ၾကားသိရသမွ်

ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲက အိုင်ဒီယာဆန်းတဲ့စာအုပ်စက်ဘီးလေး

ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲက အိုင်ဒီယာဆန်းတဲ့ စာအုပ်စက်ဘီးလေး

ရန်ကုန်မြို့ လှဉ်းတန်း ဦးထွန်းလင်းခြံလမ်းဆိုတာ လူသွားလူလာ များပြား ရှုပ်ထွေးတဲ့ လမ်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် သင်တန်းတက်ကြသူများ၊ အလုပ်ကိစ္စ

သွားလာလှုပ်ရှားကြသူများနဲ့ အမြဲလိုလို စည်ကားတတ်တဲ့ နေရာ တခု ဖြစ်ပါတယ်။

အဆိုပါ ဦးထွန်းလင်းခြံလမ်းထဲမှာ စာအုပ်ဆိုင်ကြီးတွေ အများအပြား ရှိကြပါတယ်။ အဲဒီ စာအုပ်ဆိုင်ကြီးတွေ ကြားထဲမှာ အိုင်ဒီယာဆန်းဆန်းလေးနဲ့ ထွက်ပေါ်လာ

တဲ့ ဆိုင်လေးကတော့ စာအုပ် စက်ဘီးလေးပဲ ဖြစ်ပါတယ်။

စက်ဘီးပေါ်မှာ စာအုပ်အပြည့်ထည့်ထားတဲ့ ခြင်းတောင်း တင်ထားပြီး လူငယ်လေးတွေက ရောင်းချပေးနေတာ ဖြစ်ပါတယ်။ စာအုပ်များကိုလည်း မြည်းစမ်း ဖတ်ရှု

နိုင်ပြီး လိုချင်တဲ့ စာအုပ်တွေကိုလည်း မှာယူလို့ ရတယ်လို့ သိရပါတယ်။ အွန်လိုင်းကနေလည်း မှာယူနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့ခေတ်မှာ အွန်လိုင်းကနေ စာအုပ်တွေ ဖတ်ရှုနိုင်ပြီ ဆိုပေမယ့်လည်း လက်ထဲမှာ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာကို ပိုကြိုက်တဲ့ စာဖတ်ဝါသနာအိုး အများ

အပြား ရှိနေပါသေးတယ်။ အခုလို ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ အဖိုးနည်း ဝန်ပါဆိုသလို ပြုလုပ်ထားတဲ့ စာအုပ်စက်ဘီးလေးကို စာပေဝါသနာရှင်တွေ ကြိုက်နှစ်သက်မှာ

အသေချာပါပဲ။

အဲဒါကြောင့် ဦးထွန်းလင်းခြံလမ်းထဲမှာ ညနေ ၅ နာရီခွဲအထိ ရှိတဲ့ စာအုပ်စက်ဘီးလေးဆီမှာ ကမ္ဘာကြီးရဲ့ ပြတင်းပေါက်နဲ့ တူတဲ့ စာအုပ်စာပေတွေကို မြည်းစမ်းကြည့်

လို့ ရပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ဗျာ။

ရန္ကုန္ လွည္းတန္း ဦးထြန္းလင္းၿခံလမ္းထဲက အိုင္ဒီယာဆန္းတဲ့ စာအုပ္စက္ဘီးေလး

ရန္ကုန္ၿမိဳ႕ လွဥ္းတန္း ဦးထြန္းလင္းၿခံလမ္းဆိုတာ လူသြားလူလာ မ်ားျပား ရႈပ္ေထြးတဲ့ လမ္းတခု ျဖစ္ပါတယ္။ အထူးသျဖင့္ သင္တန္းတက္ၾကသူမ်ား၊

အလုပ္ကိစၥ သြားလာလႈပ္ရွားၾကသူမ်ားနဲ႔ အျမဲလိုလို စည္ကားတတ္တဲ့ ေနရာ တခု ျဖစ္ပါတယ္။

အဆိုပါ ဦးထြန္းလင္းၿခံလမ္းထဲမွာ စာအုပ္ဆိုင္ႀကီးေတြ အမ်ားအျပား ရွိၾကပါတယ္။ အဲဒီ စာအုပ္ဆိုင္ႀကီးေတြ ၾကားထဲမွာ အိုင္ဒီယာဆန္းဆန္းေလးနဲ႔

ထြက္ေပၚလာတဲ့ ဆိုင္ေလးကေတာ့ စာအုပ္ စက္ဘီးေလးပဲ ျဖစ္ပါတယ္။

စက္ဘီးေပၚမွာ စာအုပ္အျပည့္ထည့္ထားတဲ့ ျခင္းေတာင္း တင္ထားၿပီး လူငယ္ေလးေတြက ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။ စာအုပ္မ်ားကိုလည္း ျမည္းစ

မ္း ဖတ္ရႈနိုင္ၿပီး လိုခ်င္တဲ့ စာအုပ္ေတြကိုလည္း မွာယူလို႔ ရတယ္လို႔ သိရပါတယ္။ အြန္လိုင္းကေနလည္း မွာယူနိုင္တယ္လို႔ သိရပါတယ္။

ဒီေန႔ေခတ္မွာ အြန္လိုင္းကေန စာအုပ္ေတြ ဖတ္ရႈနိုင္ၿပီ ဆိုေပမယ့္လည္း လက္ထဲမွာ စာအုပ္ကိုင္ၿပီး ဖတ္ရတဲ့ အရသာကို ပိုႀကိဳက္တဲ့ စာဖတ္ဝါသနာအိုး အမ်ားအျပား

ရွိေနပါေသးတယ္။ အခုလို ဆန္းသစ္တဲ့ အိုင္ဒီယာနဲ႔ အဖိုးနည္း ဝန္ပါဆိုသလို ျပဳလုပ္ထားတဲ့ စာအုပ္စက္ဘီးေလးကို စာေပဝါသနာရွင္ေတြ ႀကိဳက္ႏွစ္သက္မွာ အေ

သခ်ာပါပဲ။

အဲဒါေၾကာင့္ ဦးထြန္းလင္းၿခံလမ္းထဲမွာ ညေန ၅ နာရီခြဲအထိ ရွိတဲ့ စာအုပ္စက္ဘီးေလးဆီမွာ ကမၻာႀကီးရဲ့ ျပတင္းေပါက္နဲ႔ တူတဲ့ စာအုပ္စာေပေတြ

ကို ျမည္းစမ္းၾကည့္လို႔ ရပါေၾကာင္း တိုက္တြန္းလိုက္ရပါတယ္ဗ်ာ။