ဗဟုသုတ

အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ငွေရှာနည်း ၊ ငွေစုနည်း..

ငွေစုရတာဟာ ငွေရှာရတာထက် ပိုခက်ပါတယ်… ငွေစုရတာဟာ ပညာပါပဲ ။ မိမိငွေကို သူများလက်ထဲ…ဘယ်တော့မှ မထားပါနဲ့ ။ ချမ်းသာချင်ရင် စုဗူးနဲ့စုပါ ။

သောကရောက်ချင်ရင် “ စုမဲ “ စုပါ ။ စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။ လူတန်းစေ့မနေနိုင်ခင်… လူတန်းစေ့ မစားချင်ပါနဲ့ ။ အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ ။ ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့အချိန် အကောင်းဆုံး အလှကုန်တွေ သုံးဖို့ မစဉ်းစားပါနဲ့။

လူတစ်ယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ်။

မအောင်မြင်ခင် မလှချင်ပါနဲ့အုံး။ အောင်မြင်လာရင် လှလာပါလိမ့်မယ် ။ ( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ) အိပ်တယ် ဆိုတာ သေခြင်းတစ်မျိုးပါပဲ ။

အသက် (၆၀) မှာ သေသွားရင် သင်တကယ် အသက်ရှင်တာ အသက် (၄၀) ပဲရှိပါတယ် ။ သင့်အသက်ရှင်တဲ့အချိန်ရဲ့ (၃) ပုံ (၁) ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ် ဆိုတာ သတိထားမိပြီလား ။

သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများ မစားရသလို စားရချင်ရင် သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ။ သူများ ဖောက်ခဲ့တဲ့လမ်းကို မလျှောက်ပါနဲ့ ။

ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ။ ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ။ ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ ၊ အရှက်မခွဲပါနဲ့ ၊ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ ။

စိတ်ဓာတ်ကို မြင့်မြင့်မားမား ထားပါ။ စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ ။ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် ။ အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူး ဆိုတာ စိတ်ချ ။

“ထောင်” မြင်ရင် “ရာ”စွန့်ရမယ် ။ သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့ ။ အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောက အရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ ။

အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ။ ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ ။ ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ ) နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “ ။

ကိုယ်ပိုင်ကား မစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့ ။ ( IPhone ၄ လုံးဆို ကားတစ်စီး ဝယ်လို့ရပြီနော် ) I phone မကိုင်နိုင်တာ ရှက်စရာ မဟုတ်သလို IPhone က ဘဝတွက် မဖြစ်မနေ လိုအပ်တဲ့အရာ မဟုတ်ဘူးလေ ။

“ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့ ။ “ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ ။

မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ ( သိပ်ကို ရှက်စရာကောင်းပါတယ် ) ။

လူအထင်ကြီး ခံရဖို့ အပင်ပန်းခံ မကြိုးစားပါနဲ့ ( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး ) ။ လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ ။

လက်ညှိုးထိုးတာ သူ့အလုပ် ၊ လက်မ ထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ် သင့်မှာ အချိန်များကြီး ရှိပါသေးတယ်( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် ) မိတ်ဆွေ အကောင်းဆုံးအချိန် ဆိုတာ “ ဒီအချိန်” ပါပဲ။ ခု ချက်ချင်း ပြောင်းလဲလိုက်ပါ ။

Credit