၇ ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း –( 2.7.2020 မွ 8.7.2020 ) အထိ

တနဂၤေႏြ

ယခုကာလအတြင္း ဆုံးရႈံးမည္ဟုထင္ထားေသာ ေငြေၾကးကိစၥ၊ လုပ္ငန္းကိစၥမ်ားအတြက္ ျပန္လည္၍ အခြင့္ အေရးေပၚေပါက္မည့္ကာလျဖစ္သည္။ သင္သည္ေငြေၾကးကံ ထူးထူးျခားျခား ေကာင္းမြန္ေနတတ္ၿပီး ႀကံစည္ႀကိဳး ပမ္းမႈေတြမွာ အလြယ္တကူ ျပည့္ဝေအာင္ျမင္ လာပါလိမ့္မည္။

ကံေကာင္းတိုးတတ္မႈမ်ား ျပန္လည္ေဖၚေဆာင္ ႏိုင္ ၿပီး အေကာင္းဆုံး အခြင့္အေရးမ်ား မိမိႏွင့္ မိသားစုလက္ဝယ္သို႔ ျပန္လည္ေရာက္ရွိလာပါလိမ့္မည္။ လုပ္ငန္းတြင္ အတိုက္အခံေလ်ာ့ပါး၍ ကူညီေစာင့္ေရွာက္မည့္သူမ်ားျဖင့္ ဆုံေတြ႕ခြင့္ရွိမည္။ မိသားစုခရီးေဝးမ်ား၊ အလုပ္ကိစၥမ်ား အတြက္ ခရီးေဝးမ်ား သြားလာရၿပီး အက်ိဳးရွိမည္။

ထီကံစမ္းသင့္ေသာကာလျဖစ္ၿပီး ဗုဒၶဟူးသားသမီးတစ္ဦးဦးႏွင့္ စပ္ထိုးေစခ်င္ပါတယ္။ ဝန္ထမ္းမ်ားတရားမဝင္ ေငြေၾကးလာဘ္ထိုးတာမ်ိဳးႀကဳံရတတ္ပါတယ္။ လက္မခံလိုက္ပါနဲ႔။ ေကာင္းေနတဲ့ကံေလးညံ့သြားတတ္ပါတယ္။ပညာသင္ၾကားေနသူမ်ား လုံ႔လဝီရိယအက်ိဳးခံစားရမည္။ ဆရာေကာင္း ရဲ႕အနီးကပ္သင္ျပျခင္းကိုခံရမည္။အိမ္ေထာင္ရွင္မ်ား အလုပ္ကိစၥႏွင့္အိမ္တြင္းေရး အဆင္ေျပသျဖင့္ ေအးခ်မ္းတည္ ၿငိမ္မည္။ခ်စ္သူမ်ားမိမိတို႔၏အခ်စ္ခရီးအတြက္အေကာင္းဆုံးဖန္တီးခြင့္ရရွိမည္။ႏွစ္ေယာက္အတူေငြစၿပီး စုေဆာင္း တာမ်ိဳးေတြလုပ္ေစခ်င္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၈

အထူးေဟာ လုပ္ငန္းစီးပြား တိုးတတ္ပြင့္လန္းမည္။

ယၾတာ ပ်ားရည္ဝယ္ၿပီး လူႀကီးမိဘေတြကိုလက္ေဆာင္ေပးလိုက္ပါ။

တနလၤာ

ယခုကာလအတြင္းအေကာင္းဆုံးေမွ်ာ္မွန္းခ်က္မ်ားလြဲေခ်ာ္ေနတတ္ၿပီး မထင္ထားေသာအရာမ်ားမွ ေကာင္း က်ိဳးတရားမ်ား ျဖစ္ေပၚလာတတ္သည္။ သင္သည္ အရာရာအတြက္ ဆန႔္က်င္လိုစိတ္မ်ား ျပင္းထန္ေနတတ္သည္။ စိတ္ဆိုးေဒါသ ျဖစ္ရေသာ အေၾကာင္းကိစၥမ်ား ရင္ဆိုင္ေတြ႕ႀကဳံလာတတ္ၿပီး သည္းခံစိတ္ေမြးျမဴရန္ အေျခအေန မေပး ေသာကာလျဖစ္သည္။

အတိုက္အခံမ်ား ယွဥ္တြဲေနေသာ္လည္း မိမိအတြက္ ေအာင္ျမင္တိုးတတ္မႈ မ်ား ဖန္တီးခြင့္ရွိမည္။ဆင္ျခင္တုံတရားရွိသူဆို ႐ုတ္တရက္ကံေကာင္းမႈမ်ား မိမိထံသို႔ အလ်င္စလို ေရာက္လာတတ္ၿပီး ဘုန္းကံအရွိန္ အဝါ ျမင့္မားတိုးတတ္မည္။ က်န္းမာေရးအညံ့ႏွင့္ ခြဲစိတ္ကုသမႈမ်ား ေတြ႕ႀကဳံႏိုင္ေသာကာလျဖစ္ သည္။

