ၾကားသိရသမွ်

သပိတ်ကျင်းတွင် အင်အား ရစ် ခ် တာစကေး ၅.၆ အဆင့်ရှိ အပြင်းစား ငလျင် လှုပ်သွား

သပိတ်ကျင်းတွင် အင်အား ရစ် ခ် တာစကေး ၅.၆ အဆင့်ရှိ အပြင်းစား ငလျင် လှုပ်သွား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျဉ်းမြို့နယ်အတွင်း ဗဟိုပြု၍ ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့

ညနေ ၃ နာရီ ၉ မိနစ် ၂၇ စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး ၅.၆ အဆင့်ရှိ အပြင်းစားငလျင်လှုပ်ခတ်သွားကြောင်း

ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်

သပိတ်ကျဉ်းမြို့နယ်တွင်း အင်အား ရစ်(ခ်)တာစကေး(၅.၆)အဆင့်ရှိ အပြင်းစားငလျင်လှုပ်ခတ်သွားမှုကြောင့်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းအထိပါ ငလျင်လှိုင်း ရိုက်ခတ်သွားကြောင်း သိရသည်

ယခုဖော်ပါ ငလျင်အဆင့်မှာ ထိုင်းနိုင်ငံက တိုင်းတာရရှိသည့် အဆင့်တာဖြစ်ပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ တိုင်းတာချက်နှင့် အနည်းငယ် ကွဲလွဲနိုင်ဖွယ်ရှိနိုင်ပါသည် Crd- Tachileik News Agnecy

Credit

Zawgyi








Credit