ၾကားသိရသမွ်

၈၈ ကထက် ပိုဆင်းရဲသွားနိုင်မယ့် မြန်မာပြည် စီးပွားရေးအခြေအနေ

၈၈ ကထက် ပိုဆင်းရဲသွားနိုင်မယ့် မြန်မာပြည် စီးပွားရေးအခြေအနေ

ရေ ရဲ့ဖိအား ဆိုတာ အောက်ရောက်လေ ဖိအားကြီးလေ ပိုမြုပ်လေပဲ။ စုံးစုံးမြုပ်တယ် ဆိုတာ အဲ့ဒါကိုခေါ်တာပေါ့။ စီးပွားရေးဟာလည်း ဆင်းရဲလေ အောက်ရောက်လေ ပြန်တက်ရခက်လေပါပဲ။ အာဖရိကဆို တတိုက်လုံး ရာစုနှစ်ချီ နလံမထူဘူး။

လက်ရှိ နိုင်ငံရဲ့ ငွေကြေး မတည်ငြိမ်ဘူး၊ ဒေါ်လာ၊ ရွှေ ထိုးတက်တယ်၊ မီးမရဘူး၊ ကုန်ထုတ်လုပ်မှု ကျတယ်၊ နိုင်ငံရေးမတည်ငြိမ်ဘူး၊ အားလုံးအကြောင်းစုံတော့ တိုင်းပြည်ဟာ ကုန်းဆင်းမှာလှိမ့်နေတာ အတော်အရှိန်ရလာပြီ။ ဒီလိုအခြေအနေကို reverse လုပ်နိုင်တဲ့ခေါင်းဆောင် အတော်ရှားတယ်။

နိုင်ငံ တနိုင်ငံရဲ့ depression တွေ ပြန်တည့်ဖို့ ဆယ်စုနှစ် ချီပါတယ်။ ရှေ့ကိုမျှော်ကြည့်ရင် ဒီလိုမီးပျက်ပုံမျိုးနဲ့ နွေ နဲ့မိုးမှာ အရာရာ ဈေးတက်မှာပဲ၊ မီးမလာ၊ စက်ဆီနဲ့ထုတ်ရ၊ စက်ဆီဈေးတက်၊ ထုတ်ကုန်ပါလိုက်တက်.. ပြည်သူကတော့ မလိုအပ်တဲ့ နိုင်ငံခြားပစ္စည်းတွေ ကြိုးစား လျော့သုံးပေါ့။ လျော့မသုံးရင် တနိုင်ငံလုံး ၁၉၈၈ အရင်ထက်ပို ဆင်းရဲသွားနိုင်တယ်၊ စီးပွါးရေးအပြင် စစ်ပါတွဲတော့ အဆင်းနှုန်းက အရမ်းမြန်နေတယ်။

၁၉၈၈ က ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ မြန်မာ၊ ၂၀၂၂ ကမ္ဘာ့စီးပွားရေး အခြေအနေ နဲ့ မြန်မာ မျှခြေ ယှဉ်တွက်ရင် အခု အခြေအနေဟာ နောက်အတော်ဆုတ်သွားတာ တွေ့နိုင်ပါတယ်။ ကိုယ်ဖေါ့ထားနိုင်ဖို့ မလိုတာတွေ ချွတ်ပစ်ပါ၊ မချွတ်ရင် နစ်မှာပဲ.. အပြောင်းအလဲကို လုပ်ရဲမှ၊ ရှေ့မှာက ချောက်.. ကျော်စွာမင်း (ပုဂံ)

၈၈ ကထက္ ပိုဆင္းရဲသြားနိုင္မယ့္ ျမန္မာျပည္ စီးပြားေရးအေျခအေန

ေရ ရဲ့ဖိအား ဆိုတာ ေအာက္ေရာက္ေလ ဖိအားႀကီးေလ ပိုျမဳပ္ေလပဲ။ စုံးစုံးျမဳပ္တယ္ ဆိုတာ အဲ့ဒါကိုေခၚတာေပါ့။ စီးပြားေရးဟာလည္း ဆင္းရဲေလ ေအာက္ေရာက္ေလ ျပန္တက္ရခက္ေလပါပဲ။ အာဖရိကဆို တတိုက္လုံး ရာစုႏွစ္ခ်ီ နလံမထူဘူး။

လက္ရွိ နိုင္ငံရဲ့ ေငြေၾကး မတည္ၿငိမ္ဘူး၊ ေဒၚလာ၊ ေရႊ ထိုးတက္တယ္၊ မီးမရဘူး၊ ကုန္ထုတ္လုပ္မႈ က်တယ္၊ နိုင္ငံေရးမတည္ၿငိမ္ဘူး၊ အားလုံးအေၾကာင္းစုံေတာ့ တိုင္းျပည္ဟာ ကုန္းဆင္းမွာလွိမ့္ေနတာ အေတာ္အရွိန္ရလာၿပီ။ ဒီလိုအေျခအေနကို reverse လုပ္နိုင္တဲ့ေခါင္းေဆာင္ အေတာ္ရွားတယ္။

နိုင္ငံ တနိုင္ငံရဲ့ depression ေတြ ျပန္တည့္ဖို႔ ဆယ္စုႏွစ္ ခ်ီပါတယ္။ ေရွ႕ကိုေမၽွာ္ၾကည့္ရင္ ဒီလိုမီးပ်က္ပုံမ်ိဳးနဲ႔ ေႏြ နဲ႔မိုးမွာ အရာရာ ေဈးတက္မွာပဲ၊ မီးမလာ၊ စက္ဆီနဲ႔ထုတ္ရ၊ စက္ဆီေဈးတက္၊ ထုတ္ကုန္ပါလိုက္တက္.. ျပည္သူကေတာ့ မလိုအပ္တဲ့ နိုင္ငံျခားပစၥည္းေတြ ႀကိဳးစား ေလ်ာ့သုံးေပါ့။ ေလ်ာ့မသုံးရင္ တနိုင္ငံလုံး ၁၉၈၈ အရင္ထက္ပို ဆင္းရဲသြားနိုင္တယ္၊ စီးပြါးေရးအျပင္ စစ္ပါတြဲေတာ့ အဆင္းႏႈန္းက အရမ္းျမန္ေနတယ္။

၁၉၈၈ က ကမၻာ့စီးပြားေရးအေျခအေနနဲ႔ ျမန္မာ၊ ၂၀၂၂ ကမၻာ့စီးပြားေရး အေျခအေန နဲ႔ ျမန္မာ မၽွေၿခ ယွဥ္တြက္ရင္ အခု အေျခအေနဟာ ေနာက္အေတာ္ဆုတ္သြားတာ ေတြ႕နိုင္ပါတယ္။ ကိုယ္ေဖါ့ထားနိုင္ဖို႔ မလိုတာေတြ ခၽြတ္ပစ္ပါ၊ မခၽြတ္ရင္ နစ္မွာပဲ.. အေျပာင္းအလဲကို လုပ္ရဲမွ၊ ေရွ႕မွာက ေခ်ာက္.. ေက်ာ္စြာမင္း (ပုဂံ)