ဗဟုသုတ

မင်းတုန်းမင်းကြီး မိဖုရားများရခြင်း အကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

မင္းတုန္းမင္းႀကီး မိဖုရားမ်ားရျခင္း အေၾကာင္း
ျမန္မာရွင္ဘုရင္အမ်ားစုဟာ မိဖုရားမ်ားၾကပါတယ္။ ဘာေၾကာင့္မိဖုရားမ်ားတာလဲဆိုတာကို ျမန္မာမင္းအုပ္ခ်ဳပ္ပုံ ( အင္႐ုံစာတမ္း ) မွာ စနစ္တက် ေဖာ္ျပထားပါတယ္။

မင္းတုန္းမင္း က မိဖုရားအမ်ားႀကီး ယူတာမဟုတ္ဘူး။ သူႀကိဳက္လို႔ယူတာ သုံး၊ ေလးပါးပဲ။ မင္းတုန္းမင္းလိုပဲ သူ႔ထက္ မိဖုရားမ်ားတဲ့ ဘိုးေတာ္ဘုရား၊ ဘုရင့္ေနာင္တို႔လည္း သူတို႔ယူလို႔မ်ားတာ မဟုတ္ဘူး။

ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပုံမွာ ဗဟိုနန္းေတာ္ရဲ႕ လက္ေအာက္ခံ နယ္စား၊ ႐ြာစား၊ ၿမိဳ႕စားေတြဟာ ကိုယ့္နယ္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတယ္။ တစ္ႏွစ္ မွ တစ္ခါ မျဖစ္စေလာက္ အခြန္ေလးပဲ ဆက္သရတာ။ ဒီေတာ့ သူတို႔အစဥ္အဆက္ နယ္စား၊ ၿမိဳ႕စား ျဖစ္ေရးက သူတို႔အတြက္ အေရးႀကီးတယ္။

ေနာက္တစ္ခုက နယ္စား၊ ၿမိဳ႕စားမင္းေတြဟာ ဘုရင္နဲ႔ အမ်ိဳးေတာ္ခ်င္ၾကတယ္။ ဘုရင္နဲ႔ အမ်ိဳးေတာ္ရင္ မ်က္ႏွာရွိတယ္၊ ဂုဏ္ရွိတယ္၊ အရွိန္အဝါ ရွိတယ္လို႔ သတ္မွတ္ထားၾကတယ္။

အဲ့ဒါေၾကာင့္ ဘုရင္ကို သမီးေတာ္တို႔ ႏွမေတာ္တို႔ ဆက္သၾကတာ။ အဲ့ဒီအခါ ဘုရင့္ ေယာကၡမ၊ ဘုရင့္ ေယာက္ဖဆို တန္းတူနယ္စား၊ ၿမိဳ႕စားခ်င္းမွာ အသာစီး ရလိုတာလည္းပါတယ္။

အဲ့ဒီလို သမီး၊ ႏွမ ဆက္သရင္ ဘုရင္က မျငင္းရဘူး၊ မျငင္းရတာ ထုံးစံပဲ၊ ျငင္းလိုက္ရင္ ဆက္သသူက အရွက္ရၿပီး ပုန္ကန္မွာ စိုးရတယ္။ ပုန္ကန္တဲ့ အခါမွာ

ပုန္ကန္တဲ့သူက “ငါ့သမီး၊ ငါ့ႏွမ ဆက္သရဲ႕သားနဲ႔ ျငင္းလို႔”ဆိုၿပီး အေၾကာင္းျပႏိုင္တယ္။

အဲ့ဒါေၾကာင့္ လက္ေအာက္ခံ ၿမိဳ႕စား၊ နယ္စားေတြက သမီး၊ ႏွမ ဆက္သရင္ ဘုရင္က လက္ခံကို လက္ခံရတယ္။

အဲ့ဒါ အေနာ္ရထာမင္း ေခတ္ ကေန သီေပါမင္း ေခတ္အထိ ျမန္မာမင္းတို႔ႏွင့္ သူ႔ လက္ေအာက္ခံ နယ္စား၊ ၿမိဳ႕စားတို႔ရဲ႕ ဆက္ဆံ ေရးပဲ။ အဲ့ဒါ အုပ္ခ်ဳပ္ေရး စနစ္တစ္ခုပဲ။

ဘုရင္ အတြက္ဘာေကာင္းသလဲဆိုေတာ့ သူ႔လက္ေအာက္ခံ မင္းရဲ႕ သမီး,ႏွမ ကိုယ့္လက္ထဲရွိေနေတာ့ အဲ့ဒီ မပုန္ကန္ရဲေတာ့ဘူး။ အျပန္အလွန္ အက်ိဳးရွိ ၾကတယ္။

