ၾကားသိရသမွ်

မိခင္ျဖစ္သူကြယ္လြန္သြားတဲ့ သရက္ကင္သည္ကေလးေလးရဲ႕ေရွ႕ေရးအတြက္ စီစဥ္ေဆာင္ရြက္ေပးခဲ့တဲ့ စည္သူပလတ္ကၽြတ္ရဲ႕ဗီဒီယို

သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို သီခ်င္းေတြလည္း သီဆိုတဲ့ စည္သူပလတ္ကြၽတ္ကိုေတာ့ ပရိသတ္ႀကီးရင္းႏွီးၿပီးသားျဖစ္မွာပါ

စည္သူပလတ္ကြၽတ္ဟာ အမိုက္စားပြဲတက္ဝတ္စုံေတြေၾကာင့္လည္း လူသိမ်ားသူျဖစ္ၿပီး ဘဝကို ဟန္ေဆာင္မႈကင္းကင္းေနထိုင္တတ္သူတစ္ေယာက္ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စည္သူပလတ္ကြၽတ္ဟာ အမ်ားအက်ိဳးကိုသယ္ပိုးေဆာင္႐ြက္ေပးရင္း သူ႔ရဲ႕ဘဝကို ကုသိုလ္ေတြျပဳေပးရင္း ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။

လတ္တေလာမွာလည္း လူမႈကြန္ယက္စာမ်က္ႏွာမွာ နာမည္ႀကီးေနတဲ့ သရက္ကင္သည္မိန္းကေလးအတြက္ အလႉေငြေတြလက္ခံလႉဒါန္းေပးေနတဲ့ စည္သူပလတ္ကြၽတ္ဟာ အဆိုပါမိန္းကေလးရဲ႕မိခင္ကြယ္လြန္သြားၿပီးတဲ့ေနာက္မွာေတာ့ စည္သူပလတ္ကြၽတ္ဟာ နာေရးကူေငြေတြလည္း ေကာက္ခံေပးခဲ့ ရတာျဖစ္ပါတယ္။

မေန႔က ဇြန္လ (၅) ရက္ေန႔မွာေတာ့ စည္သူပလတ္ကြၽတ္ဟာ သရက္ကင္သည္မိန္းကေလးနဲ႔ သူမရဲ႕ဖခင္တို႔နဲ႔အတူတူ အလႉေငြစာရင္းရွင္းတန္းျပဳလုပ္ခဲ့ၿပီး သူတို႔မိသားစုေလးရဲ႕ ေရွ႕ေရးကို ေဆြးေႏြးေပးခဲ့တာကို အခုလိုပဲ Live လႊင့္ေပးခဲ့ပါတယ္။

စည္သူပလတ္ကြၽတ္ကေတာ့ သူ႔ကိုယ္က်ိဳးအတြက္မပါပဲနဲ႔ သရက္ကင္သည္မိန္းကေလးရဲ႕ဘဝကို စာနာစြာနဲ႔ ကူညီေပးခဲ့တာပဲျဖစ္ပါတယ္။

စိတ္ထားေကာင္းၿပီး ကူညီတတ္တဲ့ စည္သူပလတ္ကြၽတ္လည္း အခုထက္မက ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: စည္သူ ဘီးက်ဲ ‘s fb

Credit ; Cele Active World

unicode

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို သီချင်းတွေလည်း သီဆိုတဲ့ စည်သူပလတ်ကျွတ်ကိုတော့ ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။

စည်သူပလတ်ကျွတ်ဟာ အမိုက်စားပွဲတက်ဝတ်စုံတွေကြောင့်လည်း လူသိများသူဖြစ်ပြီး ဘဝကို ဟန်ဆောင်မှုကင်းကင်းနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ စည်သူပလတ်ကျွတ်ဟာ အများအကျိုးကိုသယ်ပိုးဆောင်ရွက်ပေးရင်း သူ့ရဲ့ဘဝကို ကုသိုလ်တွေပြုပေးရင်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ သရက်ကင်သည်မိန်းကလေးအတွက် အလှူငွေတွေလက်ခံလှူဒါန်းပေးနေတဲ့ စည်သူပလတ်ကျွတ်ဟာ အဆိုပါမိန်းကလေးရဲ့မိခင်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ စည်သူပလတ်ကျွတ်ဟာ နာရေးကူငွေတွေလည်း ကောက်ခံပေးခဲ့ ရတာဖြစ်ပါတယ်။

မနေ့က ဇွန်လ (၅) ရက်နေ့မှာတော့ စည်သူပလတ်ကျွတ်ဟာ သရက်ကင်သည်မိန်းကလေးနဲ့ သူမရဲ့ဖခင်တို့နဲ့အတူတူ အလှူငွေစာရင်းရှင်းတန်းပြုလုပ်ခဲ့ပြီး သူတို့မိသားစုလေးရဲ့ ရှေ့ရေးကို ဆွေးနွေးပေးခဲ့တာကို အခုလိုပဲ Live လွှင့်ပေးခဲ့ပါတယ်။

စည်သူပလတ်ကျွတ်ကတော့ သူ့ကိုယ်ကျိုးအတွက်မပါပဲနဲ့ သရက်ကင်သည်မိန်းကလေးရဲ့ဘဝကို စာနာစွာနဲ့ ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။

စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ စည်သူပလတ်ကျွတ်လည်း အခုထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: စည်သူ ဘီးကျဲ ‘s fb

Credit ; Cele Active World