အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတဲ့အခါ….
အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတယ်။
အဲဒီမှာ အပေ့ါအပါးသွားကြရင်း…

အမူးသမားတစ်ယောက်က မြေပုံတခုမှာ စိုက်ထားတဲ့ မှတ်တိုင်ကို ဖတ်ကြည့်ရင်းပြောတယ်… …
“အင်း တော်တော်အသက်ရှည်တဲ့လူဘဲ၊ ဦးသူရိန်၊ ၈၈ နှစ်၊ ပျဉ်းမနား”
နောက် အမူးသမားတစ်ယောက်ကလည်းမှတ်တိုင်တစ်ခုကို ဖတ်ကြည့်ရင်းပြောတယ်… …
“ဒီ အဖွားကြီးက ပိုအသက်ရှည်သေး၊ဒေါ်ရွှေရုပ်၊ လယ်ဝေး၊ ၉၆ နှစ်၊”
အဲ…နောက်ဆုံးတစ်ယောက် ကတော့အလန့်တကြား ထ, အော်တယ်… …
“ဟာ…ဒီ အဖွားကြီးက ပိုပြီးအသက်ရှည်တာကွ၊ ၂၂၅ လို့တောင် ရေးထားတယ်”
“ဟင်…ဟုတ်လား၊ ဘယ်သူတဲ့လဲ?
ဘယ်ကလဲ?…”“မိုင်…တဲ့၊ ရန်ကုန်မှ..တဲ့”
အေးဟ…….ရန်ကုန်ကနေ ဒီမှာလာမြှုပ်တယ်နော်မင်းကလဲ…ဒီမှာမွေးပြီး ရန်ကုန်မှာကြီးလို့နေမှာပေါ့ဟ
Credit မူရင်းတင်သူ
unicode
အရက်မူးပြီး ပြန်လာတဲ့လူသုံးယောက်ဟာ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတဲ့အခါ….




