မဂ်လာပါ ပရိတ်သတ်ကြီးရေ
Dday ကြောင့် လှုပ်ခတ် လာတဲ့ ဖမ်းဆီးခံ အနုပရှင်တွေရဲ့ ထောင်ထဲက လက်ရှိ အခြေအနေ
ဖမ်းဆီးခံ ဦးဇင်ဝိုင်း နဲ့ မေတိုးခိုင်တို့ ပြန်လည် လွတ် မြောက် ပြီး အိမ်ပြန် ရောက်နေပြီ ဆိုတာ ပရိတ်သတ် ကြီးတို့လည်း သိပြီး ဖြစ် ပါ တယ်နော် ။
ဦးဇင်ဝိုင်းရဲ့ ဖေ့ဘွတ်စ် အကောင့် ဖြစ် တဲ့ Htay Lwin အကောင့်မှာ လည်း ကျ နော် အိမ်ပြန်ရောက် ပါပြီ လို့ရေးသား ထားတာတွေ့ ရပါတယ်။
ဦးဇင်ဝိုင်း ပြန်လည်လွတ်လာခဲ့ပေမယ့်လည်းသားဖြစ်သူ မင်းမော်ကွန်းက တော့
အခုထိ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့ အတူတိမ်းရှောင်ရင်း ပြန်လည်တော်လှန်နေတာပဲဖြစ်ပါတယ်နော်။
မနေ့က Dday ကြေညာအပြီးမှာ
ဦးဇင်ဝိုင်းနဲ့ အတူ ဖမ်းစီး ခံ ထားရသည့် သရုပ်ဆောင် ပြေတီဦး ဟာ
အင်းစိန်သီးသန့်ထောင် အဆောင် ၂ အခန်း ၆ မှာ ရောက်ရှိနေပြီ ဖြစ် တယ် လို့ လည်း သိ ရ ပါ တယ်။
သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။
သရုပ်ဆောင် လူမင်း ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂ မှာ ထား ထားတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင် အဆိုတော် ပိုပို beau ty blogger ၀င်းမင်းသန်း တို့ကိုတော့
အမျိုးသမီး စာသင် ဆောင် မှာထား ရှိထားတယ်လို့ ထောင်တာဝန်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။
သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ၂ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးထားသော အမှုအား သက်ဆိုင်ရာ ရဲစခန်းမှ တရားရုံး သို့ အ မှု စွဲ တင်ခဲ့ကြောင်း သိရသည်။
ပိုင်တံခွန်၏ ရှေ့နေဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒီနေ့ ရုံးတင် တရားစွဲတာပါ။ ပြေတီဦး၊
အိန္ဒြာကျော်ဇင် တို့ အမှုက သက်ဆိုင်ရာ ရဲစခန်းကနေ ဒီနေ့မှ အမှုကို စွဲတင် တာပေါ့” ဟု ပြောသည်။
ထို့ပြင် ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၏ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက် မှ
စ တင် ကာ အပြီး သ တ် လုပ်ဆောင် သွားမည် ဟု မေလ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် မှုခင်း စီမံ ခန့်ခွဲမှုအပြီး အစည်း အဝေး၌ ဆုံးဖြစ်ခဲ့ကြကြောင်း ပြောသည်။
ဦးခင်မောင်မြင့်က “တဖက်က စ+စ် ဆေး မယ့် ဥပဒေ အရာ ရှိ ရယ် တရားသူကြီးရယ် ကျနော်တို့ ရယ် ပေါ့။
အဲဒီတော့ ကျနော် တို့ က အဲဒီ အမှု ကို ရိုးရှင်းတဲ့အမှုလို့ မှတ် ပြီးတော့
တရားရုံးစွဲတင်တဲ့နေ့ မေလ ၄ ရက်ကနေ ရက်ပိုင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ဖြစ်ပါ တယ်။
လာမယ့် ဇွန်လ ၉ ရက်မှာ တရားလို ဒုရဲမှူး မျိုးမြင့်အောင်ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။
ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံးမှာပဲ စ+စ် မှာပါ” ဟု ပြောသည်။
ပရိတ်သတ် ကြီး လည်း ဦးဇင်ဝိုင်း မေတိုးခိုင် တိုလို ကျန်ရှိနေတဲ့ သရုပ်ဆောင် တွေ အမြန် လွှတ်မြောက် ကြ ပါ စေလို့ ဆုတောင်း မေတ္တာ ပို့ပေးပါအုန်းနော်။
အဓမ္မဖမ်းဆီးခံ ထားရတာ ရက် ပေါင်း ၁၇၀ ကျော်ခဲ့ပြီ မတရားဖမ်းဆီးခံရတဲ့ သူ တွေ မလွတ် သေး သမျှ
အမြဲ Speak out လုပ် ပေးနေရမှာ ပြည်သူ တွေရဲ့ သွေးအေး သွားလို့မရတဲ့ တာဝန် လည်း ဖြစ်ပါတယ် ။
သွေးအေးသွားတာနဲ့ ၊ အဖမ်းခံရသူတွေကို မေ့သွားတာ နဲ့ အ တူ ပြည်သူ တွေ ရှေ့ကနေ မားမား မတ်မတ် ရပ် တည်ပေးသွားတဲ့
သူတို့တွေ ရဲ့လုပ် ရပ် တွေ ဟာ ထောင် နှင့် ထိုက် တန် တယ်လို့ ကိုယ်တိုင်သတ်မှတ် ပေးသလို ဖြစ်သွားပါလိမ့်မယ် ။
မတရား ဖမ်းဆီး ခံရတဲ့ သူ မှန် သမျှ အားလုံး အမြန်ဆုံး ပြန် လည် လွတ် မြောက် ကြ ပါ စေ။
အခုလို ဝင် ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီ တိုင်းလည်း
ကျန်းမာ ပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
crd-oriiginal writer