ၾကားသိရသမွ်

“ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟု ကျော်စောသူ သေနတ်ဖြင့် ပစ်သတ်ခံရ”

“ၾကည့္ျမင္တိုင္ဆႏၵျပသူမ်ားကို စစ္ကားျဖင့္တိုက္သတ္မႈတြင္ ပတ္သက္ခဲ့ေသာ ဒလန္ဟု ေက်ာ္ေစာသူ ေသနတ္ျဖင့္ ပစ္သတ္ခံရ”

ၾကည့္ျမင္တိုင္တြင္ ဆႏၵျပလူငယ္မ်ားကို စစ္ေကာင္စီတပ္က ကားႏွင့္ဝင္တိုက္၍ လူငယ္ငါးဦးေသဆုံးခဲ့ရမႈျဖစ္ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ အဆိုပါသ ပိတ္ၿဖိဳခြင္းရာတြင္ စစ္ေကာင္စီတပ္ကိုသတင္းေပးခဲ့သူဟု စြပ္စြဲခံရသူ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံလိုက္ရသည္ဟု ေဒသခံမ်ားက မဇၩိမကိုေျပာသည္။

မြန္းလြဲ ၁၂ နာရီေက်ာ္က ဆင္မင္းရပ္ကြက္၊ ဆင္မင္းအိမ္ရာတြင္ေနထိုင္သူ ကိုမင္းမင္းသည္ ဓမၼာ႐ုံေဘးတြင္ဝိုင္းဖြဲ႕ထိုင္ေနစဥ္ ေသနတ္သမားက လာပစ္သြားျခင္းျဖစ္သည္ဟုသိရသည္။

ကိုမင္းမင္းသည္ ေသနတ္ဒဏ္ရာႏွစ္ခ်က္ျဖင့္ ဦးေခါင္းပြင့္ကာ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ပြဲခ်င္းၿပီး​ေသဆုံးခဲ့​ေၾကာင္း မ်က္ျမင္သက္​ေသမ်ားကေျပာသည္။

” အိမ္ရာထဲမွာ ဓမၼာ႐ုံရွိတယ္၊ အဲ့ဓမၼာ႐ုံေဘးမွာဝိုင္းဖြဲ႕ၿပီးထိုင္ေနခ်ိန္မွာ ႏွစ္ခ်က္ဝင္ပစ္တာ ထိသြားပါတယ္။ ေရွ႕လေတြထဲက သူ႔ဆိုင္ေရွ႕မွာသပိတ္လုပ္ရင္ ကေလးေတြကိုမစုခိုင္းဘူး၊ ​ေမာင္းထုတ္တယ္။

ဒီ​ေန႔လည္း ၾကည့္ျမင္တိုင္ကိစၥမွာ ဒလန္ႏွစ္​ေယာက္ပါတယ္လို႔သိရတယ္၊သူအပါအဝင္​ေပါ့။ ျမင္တဲ့သူ​ေတြရွိတယ္။” ဟု ​ေဒသခံအမ်ိဳးသမီးတစ္ဦးက မဇၥ်ိမ ကို ​ေျပာသည္။

ထိုသို႔ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီး​ေနာက္ အလုံ၊ ဆင္မင္းအိမ္ယာထဲသို႔ စစ္သားမ်ား​ေရာက္ရွိလာကာ စစ္​ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး​ ျပန္လည္ထြက္ခြာသြား​ေၾကာင္း သိရသည္။

“ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟု ကျော်စောသူ သေနတ်ဖြင့် ပစ်သတ်ခံရ”

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသ ပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။

ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။

” အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ မောင်းထုတ်တယ်။

ဒီနေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်ပေါ့။ မြင်တဲ့သူတွေရှိတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။