အင်္ဂလန်နိုင်ငံတွင်နေထိုင်သော အသက်၄၂နှစ်အရွယ် Emma Sheppardဆိုသည့်အမျိုးသမီးသည် သားသမီးနှစ်ဦးရှိပြီး ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်သက်၁၈နှစ်အထိရှိလာခဲ့ချိန်မှ အဆင်မပြေမှုတွေဖြစ်လာခဲ့ပါတယ်။
လင်မယားနှစ်ယောက်ဆက်ဆံရေးဆိုးရွားလာသောအခါ ကွာရှင်းပြတ်စဲဖို့အထိ ဖြစ်လာခဲ့ပါတယ်။ထို့နောက်ကွာရှင်းပြီး၂နှစ်အကြာတွင် အမျိုးသမီးဟာ သူမကိုယ်သူမ ပြောင်းလဲသင့်ပြီးတွေးတောကာ တစ်ပတ်လျှင်၅ကြိမ်အထိကို Gymဆော့ကစားခဲ့ပါတယ်။
ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်စေမည့်အစားအစာများကိုသာ စားသုံးခဲ့ပြီး.. ဆေးပေါ့လိပ်သောက်ခြင်းကို လုံးဝရှောင်ကျဥ်ခဲ့ပါတယ်။ထိုအခါမှ အမျိုးသမီးဟာ အသက်၂၀ ကျော်အရွယ် ကောင်မလေးတစ်ယောက်လို အလှမျိုးကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Zawgyi
ခင်ပွန်းနှင့်ကွာရှင်းပြီးနောက်တွင် သဘာဝနည်းအတိုင်း ချောမောလှပသွားအောင်ကြိုးစားခဲ့ရာမှ ဆယ်ကျော်သက်လေးလို လှပလာခဲ့သည့် အသက်၄၂နှစ်အရွယ်အမျိုးသမီး
Shoon (Cele Daily)