ေက်ာင္းျပန္ ဖြင့္ခဲ့ရင္ ခြင့္စာတစ္ေစာင္ေရးၿပီး တစ္ဘဝစာ ေက်ာင္းပ်က္ရက္အတြက္ ဆရာတို႔ထံ ခြင့္တိုင္ ေပးပါအေမ…
မသြား ပါနဲ႔လားသားရယ္ အတန္တန္ တားေနတဲ့ၾကားက ေက်ာင္းဆက္ တက္ခ်င္တယ္တဲ့
က်ဳပ္ေလ –မိသားစုကို ခြဲခြာ ” ေဝွခါ ‘ ဆိုတဲ့ ေဒသ ကို ေျခခ်ခဲ့ရတယ္ — ” ေက်ာင္းတက္ ‘ ဘို႔ အတြက္ ‘ ေခါင္းအထက္ ‘ မွာ ေစ်းေတာင္းတင္ၿပီး ေအာ္ — ေရာင္းေနရတဲ့ အေမ့ကိုလည္း သနားတယ္ — ”
အမ်ားတကာ အလည္မွာ ပညာတတ္ႀကီးျဖစ္ေစခ်င္တဲ့ ‘ အေမ့ဆႏၵ ‘တခ်ိန္ခ်ိန္မွာ — ျပည့္ဝေစရပါ့မယ္ အေမ ” ” အေဖ ‘ ၿပဳံးေနတတ္ ေပမယ့္ ‘ ပခုံး ‘ ထက္မွ ဒဏ္ရာေတြက ၏
သားတစ္ေယာက္အတြက္ ေပးဆပ္ျခင္းေတြလား ‘ အေဖ ‘ — ” ေက်ာင္းေတြပိတ္ခ်ိန္ တဖက္တလွမ္းက ေက်ာင္းစရိတ္ က်ဳပ္ — ရွာမွ ရမယ္ေလ — ” ေဝွခါ ” ဆိုတာ မၾကားဘူးေပမယ့္
မိဘကို ကူဘို႔ တူ – တစ္လက္ကို ကိုင္ ‘ သံတိုင္ ‘ က တဖက္ — ေက်ာင္းတက္ဖို႔အတြက္ ေရွ႕ဆက္ရမယ့္ ပညာေရး ခဏေလး ခြဲခြာရတာ ခြင့္လႊတ္ေပးပါ ‘ အေဖ ‘ —
” သံတိုင္ ” ကို ဆုပ္ကိုင္ရင္း ” ေလာပန္းေလာင္း “ဆိုတဲ့ သီခ်င္းတပုဒ္ က်ဳပ္ — ႏႈတ္ဖ်ားက ဆိုညည္းရင္း နဲ႔ေလ — ” ေလာပန္းေလာင္း ‘ ဘဝကို အားၾကရင္း ‘ မသာ ‘ အေလာင္း ေတြထပ္
ဒီအရပ္မွာ ျဖစ္ခဲ့တာေတြ ‘ ေလာဘ ‘ ေၾကာင့္ မျမင္မိခဲ့ဘူး ‘ အေမ ‘ “ေက်ာက္တူးသမားဘဝ ပမာျပထားတဲ့ ဒီသီခ်င္း စိတ္ကူးေတြနဲ႔ ဖန္တီးရင္းေပါ့ — ‘ ေက်ာင္းဖြင့္မီ ျပန္လာဘို႔ ” တဖြဖြ ေျပာတဲ့
ႏႈတ္ဆက္စကားက ခြၽန္ျမ တဲ့ ‘ အပ္ ‘ သြားလို ႏွစ္လုံးသားမွာ ထိုးစိုက္ခံခဲ့ရတယ္ — ‘ မၾကာခဏ ဖုန္းဆက္ ‘ တဲ့ ၿပဳံးလွ်က္နဲ႔ ေခါင္းၿငိမ့္ေပးခဲ့တဲ့ က်ဳပ္ရဲ႕ အေျဖ — အခု အခ်ိန္
” ဟလို ‘ ဆိုတဲ့ ဖုန္းအေခၚကို ‘ အေမ ‘ ေမွ်ာ္ေနေရာ့မယ္ — ‘ အၾကာႀကီးေတာ့ မသြားနဲ႔ ‘ ‘ အေမ ‘ တားခဲ့တဲ့ ဒီစကား က်ဳပ္ — ၾကားေယာင္မိတယ္ — ခဏတာမဟုတ္ ” တစ္ေျပတစ္႐ြာမွာ ေငြရွာဘို႔ထက္
အခုေတာ့ — ဘဝပါ ထားခဲ့ရၿပီ ‘ အေမ’ — မေနသာတဲ့ ဘဝအေရး အတြက္ မိသားစု ရဲ႕အေဝး ခဏေလးဘဲ ခြဲခြာရမယ္လို႔ ထင္ခဲ့တာ က်ဳပ္ — က်ဳပ္ မွားသြားတယ္ဗ်ာ —
‘ ေရမေဆး ‘ ရွာရင္း ‘ ေသးေဘး ‘ နဲ႔ ရင္ဆိုင္ႀကဳံေတြ႕ခ်ိန္ — ဝုန္း ‘ ဆိုတဲ့ ‘ ေျမၿပိဳ ‘ သံ ေတာင္ နံရံေတြေပၚမွာ ႐ိုက္ခတ္ရင္း ‘ ေသမင္း ‘က က်ဳပ္ ဆီကို ေျပးလာေနၿပီ — ”အေမ’ ဆိုတဲ့ ေနာက္ဆုံးစကား