စိတ္ရႈပ္ေထြးရေသာ အေၾကာင္းကိစၥရပ္မ်ားေၾကာင့္ စိတ္ညစ္ႏြမ္းမႈမ်ား ကိန္းေအာင္းေနတတ္သည္။ ပညာ သင္ၾကားေနသူမ်ားအခြင့္အေရးေကာင္းမ်ားေၾကာင့္ပညာေရးအက်ိဳးခံစားခြင့္ရရွိမည္။အိမ္ေထာင္ရွင္မ်ား အေကာင္း ဆုံး ခ်စ္ျခင္းေမတၱာမ်ားျဖင့္ မိသားစုအတြက္ နားလည္မႈရွိမည္။ ခ်စ္သူမ်ား အခ်စ္ေရးကံ ျမင့္မားတည္ ၿငိမ္၍ အခ်စ္ေရးအတြက္ကံအေကာင္းဆုံးေန႔မ်ား ေတြ႕ႀကဳံႏိုင္ပါသည္။

အက်ိဳးေပးဂဏန္း ၂/၅/၆

အထူးေဟာ ေဒါသေရွ႕ထားပါက မွားတတ္ပါတယ္။

ယၾတာ ေအာင္သေျပပန္း ဘုရားကပ္လႉပါ။

အဂၤါ

ယခုကာလအတြင္းအခက္အခဲအတိုက္အခံမ်ား ျပန္လည္ေပၚေပါက္လာမည့္ အခ်ိန္ကာလျဖစ္သည္။ မိမိေဆာင္႐ြက္ထားေသာ လုပ္ငန္းပိုင္းတြင္ ဆုံးျဖတ္ယူဆခ်က္မ်ား လြဲေခ်ာ္၍ နစ္နာဆုံးရႈံးမႈမ်ား ေပၚေပါက္ ေတြ႕ႀကဳံ လာတတ္သည္။ အစစ အရာရာ ေျပာင္းလဲေသာအေနအထားမ်ားအၾကား မိမိအခြင့္အေရးမ်ား ဆုံးရႈံးနစ္နာရတတ္ သည္။

သင္သည္ လုပ္ငန္းအတြက္ ေကာင္းမြန္ေသာ အဆက္အသြယ္သစ္မ်ားရရွိေအာင္ႀကိဳးစားႏိုင္မွ ႀကီးပြားေအာင္ ျမင္မႈက မိမိ အနီးတြင္ တည္ရွိေနပါလိမ့္မည္။ လုပ္ငန္းႀကီးမ်ား ဆက္သြယ္ေဆာင္႐ြက္ရန္ အေျခအေနမ်ား ေပၚ ေပါက္တတ္ၿပီး အက်ိဳးရွိမည္။ အေဝးေရာက္သားသမီးမ်ားထံက ေငြေၾကးရရွိမႈကံ ေကာင္းမြန္၍ ႏိုင္ငံျခားေငြေၾကး ကံေကာင္းမႈမ်ား ေပၚေပါက္ ေတြ႕ႀကဳံလာမည္။

မိသားစုတြင္ အိမ္၊ ၿခံ၊ ေျမ၊ ယာဥ္ တို႔ႏွင့္ပတ္သက္ၿပီး ထူးျခားစြာ အက်ိဳးရွိမည္။ မေတာ္တဆ ထိခိုက္မႈအႏၲရာယ္မ်ား သတိျပဳပါ။ က်န္းမာေရးအညံ့ အထူးသတိျပဳသင့္ေသာကာလ ျဖစ္သည္။ ပညာသင္ၾကား ေနသူမ်ား က်န္းမာေရး အညံေၾကာင့္ လြဲေခ်ာ္မႈမ်ား ေတြ႕ႀကဳံ ရတတ္သည္။ အိမ္ေထာင္ ရွင္မ်ား ျပႆနာ အေသးအဖြဲ႕မ်ားေၾကာင့္ စိတ္ညစ္ရတတ္သည္။ ခ်စ္သူမ်ား ျပင္းထန္ ေသာ သေဘာထား ကြဲလြဲ မႈမ်ား ႀကဳံမည္။

အက်ိဳးေပးဂဏန္း ၆/၇/၀

အထူးေဟာ က်န္းမာေရးသတိျပဳဆင္ျခင္ပါ။

ယၾတာ လူႀကီးမိဘေတြကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးလိုက္ပါ။

ဗုဒၶဟူး/ရာဟု

ယခုကာလအတြင္းသင္သည္ကံဇာတာေကာင္းမြန္ေသာအေျခအေနဆီသို႔ ဦးတည္ေနေသာကာလ ျဖစ္သည္။ လုပ္ငန္းတြင္ရာထူးဘုန္းကံအရွိန္အဝါျမင့္မားတိုးတတ္၍ႀကံေဆာင္ႀကိဳးပမ္းမႈမ်ားတြင္ပင္ပန္းရေသာ္လည္း အက်ိဳး ခံစားရတတ္သည္။ လုပ္ငန္းကိစၥႏွင့္ ပတ္သက္၍ စပ္တူစပ္ဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ အခြင့္အေရးသစ္မ်ား ေတြ႕ႀကဳံ ေပၚ‌ေပါက္လာမည္။

