ခိုးဆိုးလုနှိုက်တွေရဲ့လက်ချက်ကနေ မိမိရဲ့ဆိုင်ကယ်တွေ လွတ်နိုင်မယ့် အသေချာဆုံးနည်းလမ်း
ယခုလို ကာလကြီးမှဦ စစ်ဘေးရှောင်လိုမျိုး ကိုယ့်အိမ်ကနေ အဝေးကို အချိန်ကြာကြာ သွားရလို့ ဆိုင်ကယ်တွေ မယူသွားနိုင်ရင် ခိုးဆိုးလုနှိုက်တွေရဲ့ ရန်ကို စိုးရိမ်ရပါတယ်။
လူတွေ မရှိတော့ဘူးဆိုတာနဲ့ ဖောက်ထွင်းမယ့်သူတွေက အလိုလို ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် တန်ဖိုးရှိ ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ထားပြီး သယ်ရခက်တဲ့ ဆိုင်ကယ်လို ပစ္စည်းမျိုးကတော့ အိမ်မှာပဲ ထားခဲ့ရဖို့ များပါတယ်။
တကယ်လို့ ဆိုင်ကယ်များ အိမ်မှာချန်ထားမိရင် ဆီအကုန်ဖောက်ချထားလိုက်ပါ။ ပြီးတော့ ရှေ့နောက်ဘီးတွေကို ဖြုတ်ထားလိုက်ပါ။
သူခိုးတွေက ဆီအပိုမယူလာသလို ဘီးလည်း အပိုမယူလာဘူး။ ကားနဲ့လိုက်သယ်ပြီး ခိုးရင်တော့ မပြောတတ်ဘူး။ နည်းနည်းတော့ အထောက်အကူ ဖြစ်တာပေါ့။
ဖြစ်နိုင်ရင် အင်ဂျင်ကိုပါ စက်နှိုးလို့ မရအောင် မီးလိုင်းတွေပါ ဖြုတ်ထားခဲ့ရင် ပိုအဆင်ပြေပါတယ်။
အထက်ပါ နည်းလမ်းတွေကတော့ အိမ်မှာထားခဲ့ရတဲ့ ဆိုင်ကယ်တွေ သူခိုင်းရန်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းများ ဖြစ်ပါတယ်။ မိမိအိမ်ကနေ စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ အမြန်ဆုံး အိမ်ပြန်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။
ခိုးဆိုးလုႏွိုက္ေတြရဲ့လက္ခ်က္ကေန မိမိရဲ့ဆိုင္ကယ္ေတြ လြတ္နိုင္မယ့္ အေသခ်ာဆုံးနည္းလမ္း
ယခုလို ကာလႀကီးမွဦ စစ္ေဘးေရွာင္လိုမ်ိဳး ကိုယ့္အိမ္ကေန အေဝးကို အခ်ိန္ၾကာၾကာ သြားရလို႔ ဆိုင္ကယ္ေတြ မယူသြားနိုင္ရင္ ခိုးဆိုးလုႏွိုက္ေတြရဲ့ ရန္ကို စိုးရိမ္ရပါတယ္။
လူေတြ မရွိေတာ့ဘူးဆိုတာနဲ႔ ေဖာက္ထြင္းမယ့္သူေတြက အလိုလို ေရာက္လာမွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ တန္ဖိုးရွိ ပစၥည္းေတြကို ကိုယ္နဲ႔ မကြာ ထားၿပီး သယ္ရခက္တဲ့ ဆိုင္ကယ္လို ပစၥည္းမ်ိဳးကေတာ့ အိမ္မွာပဲ ထားခဲ့ရဖို႔ မ်ားပါတယ္။
တကယ္လို႔ ဆိုင္ကယ္မ်ား အိမ္မွာခ်န္ထားမိရင္ ဆီအကုန္ေဖာက္ခ်ထားလိုက္ပါ။ ၿပီးေတာ့ ေရွ႕ေနာက္ဘီးေတြကို ျဖဳတ္ထားလိုက္ပါ။
သူခိုးေတြက ဆီအပိုမယူလာသလို ဘီးလည္း အပိုမယူလာဘူး။ ကားနဲ႔လိုက္သယ္ၿပီး ခိုးရင္ေတာ့ မေျပာတတ္ဘူး။ နည္းနည္းေတာ့ အေထာက္အကူ ျဖစ္တာေပါ့။
ျဖစ္နိုင္ရင္ အင္ဂ်င္ကိုပါ စက္ႏွိုးလို႔ မရေအာင္ မီးလိုင္းေတြပါ ျဖဳတ္ထားခဲ့ရင္ ပိုအဆင္ေျပပါတယ္။
အထက္ပါ နည္းလမ္းေတြကေတာ့ အိမ္မွာထားခဲ့ရတဲ့ ဆိုင္ကယ္ေတြ သူခိုင္းရန္ကေန ကာကြယ္နိုင္မယ့္ နည္းလမ္းမ်ား ျဖစ္ပါတယ္။ မိမိအိမ္ကေန စြန႔္ခြာ ထြက္ေျပးရတဲ့သူေတြ အျမန္ဆုံး အိမ္ျပန္နိုင္ပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ ခင္ဗ်ာ။