က်ဳပ္ –ႏႈတ္ဖ်ားက ဝိုးတဝါးမို႔ ‘ အေမ ‘ ၾကားႏိုင္ပါ့ေတာ့မလား ????က်ဳပ္’ ဘဝ အတြက္ေတာ့ — ‘ ေဝွခါ ‘ဟာ ‘ ေသ႐ြာ ‘ ပမာ ‘ ေရအလာ ‘ မွာ ‘ ေျမစာ ‘ နဲ႔ေရာပိလို႔ ‘ အေမ ‘တို႔ သိမ်ား သိပါေလစ — ”
ျမန္မၾကာ ျပန္လာခဲ့မယ္လို႔ ေပးခဲ့တဲ့ ကတိစကား — ‘ သား ‘ မွားတာ မဟုတ္ဘူးေနာ္ — ရက္စက္တဲ့ ကံၾကမၼာေၾကာင့္ ျပန္မလာႏိုင္တဲ့ အေျခအေနက ထာဝရ ရင္ဆိုင္ရေတာ့မယ္ ‘ အေမ’
“ေက်ာင္းျပန္ဖြင့္ခဲ့ရင္ ခြင့္စာတစ္ေစာင္ေရးၿပီး တစ္ဘဝစာ ေက်ာင္းပ်က္ရက္အတြက္ ဆရာတို႔ထံ ခြင့္တိုင္ေပးပါအေမ — က်ဳပ္ ရဲ႕ အသက္မဲ့ခႏၶာက ‘ အေမ ‘ တို႔ကို စကား ေျပာခြင့္ ရခဲ့မယ္ဆိုရင္ ——–
‘ ေျမာင္း အထက္ ‘ ရဲ႕ ေျမစာပုံၾကားက ဘဝကိုထားခဲ့ၿပီး — ” က်ဳပ္ — က်ဳပ္ –ေလ ” ေက်ာင္းဆက္ တက္ခ်င္ပါေသးတယ္လို႔ ”
ေမာင္ကာဠဳ ( ကြၽန္းလွ ) ၅ . ၇ . ၂၀၂၀ 12 း 00 ( PM ) ( တိုက္ဆိုင္မႈ ရွိခဲ့ပါက ကာယကံရွင္မိသားစုမ်ားအား နားလည္ခြင့္လႊတ္ေပးပါရန္ ေလးစားစြာ ေတာင္းပန္ပါသည္ )
Unicode Version
ကျောင်းပြန် ဖွင့်ခဲ့ရင် ခွင့်စာတစ်စောင်ရေးပြီး တစ်ဘဝစာ ကျောင်းပျက်ရက်အတွက် ဆရာတို့ထံ ခွင့်တိုင် ပေးပါအမေ…
မသွား ပါနဲ့လားသားရယ် အတန်တန် တားနေတဲ့ကြားက ကျောင်းဆက် တက်ချင်တယ်တဲ့
ကျုပ်လေ –မိသားစုကို ခွဲခွာ ” ဝှေခါ ‘ ဆိုတဲ့ ဒေသ ကို ခြေချခဲ့ရတယ် — ” ကျောင်းတက် ‘ ဘို့ အတွက် ‘ ခေါင်းအထက် ‘ မှာ စျေးတောင်းတင်ပြီး အော် — ရောင်းနေရတဲ့ အမေ့ကိုလည်း သနားတယ် — ”
အများတကာ အလည်မှာ ပညာတတ်ကြီးဖြစ်စေချင်တဲ့ ‘ အမေ့ဆန္ဒ ‘တချိန်ချိန်မှာ — ပြည့်ဝစေရပါ့မယ် အမေ ” ” အဖေ ‘ ပြုံးနေတတ် ပေမယ့် ‘ ပခုံး ‘ ထက်မှ ဒဏ်ရာတွေက ၏
သားတစ်ယောက်အတွက် ပေးဆပ်ခြင်းတွေလား ‘ အဖေ ‘ — ” ကျောင်းတွေပိတ်ချိန် တဖက်တလှမ်းက ကျောင်းစရိတ် ကျုပ် — ရှာမှ ရမယ်လေ — ” ဝှေခါ ” ဆိုတာ မကြားဘူးပေမယ့်
မိဘကို ကူဘို့ တူ – တစ်လက်ကို ကိုင် ‘ သံတိုင် ‘ က တဖက် — ကျောင်းတက်ဖို့အတွက် ရှေ့ဆက်ရမယ့် ပညာရေး ခဏလေး ခွဲခွာရတာ ခွင့်လွှတ်ပေးပါ ‘ အဖေ ‘ —