ယခင္ဆုံးရႈံးထားေသာပစၥည္းမ်ား အခြင့္အေရးမ်ား မထင္မွတ္ဘဲ မိမိထံသို႔ ျပန္လည္၍ ေရာက္ရွိလာတတ္သည္။ ေငြေၾကးကံေကာင္းေသာ္လည္း ဝင္ေရာက္လာေသာေငြမ်ား လက္ထဲတြင္ မၿမဲတတ္ပါ။ အခက္အခဲအခ်ိဳ႕ ယွဥ္တြဲေနေသာကာလျဖစ္ၿပီး လုပ္ငန္းခြင္တြင္ ငယ္သားေတြေၾကာင့္ စိတ္အေႏွာက္အယွက္ ႀကဳံမည္။မထင္မွတ္ဘဲေရာက္ရွိလာေသာ ျပႆနာအခက္အခဲမ်ား ေခါင္းေအးေအးႏွင့္ေျဖရွင္းပါကေျပလည္မႈ ရရွိ မည္။

က်န္းမာေရးေဒါင္ေဒါင္ျမည္ေကာင္းေနတတ္သည္။ပညာသင္ၾကားသူမ်ား အဘက္ဘက္မွတိုးတတ္ေအာင္ ျမင္မည္။ အိမ္ေထာင္ရွင္မ်ား ေငြေၾကးကိစၥမ်ားႏွင့္ ပတ္သက္၍ ပဋိပကၡမ်ား ႀကဳံရတတ္သည္။ ခ်စ္သူမ်ား သိမ္ေမြ႕ ၿငိမ္းခ်မ္းေသာ ခ်စ္ျခင္းတရား မ်ားျဖင့္ အေကာင္းဆုံး ေမတၱာလမ္းခရီးထက္ ေပ်ာ္႐ႊင္ရေသာ ကာလ ျဖစ္သည္။

အက်ိဳးေပးဂဏန္း ၁/၄/၇

အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။

ယၾတာ အုန္းထမင္းဆြမ္းခ်က္ၿပီး ဘုရားကပ္လႉေပးပါ။

ၾကာသပေတး

ယခုကာလအတြင္း သင္သည္စုတ္၊လာဘ္ဝင္မည္။ လူမႈေရးကိစၥအမ်ားအျပား ေဆာင္႐ြက္လုပ္ကိုင္ရၿပီး ကံေကာင္း အက်ိဳးရွိမည္။ လူမႈေရးအကူအညီေကာင္းမ်ား ရရွိၿပီး မိမိဘဝတိုးတတ္ျမင့္မားေသာလမ္းေၾကာင္းထက္ ေရာက္ရွိ မည္။ အဖြဲ႕အစည္းမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းသစ္မ်ား ေဆာင္႐ြက္လုပ္ကိုင္ရၿပီး မိမိႀကိဳးပမ္းမႈမ်ား အတြက္ အက်ိဳးခံစားရမည္။

လုပ္ငန္းအတြက္ ေတြးေခၚဆုံးျဖတ္ခ်က္ မွန္ကန္သင့္ျမတ္သည့္အတြက္ ေကာင္းက်ိဳး တရား မ်ား ပိုင္ဆိုင္ရရွိမည္။ ေငြေၾကးကိစၥမ်ားအတြက္ ဝမ္းသာစရာႀကဳံရမည္။ မိမိသုံးစြဲေနေသာ အသုံးအေဆာင္ ပစၥည္းေကာင္းမ်ား တစ္ဦးတစ္ေယာက္ကလက္ေဆာင္အျဖစ္ေပးလိမ့္မည္။ ပညာသင္ၾကားေနသူမ်ား ပညာေရး တြင္ အခက္အခဲမ်ားၾကားမွ အက်ိဳးရွိေအာင္ျမင္ မည္။

ခ်စ္သူမ်ား မိသားစုအသိုင္းအဝိုင္း ပဋိပကၡကိစၥမ်ားေၾကာင့္ နားလည္မႈလြဲေခ်ာ္ေနမည္။ခ်စ္သူမရွိေသးသူမ်ားဝီရိယအထူးမစိုက္ထုတ္ရဘဲခ်စ္သူရတတ္သည္။ အိမ္ေထာင္ရွင္ မ်ား စန္းထ ခ်ိန္ျဖစ္သည့္အတြက္ အိမ္ေထာင္ဖက္၏ သံသယအက်ိဳး ခံစားရတတ္သည္။ က်န္းမာေရး အညံ့ပိုေန တတ္ပါ တယ္။ဥတုနဲ႔ညီမွ်ေအာင္ေနပါ။ အစား အေသာက္၊ အေနအထိုင္၊ အပူအေအး ဂ႐ုစိုက္ပါ။