ဘာေၾကာင့္ မိဖုရားမ်ားလဲဆိုေတာ့ အဲ့ဒီလို လက္ ေအာက္ခံေတြက ဆက္သတာမ်ားလို႔ မိဖုရားမ်ားတာ၊ ကာမ၊ ရာဂနဲ႔ မဆိုင္ဘူး။

ျမန္မာမင္းေတြဆိုတာ အိပ္ခ်င္တဲ့ မိန္းမနဲ႔ အိပ္၊ ရာဂကို ႀကိဳက္သလိုေသာင္းက်န္းလို႔ မရဘူး။ ဘုရင္ ျဖစ္ၿပီဆိုတာနဲ႔ အေနာက္ဝန္က “ဘုရင္ ဒီည ဘယ္မိဖုရားနဲ႔ အိပ္တယ္” ဆိုတာ စာရင္းအတိအက် လိုက္ယူထားရတာ။ ဘာေၾကာင့္လဲဆိုေတာ့ ထီးေမြ၊ နန္းေမြ ရႈပ္ေထြးမွာ စိုးလို႔။

အေနာက္ဝန္က “ဘယ္မိဖုရား၊ ဘယ္ေမာင္းမ ဘုရင္နဲ႔ ညအိပ္တယ္” ဆို တာ ရက္စြဲ၊ ဘုရင္ အေဆာင္ကူးခ်ိန္ နာရီအတိအက် မွတ္ရတာ၊

ဒါမွ မိဖုရားနဲ႔ ရတဲ့ကေလးဟာ ဘုရင့္သား အစစ္လား၊တျခားသူနဲ႔ ရတာလား၊ ေသခ်ာေအာင္ အေနာက္ဝန္ အေစာင့္အထိန္းေတြနဲ႔ ေသ ခ်ာ စနစ္တက်လုပ္တာ။

ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပုံအရ ဘုရင္ဆိုတာ သရမ္းခ်င္တိုင္း သရမ္းလို႔ မရဘူး။ ထီး၊ နန္းအေမြဆိုတာ ရွိေနလို႔၊ ဒါေၾကာင့္ “ေတာင္နန္း၊ ေျမာက္နန္းေဆာင္ မိဖုရားေတြရဲ႕ သားကိုပဲ နန္းလ်ာထားမယ္” ဆိုတဲ့ စည္းကမ္းဆိုတာ ျဖစ္လာတာ။

မိဖုရားေတြမွာ ေတာင္နန္း၊ ေျမာက္နန္း၊ အေဆာင္ရ၊ အေဆာင္မရ ဆိုတာေတြပါ သူ႔အဆင့္နဲ႔သူ ျဖစ္လာတာ။ ဘုရင္ကလည္း မိဖုရားအျဖစ္ လက္ခံၿပီးရင္ အငယ္ဆုံး အေဆာင္မရ မိဖုရားျဖစ္ေစဦး အနည္းဆုံး စားေၾကး ေပးရတယ္၊ ဒီအတိုင္း ပစ္ထားလို႔ မရဘူး။

ျမန္မာမင္းမ်ားအုပ္ခ်ဳပ္ပုံမွာ မိဖုရားေျမႇာက္တယ္ဆိုတာ ရာဂ႐ူးတာ မဟုတ္ဘူး။ ရာထူးေပးရတာ၊ အေဆာင္အေယာင္ေပးရတာ။ ရာထူးေပးရၿပီ ဆိုတာနဲ႔ လစာ(စားေၾကး) ေပးရတယ္။ ၿပီးေတာ့ လစာစာေၾကးသည္လည္း အဆင့္လိုက္ကြာသြားတယ္။

ျမန္မာမင္းတိုင္း မိဖုရားမ်ားတယ္၊ မင္းတုန္းမင္းမွ ေ႐ြးၿပီး နာမည္ဖ်က္ခံရတာဟာ ကိုလိုနီေခတ္က အဂၤလိပ္သမိုင္းဆရာေတြ တမင္လုပ္သြားၾကတာ၊

“မင္းတို႔ဘုရင္ ေကာင္းမွ မေကာင္းတာ၊ ဒါေၾကာင့္ ငါတို႔ လာအုပ္ခ်ဳပ္တယ္” ဆိုတာ ျဖစ္ရေလေအာင္ တမင္တကာ ဝါဒျဖန္႔ၾကတာ။