” သံတိုင် ” ကို ဆုပ်ကိုင်ရင်း ” လောပန်းလောင်း “ဆိုတဲ့ သီချင်းတပုဒ် ကျုပ် — နှုတ်ဖျားက ဆိုညည်းရင်း နဲ့လေ — ” လောပန်းလောင်း ‘ ဘဝကို အားကြရင်း ‘ မသာ ‘ အလောင်း တွေထပ်
ဒီအရပ်မှာ ဖြစ်ခဲ့တာတွေ ‘ လောဘ ‘ ကြောင့် မမြင်မိခဲ့ဘူး ‘ အမေ ‘ “ကျောက်တူးသမားဘဝ ပမာပြထားတဲ့ ဒီသီချင်း စိတ်ကူးတွေနဲ့ ဖန်တီးရင်းပေါ့ — ‘ ကျောင်းဖွင့်မီ ပြန်လာဘို့ ” တဖွဖွ ပြောတဲ့
နှုတ်ဆက်စကားက ချွန်မြ တဲ့ ‘ အပ် ‘ သွားလို နှစ်လုံးသားမှာ ထိုးစိုက်ခံခဲ့ရတယ် — ‘ မကြာခဏ ဖုန်းဆက် ‘ တဲ့ ပြုံးလျှက်နဲ့ ခေါင်းငြိမ့်ပေးခဲ့တဲ့ ကျုပ်ရဲ့ အဖြေ — အခု အချိန်
” ဟလို ‘ ဆိုတဲ့ ဖုန်းအခေါ်ကို ‘ အမေ ‘ မျှော်နေရော့မယ် — ‘ အကြာကြီးတော့ မသွားနဲ့ ‘ ‘ အမေ ‘ တားခဲ့တဲ့ ဒီစကား ကျုပ် — ကြားယောင်မိတယ် — ခဏတာမဟုတ် ” တစ်ပြေတစ်ရွာမှာ ငွေရှာဘို့ထက်
အခုတော့ — ဘဝပါ ထားခဲ့ရပြီ ‘ အမေ’ — မနေသာတဲ့ ဘဝအရေး အတွက် မိသားစု ရဲ့အဝေး ခဏလေးဘဲ ခွဲခွာရမယ်လို့ ထင်ခဲ့တာ ကျုပ် — ကျုပ် မှားသွားတယ်ဗျာ —
‘ ရေမဆေး ‘ ရှာရင်း ‘ သေးဘေး ‘ နဲ့ ရင်ဆိုင်ကြုံတွေ့ချိန် — ဝုန်း ‘ ဆိုတဲ့ ‘ မြေပြို ‘ သံ တောင် နံရံတွေပေါ်မှာ ရိုက်ခတ်ရင်း ‘ သေမင်း ‘က ကျုပ် ဆီကို ပြေးလာနေပြီ — ”အမေ’ ဆိုတဲ့ နောက်ဆုံးစကား
ကျုပ် –နှုတ်ဖျားက ဝိုးတဝါးမို့ ‘ အမေ ‘ ကြားနိုင်ပါ့တော့မလား ????ကျုပ်’ ဘဝ အတွက်တော့ — ‘ ဝှေခါ ‘ဟာ ‘ သေရွာ ‘ ပမာ ‘ ရေအလာ ‘ မှာ ‘ မြေစာ ‘ နဲ့ရောပိလို့ ‘ အမေ ‘တို့ သိများ သိပါလေစ — ”
မြန်မကြာ ပြန်လာခဲ့မယ်လို့ ပေးခဲ့တဲ့ ကတိစကား — ‘ သား ‘ မှားတာ မဟုတ်ဘူးနော် — ရက်စက်တဲ့ ကံကြမ္မာကြောင့် ပြန်မလာနိုင်တဲ့ အခြေအနေက ထာဝရ ရင်ဆိုင်ရတော့မယ် ‘ အမေ’
“ကျောင်းပြန်ဖွင့်ခဲ့ရင် ခွင့်စာတစ်စောင်ရေးပြီး တစ်ဘဝစာ ကျောင်းပျက်ရက်အတွက် ဆရာတို့ထံ ခွင့်တိုင်ပေးပါအမေ — ကျုပ် ရဲ့ အသက်မဲ့ခန္ဓာက ‘ အမေ ‘ တို့ကို စကား ပြောခွင့် ရခဲ့မယ်ဆိုရင် ——–
‘ မြောင်း အထက် ‘ ရဲ့ မြေစာပုံကြားက ဘဝကိုထားခဲ့ပြီး — ” ကျုပ် — ကျုပ် –လေ ” ကျောင်းဆက် တက်ချင်ပါသေးတယ်လို့ ”
မောင်ကာဠု ( ကျွန်းလှ ) ၅ . ၇ . ၂၀၂၀ 12 း 00 ( PM ) ( တိုက်ဆိုင်မှု ရှိခဲ့ပါက ကာယကံရှင်မိသားစုများအား နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်ပါသည် )