အက်ိဳးေပးဂဏန္း ၁/၂/၈

အထူးေဟာ စုတ္ေရာ၊လာဘ္ေရာဝင္မည္။

ယၾတာ ပဲေၾကာ္ ၅ခုဘုရားကပ္လႉေပးပါ။

ေသာၾကာ

ယခုကာလအတြင္း သင္သည္ မိမိႀကံစည္ႀကိဳးပမ္းမႈမ်ားအတြက္ အဘက္ဘက္မွ အတိုက္အခံ ႀကဳံရတတ္ သည္။ မိသားစုအတြင္ လုပ္ငန္းပိုင္း စီးပြားေရးပိုင္းကိစၥမ်ားတြင္ လိမ္လည္လွည့္ျဖားမႈမ်ား ေတြ႕ႀကဳံရတတ္သည္။ လူမႈေရးကိစၥအမ်ိဳးမ်ိဳးအတြက္ ေငြေၾကးသုံးစြဲကုန္က်မႈမ်ား မ်ားျပားေနတတ္ၿပီး ေ႐ႊရတနာပစၥည္းမ်ား ေပ်ာက္ဆုံး၊ ပ်က္စီး၊ ဆုံးရႈံးရတတ္သည္။

ဘာသာေရးကိစၥမ်ားအား အေလးအနက္ထားကာ ေဆာင္႐ြက္လုပ္ကိုင္သင့္သည္။ လူမႈေရးကိစၥအမ်ားအျပား ေဆာင္႐ြက္လုပ္ကိုင္သူမ်ား ကံေကာင္းအက်ိဳးရွိမည္။ လူမႈေရးအရကူညီဖူးသူက မိမိ အခက္အခဲကိုေျဖရွင္းေပးတာေၾကာင့္မိမိဘဝတိုးတတ္ျမင့္မားေသာလမ္းေၾကာင္းထက္ ေရာက္ရွိမည္။

က်န္းမာေရး အညံ့မရွိသေလာက္ပါပဲ။ တစ္ခုသတိထားရမွာက နယ္ေဝးခရီးသြားရင္ ေရေျပာင္း၊ေျမေျပာင္းျဖစ္တာမို႔ ဖ်ားနာ တတ္ ပါတယ္။ပညာသင္ၾကားေနသူမ်ား အခက္အခဲအမ်ိဳးမ်ိဳးၾကား ေသာကမ်ားရတတ္သည္။စာမလိုက္ႏိုင္တာမ်ိဳး ႀကဳံရတတ္သည္။ အိမ္ေထာင္ရွင္မ်ား လူမႈေရးကိစၥအရႈပ္အရွင္းမ်ား ေတြ႕ႀကဳံရႏိုင္ပါသည္။ ခ်စ္သူမ်ား စိတ္လက္ ခ်မ္းသာခြင့္ရရွိမည္။ ခ်စ္သူကမိမိအခက္ အခဲကို ေငြအားလူအားနဲ႔ကူညီေပးလိမ့္မည္။

အက်ိဳးေပးဂဏန္း ၅/၆/၉

အထူးေဟာ ကံအညံ့မ်ားေပမယ့္ ကူညီမယ့္သူေပါတဲ့ကာလပါ။

ယၾတာ ပလာတာ ၂ခ်ပ္ ဘုရားကပ္လႉပါ။

စေန

ယခုကာလအတြင္း လုပ္ငန္းကိစၥမ်ားအတြက္ ပင္ပန္းမႈမ်ား ယွဥ္တြဲေနတတ္ေသာ္လည္း မိမိအတြက္ အက်ိဳး အျမတ္ရရွိမည္။ တစ္ျခားသူတို႔၏ အေၾကာင္းကိစၥမ်ားတြင္ ၾကားဝင္ေဆာင္႐ြက္လုပ္ကိုင္ေပးမႈမ်ား ေရွာင္ၾကဥ္ပါ။ ပါးနပ္စြာႀကံစည္ႀကိဳးပမ္းမႈမ်ားသည္ အရာရာအတြက္ေအာင္ျမင္မႈမ်ား ဆြတ္ယူႏိုင္သည့္ ကာလျဖစ္သည္။

ေကာင္း ေသာအခြင့္အလမ္းမ်ားအတြက္ မွန္ကန္တည္ၿငိမ္ေသာ ဆုံးျဖတ္မႈ မ်ားျဖင့္ လိုအပ္ခ်က္မ်ားကို ဖန္တီးရယူပါ။ ခရီး ေဝး သြားရျခင္း၊ ႏိုင္ငံရပ္ျခားခရီးစဥ္ ေပၚေပါက္မႈမ်ား ေတြ႕ႀကဳံလာမည္။ လူမ်ိဳးျခား၊ ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္သည့္ လုပ္ငန္းကိစၥမ်ားအတြက္ အခြင့္အေရးေကာင္းတစ္ခု ရရွိလာမည္။ ေငြေၾကးပိုင္း အက်ိဳးရွိအဆင္ေျပ၍ မထင္ မွတ္ဘဲ ေငြေၾကးအမ်ားအျပား ရရွိႏိုင္သည္။

