ဘောစိတွေကို အပိုင်းချုပ်နည်း သင်တန်း ဖွှင့်လှစ် သင်ကြားပေးနေတဲ့ သူဌေးပေါင်း ၅၀၀ ကျော်နဲ့ ဇာတ်လမ်း ရှိခဲ့တဲ့ အမျိုးသမီး
ငွေကြေး ချမ်းသာကြွယ်ဝတဲ့ သူဌေးပေါင်းငါးရာ ဝန်းကျင် လောက်နဲ့ ဇာတ်လမ်း ရှိခဲ့ဖူးသူလို့.. နာမ ည် ကျော်နေတဲ့ Madam Rayaဆိုသူဟာ အွန်လိုင်းပေါ်ကနေ မိန်းကလေးများ အတွက် အထူးသင်တန်း တစ်ရပ်ကို ပို့ချပေးလျက် ရှိပါတယ်။
ဒီသင်တန်းကနေ သင်တန်း သူများအတွက် ဘောစိတွေကို ဘယ်လိုမျိုးအပိုင်ချုပ်ရမလဲဆိုတဲ့ နည်းလမ်း ကောင်းတွေကိုMadam Rayaကနေသူရဲ့ကိုယ်တွေ့များနဲ့အတူစနစ်တကျ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ Madam Rayaဟာနိုင်ငံတကာကလူတွေနဲ့ဆက်ဆံခွင့်ရခဲ့ရာကနေ
သူမရဲ့ သွေးဆောင်ဖျားယောင်းမှု အတတ်ပညာတွေကိုတဖြည်းဖြည်းကျွမ်းကျင်လာခဲ့တာပဲ ဖြ စ်ပါတယ်။
အခုဆို Madam Raya ဟာဒီပညာရပ်တွေကို ပြန်လည် မျှဝေပေးဖို့အတွက် အွန်လိုင်းပေါ်ကနေပါ သင်တန်းတစ်ခုကို ဖွင့်လှစ်ပေးထားပါသေးတယ်။
တစ်ရာ ရာခိုင်နှုန်း အပြည့်ဝအာမခံ ပေးထားတဲ့Madam Raya ရဲ့ သင်တန်းကိုသူမရဲ့ Facebook Pageမှာဖွင့်လှစ် ပေးထားတာဖြစ်ပြီး အခပေးသင်တန်း တစ်ခုဖြစ်ပါတယ် ဘတ် ၁၄၀၀၀ လောက်ကျသင့်မယ့် VIP သင်တန်းဟာတော့ အရမ်းချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို
လှည့်စားဖျားယောင်း တတ်ဖို့ ပညာကုန် သင်ပေးမှာ ဖြစ်ပါတယ်။ အဲ့အပြင်Madam ကိုယ်တိုင် အဆိုပါ သင်တန်းသူ အတွက် ဘောစိကြီး တစ်ယောက်ကိုပါ ရှာဖွေပေး သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် MadamကVIP သင်တန်းတက်သူတွေကို အိန္ဒိယ ဥရောပ နွယ်ဝင်သို့မဟုတ် အရှေ့ အလယ်ပိုင်းက
သူဌေး တစ်ဦးနဲ့ ချိတ်ဆ က်ပေး သွားမှာ ဖြစ်တာကြောင့် အရမ်းချမ်းသာလွန်းသူနဲ့ တွဲခုတ်ခွင့် ရမှာဖြစ်ပါတယ်။
Madam Raya ရဲ့ VIP သင်တန်းက မက်လောက် စရာအ ထူးအခွင့် အရေးတွေပါဝင်နေခဲ့ ပေမယ့် အမျိုး သမီး တော်တော် များများက Madamသတ်မှတ် ထားတဲ့ သင်တန်း ကြေးကြောင့်
မတတ်ရောက်နိုင်ကြပဲ ဘတ် ၆၃၀၀ ရှိတဲ့ သာမာန် သင်တန်းကိုသာ တတ်ရောက် နိုင်ကြတာပဲ ဖြစ်ပါတယ်။အဲ့ဒီ သင်တန်း မှာတော့Madamဟာ သူရဲ့ နည်းစနစ် များကိုပဲ သင်ကြား ပြသပေးတာ ဖြစ်ပြီး ဘောစိ များနဲ့ ချိတ်ဆက် ပေးခြင်း မရှိပါဘူး။ Madamဟာ သူရဲ့ သင်တန်းကို လာရောက် အပ်နှံသူတိုင်း
လက်ခံ တာမျိုး မဟုတ်ပဲ အရမ်းချမ်းသာ ချင်သူ ဘောစိတွေ ဆီကနေချူစားဖို့ စိတ်အားထက် သ န်သူများကိုသာ သင်တန်း လက်ခံတာ ပဲဖြစ်ပါတ ယ်။ လတ်တလောမှာတော့ Madam ရဲ့သင်တန်းဟာ အတော်လေးကို အောင်မြင် နေတဲ့ အခြေ အ နေကို ရောက်ရှိ နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ယခုအချိန်မှာတော့ သူမဟာ သူထောင်ထား Facebook Page ကို ဖျက်သိမ်း သွားပြီဖြစ်ပါတ ယ်။
Crd
Zawgyi
Crd