ကျောင်းဖွင့်ချိန် ကျောင်းမှာ ဘာတွေသင်ကြားနေသလဲ ကျောင်းပေါက်ဝမှာ သွားနားစွင့်မိတဲ့အခါ.. မနက် ဈေးက အပြန် စာသင်ကျောင်းအရှေ့က ဖြတ်ပြန်တော့ ကျောင်းဖွင့်တာတွေ့တယ်..။ အင်း.. ကျောင်းမှာ ဘာတွေများသင်ကြားနေတာလဲပေါ့..။
သိချင်စိတ်ကို ထိန်းမရတာနဲ့ ကျောင်း ပေါက်နားမှာဈေးခြင်းတောင်းချပြီး.. ကျောင်းသား အကိုယောင်ယောင် ကျောင်းဆရာမ
ရည်းစားယောင်ယောင် ရစ်သီရစ်သီနဲ့ နားစွင့်နေမိတယ်။
ကျောင်းပေါက်ဝမှာလဲ သိတဲ့အတိုင်း ဒိုင်းညောင့်ကိုင် ထွန်းညွန့်ကိုင်တွေက စောင့်နေကိုး..။ အဲ့လိုမှ ဟန်မဆောင်ရင် စွဲစိမှာလေ..။ “ကြာအုံးမှာလား မသိဘူး” ကျောင်းဝန်းထဲကို လှမ်းကြည့်ပြီး ပါးစပ်က ပေါက်ကရ ပြောလိုက်တယ်။ နို့မို့ဆို ဟို မသာတွေက စစ်လားဆေးလား လုပ်နေမှာလေ..။ “အင်္ဂလိပ် ဆရာမလာပြီ!!”
ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြောင့်.. အိုး.. အင်္ဂလိပ်စာ သင်မှာပါလား? ဘာတွေ သင်မှာပါလိမ့်..။ နားစွင့်နေမိတယ်..။ “စာအုပ်ထုတ်!!” အံမာ.. ဒီဆရာမ အသံက တော်တော်တော့ အောင်သား..။ စာသင်နေတဲ့အခန်းက ကျောင်းပေါက်ဝနဲ့ နီးတော့ကျတော် ကောင်းကောင်း ကြားရတယ်လေ။ ဆရာမကလဲ အာဗြဲလန်စိန် ဆိုတော့ အထူးပြောစရာမလို..
ရှယ်ကြား ရှယ်ကြားပေါ့..။ ထွန်းညွန့်ကိုင် ဒိုင်းညောင့်ကိုင်တွေကလဲ ကျောင်းလာတက်တဲ့ ဆရာ/ဆရာမနဲ့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ရတော့ အပေါက်ဝက မခွာရဘူးလေ..။ ဆရာမ စာသင်နေတာ သူတို့လဲ ကြားမှာပဲလေ..။ “ဒါဘာလဲ” “အိုင်!!!” “ဒါဘာလဲ” “မီ!!!” “ဒါဘာလဲ” “မိုင်!!!” “ဒါဘာလဲ”
ကျောင်းသားတွေလအသံထွက်မလာတော့ဘူးဗျ။ “ဒါဘာလဲ???” ကျောင်းသားတွေဆီကလဘာသံမှမကြားပြန်ဘူး “ဒါဘာလဲ!!!???” ဝိုး..!! ဆရာမ အသံကတဖြည်းဖြည်းနဲ့ ဒေါသသံပါလာပြီ.. ကျောင်းသားတွေလဲ တိတ်နေတုန်းပဲ.. ကျတော် စိတ်ထဲကနေ အိုင်.. မီ.. မိုင်.. ပဲရှိသေးတယ်.. ဆရာမက ဒါ “မိုင်း!!! ဟေ့!!! မိုင်းဟ!!” အဲ့လိုလဲ အော်လိုက်ရော..
ဂိတ်နားက ကင်းစောင့်နေတဲ့ ထွန်းညွန့်ကိုင် ဒိုင်းညောင့်ကိုင်တွေ ပြေးပါလေရောဗျာ။ ဘယ်ရမလဲ ကျတော်လဲ ဘုမသိဘမသိ လိုက်ပြေးတာပေါ့။ တော်တော် ဝေးဝေးရောက်မှ i , me, my , mine , myself myself တောင် မရောက်လိုက်ဘူး ပြေးကြတာ..။ ခိခိ..။
crd-Kyaw Htin Naw YaHtar