လက္လြန္ေနတဲ့ေငြေၾကးေတြ၊ ၾကန႔္ၾကာေနတဲ့ လုပ္အားခေတြရလာ တတ္ပါတယ္။ ပညာသင္ယူေနသူမ်ား စိတ္ပင္ပန္းရေသာ္လည္း ေအာင္ျမင္မႈ ရယူဖန္တီးႏိုင္မည္။ အိမ္ေထာင္ရွင္ မ်ား ၿငိမ္းခ်မ္းေသာ မိသားစုဘဝရရွိမည္။ ခ်စ္သူမ်ား မၾကာမၾကာ စိတ္ဆိုး၊ စိတ္ေကာက္ေနလိမ့္မည္။ ဒါေပမယ့္ ျပန္ေခ်ာ့လို႔ အဆင္ေျပတတ္ပါတယ္။ က်န္းမာေရးအတြက္ အထူးအညံ့အဆိုးမရွိပါ။ ဒူးနာ၊ခါးနာဆိုတာမ်ိဳးေတာ့ ျဖစ္တတ္ပါတယ္။ ကိုယ္လက္ေညာင္းညာကိုက္ခဲေနတတ္သည္။

အက်ိဳးေပးဂဏန္း ၃/၈/၀

အထူးေဟာ ကံအညံ့အဆိုးေတြ သိပ္မေတြ႕ရပါ။

ယၾတာ ေဆးလိပ္ေသာက္တတ္သူတစ္ဦးကို မီးျခစ္တစ္လုံးလက္ေဆာင္ေပးလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695 /09 44 5555 695

Unicode

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း –( 2.7.2020 မှ 8.7.2020 ) အထိ

တနင်္ဂနွေ

ယခုကာလအတွင်း ဆုံးရှုံးမည်ဟုထင်ထားသော ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများအတွက် ပြန်လည်၍ အခွင့် အရေးပေါ်ပေါက်မည့်ကာလဖြစ်သည်။ သင်သည်ငွေကြေးကံ ထူးထူးခြားခြား ကောင်းမွန်နေတတ်ပြီး ကြံစည်ကြိုး ပမ်းမှုတွေမှာ အလွယ်တကူ ပြည့်ဝအောင်မြင် လာပါလိမ့်မည်။

ကံကောင်းတိုးတတ်မှုများ ပြန်လည်ဖေါ်ဆောင် နိုင် ပြီး အကောင်းဆုံး အခွင့်အရေးများ မိမိနှင့် မိသားစုလက်ဝယ်သို့ ပြန်လည်ရောက်ရှိလာပါလိမ့်မည်။ လုပ်ငန်းတွင် အတိုက်အခံလျော့ပါး၍ ကူညီစောင့်ရှောက်မည့်သူများဖြင့် ဆုံတွေ့ခွင့်ရှိမည်။ မိသားစုခရီးဝေးများ၊ အလုပ်ကိစ္စများ အတွက် ခရီးဝေးများ သွားလာရပြီး အကျိုးရှိမည်။

ထီကံစမ်းသင့်သောကာလဖြစ်ပြီး ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးနှင့် စပ်ထိုးစေချင်ပါတယ်။ ဝန်ထမ်းများတရားမဝင် ငွေကြေးလာဘ်ထိုးတာမျိုးကြုံရတတ်ပါတယ်။ လက်မခံလိုက်ပါနဲ့။ ကောင်းနေတဲ့ကံလေးညံ့သွားတတ်ပါတယ်။ပညာသင်ကြားနေသူများ လုံ့လဝီရိယအကျိုးခံစားရမည်။ ဆရာကောင်း ရဲ့အနီးကပ်သင်ပြခြင်းကိုခံရမည်။အိမ်ထောင်ရှင်များ အလုပ်ကိစ္စနှင့်အိမ်တွင်းရေး အဆင်ပြေသဖြင့် အေးချမ်းတည် ငြိမ်မည်။ချစ်သူများမိမိတို့၏အချစ်ခရီးအတွက်အကောင်းဆုံးဖန်တီးခွင့်ရရှိမည်။နှစ်ယောက်အတူငွေစပြီး စုဆောင်း တာမျိုးတွေလုပ်စေချင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော လုပ်ငန်းစီးပွား တိုးတတ်ပွင့်လန်းမည်။

ယတြာ ပျားရည်ဝယ်ပြီး လူကြီးမိဘတွေကိုလက်ဆောင်ပေးလိုက်ပါ။

တနင်္လာ

ယခုကာလအတွင်းအကောင်းဆုံးမျှော်မှန်းချက်များလွဲချော်နေတတ်ပြီး မထင်ထားသောအရာများမှ ကောင်း ကျိုးတရားများ ဖြစ်ပေါ်လာတတ်သည်။ သင်သည် အရာရာအတွက် ဆန့်ကျင်လိုစိတ်များ ပြင်းထန်နေတတ်သည်။ စိတ်ဆိုးဒေါသ ဖြစ်ရသော အကြောင်းကိစ္စများ ရင်ဆိုင်တွေ့ကြုံလာတတ်ပြီး သည်းခံစိတ်မွေးမြူရန် အခြေအနေ မပေး သောကာလဖြစ်သည်။

