အိမ္ေထာင္ျပဳၿပီး မွ ကြာရွင္းၾကမယ့္ အတူတူ အစကတည္းက မယူၾကဖို႔ မိန္းမထုႀကီး ကို တိုက္တြန္း လိုက္တဲ့ ျခဴးစစ္ဟန္

အိမ္ေထာင္ျပဳၿပီး မွ ကြာရွင္းၾကမယ့္ အတူတူ အစကတည္းက မယူၾကဖို႔ မိန္းမထုႀကီး ကို တိုက္တြန္း လိုက္တဲ့ ျခဴးစစ္ဟန္

အႏုပညာေက်ာင္းဆင္း တစ္ေယာက္ျဖစ္တဲ့ ျခဴးစစ္ဟန္ကေတာ့ ဝါသနာပါရာ အႏုပညာခရီးလမ္း ကိုေလၽွာက္လွမ္းရင္း ဘဝကိုအေကာင္းမြန္ဆုံးတည္ေဆာက္ေနသူတစ္ေယာက္ပါ။ Miss Golden Land Myanmar 2015 ရဲ့ Miss Face Of Beauty Title ဆုရွင္တစ္ေယာက္ျဖစ္တဲ့ အျပင္ ျမန္မာအိုင္ေဒါ Season-4 သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ့ ဆန္ခါတင္စာရင္းဝင္ ၿပိဳင္ပြဲဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ျခဴးစစ္ဟန္ ကေတာ့ ဆြဲေဆာင္မႈရွိတဲ့ခႏၶာကိုယ္နဲ႔ ေခ်ာေမာလွပတဲ့မ်က္ႏွာကို ပိုင္ဆိုင္ထားတာေၾကာင့္ ပုရိသေတြရဲ့ဝန္းရံအားေပးမႈကို ရရွိထားေပမယ့္လည္း အခ်စ္ေရးနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားမႈမရွိေသးဘဲ မိဘကိုပဲ လုပ္ေကၽြးျပဳစုေနတဲ့ သမီးလိမၼာေလးတစ္ေယာက္ ဆိုရင္လည္း မမွားပါဘူးေနာ္။ ဒီေန႔မွာေတာ့ ျခဴးစစ္တစ္ေယာက္ ေန႔စဥ္ၾကားေနရတဲ့ အိမ္ေထာင္ေရးကြာရွင္းမႈသတင္းေတြနဲ႔ပတ္သက္ၿပီး သူ႔ရဲ့အျမင္ေလးကို မၽွေဝလာခဲ့ပါတယ္။

” ေယာက်ာ္းေတြယူၿပီး ကြာရွင္းရတာ နဲ႔ ျပတ္စဲရတာနဲ႔…. ဘာေတြမွန္းကိုမသိေတာ့ပါဘူး စိတ္ေတြေတာင္ျပတ္လာၿပီ…. ေနာက္လည္း ကြာရွင္းၾကမွာျခင္းအတူတူ ယူမေနပါနဲ႔ေတာ့…. ေယာက်ာ္းေတြကို ေနာ္ အမ်ိဳးသမီးထုႀကီးေရ…. အာ့ရွင္တို႔ေယာက်ာ္းေတြမေကာင္းလို႔” လို႔ဆိုၿပီး မၽွေဝခဲ့ပါတယ္။လတ္တေလာ မွာေတာ့ အႏုပညာရွင္အသိုင္းအဝိုင္းမွာေတာင္ အိမ္ေထာင္ေရးျပတ္စဲမႈသတင္းေတြကို ဆက္တိုက္ျမင္ေတြ႕လာရတာကေတာ့ စိတ္မေကာင္းစရာပါပဲ ပရိသတ္ႀကီးေရ…

ျခဴးစစ္ဟန္ကေတာ့ ေနာက္လည္း ကြာရွင္းၾကမယ့္အတူတူ ယူမေနပါနဲ႔ေတာ့ အမ်ိဳးသမီး ထုႀကီးေရ ဆိုၿပီး အရႊန္းေဖာက္ကာမၽွေဝခဲ့တာပဲ ျဖစ္ပါတယ္။ ဘယ္လိုလဲပရိသတ္ႀကီးေရာ ျခဴးစစ္ဟန္ရဲ့စကားကို သေဘာတူရဲ့လား။

Crd to Original Uploader

unicode

အိမ်ထောင်ပြုပြီး မှ ကွာရှင်းကြမယ့် အတူတူ အစကတည်းက မယူကြဖို့ မိန်းမထုကြီး ကို တိုက်တွန်း လိုက်တဲ့ ခြူးစစ်ဟန်

အနုပညာကျောင်းဆင်း တစ်ယောက်ဖြစ်တဲ့ ခြူးစစ်ဟန်ကတော့ ဝါသနာပါရာ အနုပညာခရီးလမ်း ကိုလျှောက်လှမ်းရင်း ဘဝကိုအကောင်းမွန်ဆုံးတည်ဆောက်နေသူတစ်ယောက်ပါ။ Miss Golden Land Myanmar 2015 ရဲ့ Miss Face Of Beauty Title ဆုရှင်တစ်ယောက်ဖြစ်တဲ့ အပြင် မြန်မာအိုင်ဒေါ Season-4 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဆန်ခါတင်စာရင်းဝင် ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခြူးစစ်ဟန် ကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့ ချောမောလှပတဲ့မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ဝန်းရံအားပေးမှုကို ရရှိထားပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိသေးဘဲ မိဘကိုပဲ လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးတစ်ယောက် ဆိုရင်လည်း မမှားပါဘူးနော်။ ဒီနေ့မှာတော့ ခြူးစစ်တစ်ယောက် နေ့စဉ်ကြားနေရတဲ့ အိမ်ထောင်ရေးကွာရှင်းမှုသတင်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်လေးကို မျှဝေလာခဲ့ပါတယ်။

” ယောကျာ်းတွေယူပြီး ကွာရှင်းရတာ နဲ့ ပြတ်စဲရတာနဲ့…. ဘာတွေမှန်းကိုမသိတော့ပါဘူး စိတ်တွေတောင်ပြတ်လာပြီ…. နောက်လည်း ကွာရှင်းကြမှာခြင်းအတူတူ ယူမနေပါနဲ့တော့…. ယောကျာ်းတွေကို နော် အမျိုးသမီးထုကြီးရေ…. အာ့ရှင်တို့ယောကျာ်းတွေမကောင်းလို့” လို့ဆိုပြီး မျှဝေခဲ့ပါတယ်။လတ်တလော မှာတော့ အနုပညာရှင်အသိုင်းအဝိုင်းမှာတောင် အိမ်ထောင်ရေးပြတ်စဲမှုသတင်းတွေကို ဆက်တိုက်မြင်တွေ့လာရတာကတော့ စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ…

ခြူးစစ်ဟန်ကတော့ နောက်လည်း ကွာရှင်းကြမယ့်အတူတူ ယူမနေပါနဲ့တော့ အမျိုးသမီး ထုကြီးရေ ဆိုပြီး အရွှန်းဖောက်ကာမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုလဲပရိသတ်ကြီးရော ခြူးစစ်ဟန်ရဲ့စကားကို သဘောတူရဲ့လား။

Crd to Original Uploader