ဗဟုသုတ

လူ့ဘ၀ကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံအကြောင်း ဖြစ်ရပ်မှန်

သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ချေးငှားမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်) ကို တင်ဆက်ပေးလိုက်ရပါတယ်မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။

မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။ ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်းထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ ခွေးကြည့်ပါဦး။ ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။ အေးဘုံကိုး။ ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ ဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။ နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။ သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်ကလေး ကောင်းသည်။ တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။ မကြာမီ ရိတ်သိမ်းရတော့မည်။

မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလို နှမ်းခင်းသွားကြည့်သည်။

ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး။ မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေး တစ်ကောင်ကို တွေ့ရသည်။

မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည်။ ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ် ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။ မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။

သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။ မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။ ညလုံးနီးပါး မျက်စိများက ကြောင်နေသည်။ လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ လှလူ ငါ ညည်းတို့နဲ့ လာနေမယ်နော်၊ ညည်းကြိုက်သလို ခိုင်းပါအေ၊ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။ အသံက မအေးဘုံအသံ။

မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်။ ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။ နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။ ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။

ငါ ကျေနပ်ပါတယ်။ အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။ လွဲပါစေ ဖယ်ပါစေ။မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီး သားတင်သွားခဲ့သည်။ တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက နွားမလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည်။

မလှလူသည် မအေးဘုံတစ်ဖြစ်လဲ နွားမလေးကို ဘာမှ မခိုင်းပဲ ဘေးမဲ့ပေးထားခဲ့သည်။သို့သော် နွားမလေးက အလကားမနေပဲ အိမ်ရှိပစ္စည်းများကိုစောင့်ရှောက်သည်။ညညဆို အိပ်သည် မရှိ။ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။

နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတစ်ဦးတစ်ယောက်ပမာအလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ်နေခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကား ကြောက်စရာပင် ဖြစ်ပါတော့သတည်း။တင်ရှိနေသော အကြွေးကား ကြောက်စရာပင် ဖြစ်ပါတော့သတည်း။

Credit

Zawgyi

သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ချေးငှားမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်) ကို တင်ဆက်ပေးလိုက်ရပါတယ်မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။

မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။ ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်းထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ ခွေးကြည့်ပါဦး။ ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။ အေးဘုံကိုး။ ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ ဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။

နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။ သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်ကလေး ကောင်းသည်။ တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။

မကြာမီ ရိတ်သိမ်းရတော့မည်။ မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလို နှမ်းခင်းသွားကြည့်သည်။

ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး။ မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေး တစ်ကောင်ကို တွေ့ရသည်။

မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည်။ ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ် ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။ မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။

သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။ မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။ ညလုံးနီးပါး မျက်စိများက ကြောင်နေသည်။ လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ လှလူ ငါ ညည်းတို့နဲ့ လာနေမယ်နော်၊ ညည်းကြိုက်သလို ခိုင်းပါအေ၊ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။ အသံက မအေးဘုံအသံ။

မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်။ ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။ နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။

ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။ ငါ ကျေနပ်ပါတယ်။ အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။ လွဲပါစေ ဖယ်ပါစေ။

မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီး သားတင်သွားခဲ့သည်။ တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက နွားမလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည်။