အတိုက်အခံများ ယှဉ်တွဲနေသော်လည်း မိမိအတွက် အောင်မြင်တိုးတတ်မှု များ ဖန်တီးခွင့်ရှိမည်။ဆင်ခြင်တုံတရားရှိသူဆို ရုတ်တရက်ကံကောင်းမှုများ မိမိထံသို့ အလျင်စလို ရောက်လာတတ်ပြီး ဘုန်းကံအရှိန် အဝါ မြင့်မားတိုးတတ်မည်။ ကျန်းမာရေးအညံ့နှင့် ခွဲစိတ်ကုသမှုများ တွေ့ကြုံနိုင်သောကာလဖြစ် သည်။

စိတ်ရှုပ်ထွေးရသော အကြောင်းကိစ္စရပ်များကြောင့် စိတ်ညစ်နွမ်းမှုများ ကိန်းအောင်းနေတတ်သည်။ ပညာ သင်ကြားနေသူများအခွင့်အရေးကောင်းများကြောင့်ပညာရေးအကျိုးခံစားခွင့်ရရှိမည်။အိမ်ထောင်ရှင်များ အကောင်း ဆုံး ချစ်ခြင်းမေတ္တာများဖြင့် မိသားစုအတွက် နားလည်မှုရှိမည်။ ချစ်သူများ အချစ်ရေးကံ မြင့်မားတည် ငြိမ်၍ အချစ်ရေးအတွက်ကံအကောင်းဆုံးနေ့များ တွေ့ကြုံနိုင်ပါသည်။

အကျိုးပေးဂဏန်း ၂/၅/၆

အထူးဟော ဒေါသရှေ့ထားပါက မှားတတ်ပါတယ်။

ယတြာ အောင်သပြေပန်း ဘုရားကပ်လှူပါ။

အင်္ဂါ

ယခုကာလအတွင်းအခက်အခဲအတိုက်အခံများ ပြန်လည်ပေါ်ပေါက်လာမည့် အချိန်ကာလဖြစ်သည်။ မိမိဆောင်ရွက်ထားသော လုပ်ငန်းပိုင်းတွင် ဆုံးဖြတ်ယူဆချက်များ လွဲချော်၍ နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက် တွေ့ကြုံ လာတတ်သည်။ အစစ အရာရာ ပြောင်းလဲသောအနေအထားများအကြား မိမိအခွင့်အရေးများ ဆုံးရှုံးနစ်နာရတတ် သည်။

သင်သည် လုပ်ငန်းအတွက် ကောင်းမွန်သော အဆက်အသွယ်သစ်များရရှိအောင်ကြိုးစားနိုင်မှ ကြီးပွားအောင် မြင်မှုက မိမိ အနီးတွင် တည်ရှိနေပါလိမ့်မည်။ လုပ်ငန်းကြီးများ ဆက်သွယ်ဆောင်ရွက်ရန် အခြေအနေများ ပေါ် ပေါက်တတ်ပြီး အကျိုးရှိမည်။ အဝေးရောက်သားသမီးများထံက ငွေကြေးရရှိမှုကံ ကောင်းမွန်၍ နိုင်ငံခြားငွေကြေး ကံကောင်းမှုများ ပေါ်ပေါက် တွေ့ကြုံလာမည်။

မိသားစုတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ် တို့နှင့်ပတ်သက်ပြီး ထူးခြားစွာ အကျိုးရှိမည်။ မတော်တဆ ထိခိုက်မှုအန္တရာယ်များ သတိပြုပါ။ ကျန်းမာရေးအညံ့ အထူးသတိပြုသင့်သောကာလ ဖြစ်သည်။ ပညာသင်ကြား နေသူများ ကျန်းမာရေး အညံကြောင့် လွဲချော်မှုများ တွေ့ကြုံ ရတတ်သည်။ အိမ်ထောင် ရှင်များ ပြဿနာ အသေးအဖွဲ့များကြောင့် စိတ်ညစ်ရတတ်သည်။ ချစ်သူများ ပြင်းထန် သော သဘောထား ကွဲလွဲ မှုများ ကြုံမည်။

အကျိုးပေးဂဏန်း ၆/၇/ဝ

အထူးဟော ကျန်းမာရေးသတိပြုဆင်ခြင်ပါ။

ယတြာ လူကြီးမိဘတွေကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ယခုကာလအတွင်းသင်သည်ကံဇာတာကောင်းမွန်သောအခြေအနေဆီသို့ ဦးတည်နေသောကာလ ဖြစ်သည်။ လုပ်ငန်းတွင်ရာထူးဘုန်းကံအရှိန်အဝါမြင့်မားတိုးတတ်၍ကြံဆောင်ကြိုးပမ်းမှုများတွင်ပင်ပန်းရသော်လည်း အကျိုး ခံစားရတတ်သည်။ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ စပ်တူစပ်ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အရေးသစ်များ တွေ့ကြုံ ပေါ်‌ပေါက်လာမည်။