မွတ္ ခ်က္ ။ ။ စ်န္သစ္ေအာင္ ပို႔စ္တြင္ စ်ာန္သစ္ေအာင္ မွ ဘုန္းေတာ္ႀကီး တစ္ပါးအား ရွင္းျပထားေသာ ကြန္မန္႔မ်ားအား တည္းျဖတ္၍ အမ်ားဖတ္ႏိုင္ရန္ ျပန္လည္ မွ်ေဝျခင္းျဖစ္ပါသည္။

#crd_to_owner ဓမၼသုတ ကုသိုလ္#ဖတ္စရာ

#ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)

Unicode

မင်းတုန်းမင်းကြီး မိဖုရားများရခြင်း အကြောင်း
မြန်မာရှင်ဘုရင်အများစုဟာ မိဖုရားများကြပါတယ်။ ဘာကြောင့်မိဖုရားများတာလဲဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံ ( အင်ရုံစာတမ်း ) မှာ စနစ်တကျ ဖော်ပြထားပါတယ်။

မင်းတုန်းမင်း က မိဖုရားအများကြီး ယူတာမဟုတ်ဘူး။ သူကြိုက်လို့ယူတာ သုံး၊ လေးပါးပဲ။ မင်းတုန်းမင်းလိုပဲ သူ့ထက် မိဖုရားများတဲ့ ဘိုးတော်ဘုရား၊ ဘုရင့်နောင်တို့လည်း သူတို့ယူလို့များတာ မဟုတ်ဘူး။

မြန်မာမင်းများ အုပ်ချုပ်ပုံမှာ ဗဟိုနန်းတော်ရဲ့ လက်အောက်ခံ နယ်စား၊ ရွာစား၊ မြို့စားတွေဟာ ကိုယ့်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်။ တစ်နှစ် မှ တစ်ခါ မဖြစ်စလောက် အခွန်လေးပဲ ဆက်သရတာ။ ဒီတော့ သူတို့အစဉ်အဆက် နယ်စား၊ မြို့စား ဖြစ်ရေးက သူတို့အတွက် အရေးကြီးတယ်။

နောက်တစ်ခုက နယ်စား၊ မြို့စားမင်းတွေဟာ ဘုရင်နဲ့ အမျိုးတော်ချင်ကြတယ်။ ဘုရင်နဲ့ အမျိုးတော်ရင် မျက်နှာရှိတယ်၊ ဂုဏ်ရှိတယ်၊ အရှိန်အဝါ ရှိတယ်လို့ သတ်မှတ်ထားကြတယ်။

အဲ့ဒါကြောင့် ဘုရင်ကို သမီးတော်တို့ နှမတော်တို့ ဆက်သကြတာ။ အဲ့ဒီအခါ ဘုရင့် ယောက္ခမ၊ ဘုရင့် ယောက်ဖဆို တန်းတူနယ်စား၊ မြို့စားချင်းမှာ အသာစီး ရလိုတာလည်းပါတယ်။

အဲ့ဒီလို သမီး၊ နှမ ဆက်သရင် ဘုရင်က မငြင်းရဘူး၊ မငြင်းရတာ ထုံးစံပဲ၊ ငြင်းလိုက်ရင် ဆက်သသူက အရှက်ရပြီး ပုန်ကန်မှာ စိုးရတယ်။ ပုန်ကန်တဲ့ အခါမှာ

ပုန်ကန်တဲ့သူက “ငါ့သမီး၊ ငါ့နှမ ဆက်သရဲ့သားနဲ့ ငြင်းလို့”ဆိုပြီး အကြောင်းပြနိုင်တယ်။

အဲ့ဒါကြောင့် လက်အောက်ခံ မြို့စား၊ နယ်စားတွေက သမီး၊ နှမ ဆက်သရင် ဘုရင်က လက်ခံကို လက်ခံရတယ်။

အဲ့ဒါ အနော်ရထာမင်း ခေတ် ကနေ သီပေါမင်း ခေတ်အထိ မြန်မာမင်းတို့နှင့် သူ့ လက်အောက်ခံ နယ်စား၊ မြို့စားတို့ရဲ့ ဆက်ဆံ ရေးပဲ။ အဲ့ဒါ အုပ်ချုပ်ရေး စနစ်တစ်ခုပဲ။

ဘုရင် အတွက်ဘာကောင်းသလဲဆိုတော့ သူ့လက်အောက်ခံ မင်းရဲ့ သမီး,နှမ ကိုယ့်လက်ထဲရှိနေတော့ အဲ့ဒီ မပုန်ကန်ရဲတော့ဘူး။ အပြန်အလှန် အကျိုးရှိ ကြတယ်။

