ၿပီးခဲ့တဲ့စက္တင္ဘာလ ၂၅ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ေက်ာက္ဆည္ကန္တိုက္ပြဲမွာေတာ့ Loikaw PDF ဘက္က လူငယ္တစ္ဦး က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္
မေန႔ကဆိုရင္လည္း က်ည္ကုန္သြားလို႔ဆိုၿပီး ေလးခြနဲ႔ပစ္ေနတဲ့ PDF လူငယ္တစ္ဦးရဲ႕ဗီဒီယိုဖိုင္က လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔လာခဲ့တာပဲ ျဖစ္ပါတယ္
ဒီဗီဒီယိုထဲကPDFလူငယ္ေလးကက်ည္ကုန္သြားတာေတာင္ ဇြဲမေလွ်ာ့ဘဲ သူ႔မွာရွိတာေလးနဲ႔ ႀကိဳးစားပမ္းစား ပစ္ခတ္ေနတာ ျဖစ္ပါတယ္
အဆုံးအစြန္အထိ တိုက္ပြဲဝင္သြားမယ့္စိတ္ဓာတ္ကိုျပသခဲ့တဲ့ PDF လူငယ္ေလးရဲ႕အျပဳအမူကိုၾကည့္ၿပီး ျပည္သူေတြက ေလးစားခ်ီးက်ဴးေနၾကသလို ေဘးကင္းေစဖို႔
ဆုေတာင္းေပးေနၾကတာလည္း ျဖစ္ပါတယ္
KNDF အဖြဲ႕က လူငယ္တစ္ဦးကေတာ့ ဒီဗီဒီယိုဖိုင္ကိုမွ်ေဝၿပီး ျပည္သူေတြအေနနဲ႔ သူတို႔လိုအပ္ေနတာေတြကို ကူညီေပးဖို႔ေတာင္းဆိုထားတာလည္း ေတြ႕ရပါတယ္
က်ည္ကုန္သြားလို႔ဆိုၿပီး ေလးခြထုတ္ကာ ႀကိဳးစားပမ္းစားလိုက္ပစ္ေနတဲ့ PDF လူငယ္တစ္ဦးရဲ႕ဗီဒီယိုဖိုင္ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္