ယခင်ဆုံးရှုံးထားသောပစ္စည်းများ အခွင့်အရေးများ မထင်မှတ်ဘဲ မိမိထံသို့ ပြန်လည်၍ ရောက်ရှိလာတတ်သည်။ ငွေကြေးကံကောင်းသော်လည်း ဝင်ရောက်လာသောငွေများ လက်ထဲတွင် မမြဲတတ်ပါ။ အခက်အခဲအချို့ ယှဉ်တွဲနေသောကာလဖြစ်ပြီး လုပ်ငန်းခွင်တွင် ငယ်သားတွေကြောင့် စိတ်အနှောက်အယှက် ကြုံမည်။မထင်မှတ်ဘဲရောက်ရှိလာသော ပြဿနာအခက်အခဲများ ခေါင်းအေးအေးနှင့်ဖြေရှင်းပါကပြေလည်မှု ရရှိ မည်။

ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်သည်။ပညာသင်ကြားသူများ အဘက်ဘက်မှတိုးတတ်အောင် မြင်မည်။ အိမ်ထောင်ရှင်များ ငွေကြေးကိစ္စများနှင့် ပတ်သက်၍ ပဋိပက္ခများ ကြုံရတတ်သည်။ ချစ်သူများ သိမ်မွေ့ ငြိမ်းချမ်းသော ချစ်ခြင်းတရား များဖြင့် အကောင်းဆုံး မေတ္တာလမ်းခရီးထက် ပျော်ရွှင်ရသော ကာလ ဖြစ်သည်။

အကျိုးပေးဂဏန်း ၁/၄/၇

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ အုန်းထမင်းဆွမ်းချက်ပြီး ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ယခုကာလအတွင်း သင်သည်စုတ်၊လာဘ်ဝင်မည်။ လူမှုရေးကိစ္စအများအပြား ဆောင်ရွက်လုပ်ကိုင်ရပြီး ကံကောင်း အကျိုးရှိမည်။ လူမှုရေးအကူအညီကောင်းများ ရရှိပြီး မိမိဘဝတိုးတတ်မြင့်မားသောလမ်းကြောင်းထက် ရောက်ရှိ မည်။ အဖွဲ့အစည်းများနှင့်ပတ်သက်၍ လုပ်ငန်းသစ်များ ဆောင်ရွက်လုပ်ကိုင်ရပြီး မိမိကြိုးပမ်းမှုများ အတွက် အကျိုးခံစားရမည်။

လုပ်ငန်းအတွက် တွေးခေါ်ဆုံးဖြတ်ချက် မှန်ကန်သင့်မြတ်သည့်အတွက် ကောင်းကျိုး တရား များ ပိုင်ဆိုင်ရရှိမည်။ ငွေကြေးကိစ္စများအတွက် ဝမ်းသာစရာကြုံရမည်။ မိမိသုံးစွဲနေသော အသုံးအဆောင် ပစ္စည်းကောင်းများ တစ်ဦးတစ်ယောက်ကလက်ဆောင်အဖြစ်ပေးလိမ့်မည်။ ပညာသင်ကြားနေသူများ ပညာရေး တွင် အခက်အခဲများကြားမှ အကျိုးရှိအောင်မြင် မည်။

ချစ်သူများ မိသားစုအသိုင်းအဝိုင်း ပဋိပက္ခကိစ္စများကြောင့် နားလည်မှုလွဲချော်နေမည်။ချစ်သူမရှိသေးသူများဝီရိယအထူးမစိုက်ထုတ်ရဘဲချစ်သူရတတ်သည်။ အိမ်ထောင်ရှင် များ စန်းထ ချိန်ဖြစ်သည့်အတွက် အိမ်ထောင်ဖက်၏ သံသယအကျိုး ခံစားရတတ်သည်။ ကျန်းမာရေး အညံ့ပိုနေ တတ်ပါ တယ်။ဥတုနဲ့ညီမျှအောင်နေပါ။ အစား အသောက်၊ အနေအထိုင်၊ အပူအအေး ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၁/၂/၈

အထူးဟော စုတ်ရော၊လာဘ်ရောဝင်မည်။

ယတြာ ပဲကြော် ၅ခုဘုရားကပ်လှူပေးပါ။

သောကြာ

ယခုကာလအတွင်း သင်သည် မိမိကြံစည်ကြိုးပမ်းမှုများအတွက် အဘက်ဘက်မှ အတိုက်အခံ ကြုံရတတ် သည်။ မိသားစုအတွင် လုပ်ငန်းပိုင်း စီးပွားရေးပိုင်းကိစ္စများတွင် လိမ်လည်လှည့်ဖြားမှုများ တွေ့ကြုံရတတ်သည်။ လူမှုရေးကိစ္စအမျိုးမျိုးအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများ များပြားနေတတ်ပြီး ရွှေရတနာပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီး၊ ဆုံးရှုံးရတတ်သည်။