ဘာကြောင့် မိဖုရားများလဲဆိုတော့ အဲ့ဒီလို လက် အောက်ခံတွေက ဆက်သတာများလို့ မိဖုရားများတာ၊ ကာမ၊ ရာဂနဲ့ မဆိုင်ဘူး။

မြန်မာမင်းတွေဆိုတာ အိပ်ချင်တဲ့ မိန်းမနဲ့ အိပ်၊ ရာဂကို ကြိုက်သလိုသောင်းကျန်းလို့ မရဘူး။ ဘုရင် ဖြစ်ပြီဆိုတာနဲ့ အနောက်ဝန်က “ဘုရင် ဒီည ဘယ်မိဖုရားနဲ့ အိပ်တယ်” ဆိုတာ စာရင်းအတိအကျ လိုက်ယူထားရတာ။ ဘာကြောင့်လဲဆိုတော့ ထီးမွေ၊ နန်းမွေ ရှုပ်ထွေးမှာ စိုးလို့။

အနောက်ဝန်က “ဘယ်မိဖုရား၊ ဘယ်မောင်းမ ဘုရင်နဲ့ ညအိပ်တယ်” ဆို တာ ရက်စွဲ၊ ဘုရင် အဆောင်ကူးချိန် နာရီအတိအကျ မှတ်ရတာ၊

ဒါမှ မိဖုရားနဲ့ ရတဲ့ကလေးဟာ ဘုရင့်သား အစစ်လား၊တခြားသူနဲ့ ရတာလား၊ သေချာအောင် အနောက်ဝန် အစောင့်အထိန်းတွေနဲ့ သေ ချာ စနစ်တကျလုပ်တာ။

မြန်မာမင်းများ အုပ်ချုပ်ပုံအရ ဘုရင်ဆိုတာ သရမ်းချင်တိုင်း သရမ်းလို့ မရဘူး။ ထီး၊ နန်းအမွေဆိုတာ ရှိနေလို့၊ ဒါကြောင့် “တောင်နန်း၊ မြောက်နန်းဆောင် မိဖုရားတွေရဲ့ သားကိုပဲ နန်းလျာထားမယ်” ဆိုတဲ့ စည်းကမ်းဆိုတာ ဖြစ်လာတာ။

မိဖုရားတွေမှာ တောင်နန်း၊ မြောက်နန်း၊ အဆောင်ရ၊ အဆောင်မရ ဆိုတာတွေပါ သူ့အဆင့်နဲ့သူ ဖြစ်လာတာ။ ဘုရင်ကလည်း မိဖုရားအဖြစ် လက်ခံပြီးရင် အငယ်ဆုံး အဆောင်မရ မိဖုရားဖြစ်စေဦး အနည်းဆုံး စားကြေး ပေးရတယ်၊ ဒီအတိုင်း ပစ်ထားလို့ မရဘူး။

မြန်မာမင်းများအုပ်ချုပ်ပုံမှာ မိဖုရားမြှောက်တယ်ဆိုတာ ရာဂရူးတာ မဟုတ်ဘူး။ ရာထူးပေးရတာ၊ အဆောင်အယောင်ပေးရတာ။ ရာထူးပေးရပြီ ဆိုတာနဲ့ လစာ(စားကြေး) ပေးရတယ်။ ပြီးတော့ လစာစာကြေးသည်လည်း အဆင့်လိုက်ကွာသွားတယ်။

မြန်မာမင်းတိုင်း မိဖုရားများတယ်၊ မင်းတုန်းမင်းမှ ရွေးပြီး နာမည်ဖျက်ခံရတာဟာ ကိုလိုနီခေတ်က အင်္ဂလိပ်သမိုင်းဆရာတွေ တမင်လုပ်သွားကြတာ၊

“မင်းတို့ဘုရင် ကောင်းမှ မကောင်းတာ၊ ဒါကြောင့် ငါတို့ လာအုပ်ချုပ်တယ်” ဆိုတာ ဖြစ်ရလေအောင် တမင်တကာ ဝါဒဖြန့်ကြတာ။

မှတ် ချက် ။ ။ စျန်သစ်အောင် ပို့စ်တွင် စျာန်သစ်အောင် မှ ဘုန်းတော်ကြီး တစ်ပါးအား ရှင်းပြထားသော ကွန်မန့်များအား တည်းဖြတ်၍ အများဖတ်နိုင်ရန် ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။