ဘာသာရေးကိစ္စများအား အလေးအနက်ထားကာ ဆောင်ရွက်လုပ်ကိုင်သင့်သည်။ လူမှုရေးကိစ္စအများအပြား ဆောင်ရွက်လုပ်ကိုင်သူများ ကံကောင်းအကျိုးရှိမည်။ လူမှုရေးအရကူညီဖူးသူက မိမိ အခက်အခဲကိုဖြေရှင်းပေးတာကြောင့်မိမိဘဝတိုးတတ်မြင့်မားသောလမ်းကြောင်းထက် ရောက်ရှိမည်။

ကျန်းမာရေး အညံ့မရှိသလောက်ပါပဲ။ တစ်ခုသတိထားရမှာက နယ်ဝေးခရီးသွားရင် ရေပြောင်း၊မြေပြောင်းဖြစ်တာမို့ ဖျားနာ တတ် ပါတယ်။ပညာသင်ကြားနေသူများ အခက်အခဲအမျိုးမျိုးကြား သောကများရတတ်သည်။စာမလိုက်နိုင်တာမျိုး ကြုံရတတ်သည်။ အိမ်ထောင်ရှင်များ လူမှုရေးကိစ္စအရှုပ်အရှင်းများ တွေ့ကြုံရနိုင်ပါသည်။ ချစ်သူများ စိတ်လက် ချမ်းသာခွင့်ရရှိမည်။ ချစ်သူကမိမိအခက် အခဲကို ငွေအားလူအားနဲ့ကူညီပေးလိမ့်မည်။

အကျိုးပေးဂဏန်း ၅/၆/၉

အထူးဟော ကံအညံ့များပေမယ့် ကူညီမယ့်သူပေါတဲ့ကာလပါ။

ယတြာ ပလာတာ ၂ချပ် ဘုရားကပ်လှူပါ။

စနေ

ယခုကာလအတွင်း လုပ်ငန်းကိစ္စများအတွက် ပင်ပန်းမှုများ ယှဉ်တွဲနေတတ်သော်လည်း မိမိအတွက် အကျိုး အမြတ်ရရှိမည်။ တစ်ခြားသူတို့၏ အကြောင်းကိစ္စများတွင် ကြားဝင်ဆောင်ရွက်လုပ်ကိုင်ပေးမှုများ ရှောင်ကြဉ်ပါ။ ပါးနပ်စွာကြံစည်ကြိုးပမ်းမှုများသည် အရာရာအတွက်အောင်မြင်မှုများ ဆွတ်ယူနိုင်သည့် ကာလဖြစ်သည်။

ကောင်း သောအခွင့်အလမ်းများအတွက် မှန်ကန်တည်ငြိမ်သော ဆုံးဖြတ်မှု များဖြင့် လိုအပ်ချက်များကို ဖန်တီးရယူပါ။ ခရီး ဝေး သွားရခြင်း၊ နိုင်ငံရပ်ခြားခရီးစဉ် ပေါ်ပေါက်မှုများ တွေ့ကြုံလာမည်။ လူမျိုးခြား၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သည့် လုပ်ငန်းကိစ္စများအတွက် အခွင့်အရေးကောင်းတစ်ခု ရရှိလာမည်။ ငွေကြေးပိုင်း အကျိုးရှိအဆင်ပြေ၍ မထင် မှတ်ဘဲ ငွေကြေးအများအပြား ရရှိနိုင်သည်။

လက်လွန်နေတဲ့ငွေကြေးတွေ၊ ကြန့်ကြာနေတဲ့ လုပ်အားခတွေရလာ တတ်ပါတယ်။ ပညာသင်ယူနေသူများ စိတ်ပင်ပန်းရသော်လည်း အောင်မြင်မှု ရယူဖန်တီးနိုင်မည်။ အိမ်ထောင်ရှင် များ ငြိမ်းချမ်းသော မိသားစုဘဝရရှိမည်။ ချစ်သူများ မကြာမကြာ စိတ်ဆိုး၊ စိတ်ကောက်နေလိမ့်မည်။ ဒါပေမယ့် ပြန်ချော့လို့ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးအတွက် အထူးအညံ့အဆိုးမရှိပါ။ ဒူးနာ၊ခါးနာဆိုတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ကိုယ်လက်ညောင်းညာကိုက်ခဲနေတတ်သည်။

အကျိုးပေးဂဏန်း ၃/၈/ဝ

အထူးဟော ကံအညံ့အဆိုးတွေ သိပ်မတွေ့ရပါ။

ယတြာ ဆေးလိပ်သောက်တတ်သူတစ်ဦးကို မီးခြစ်တစ်လုံးလက်ဆောင်ပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 /09 44 5555 695